You are here
Home > အနုပညာ > .အစာအိမ်ရောင်ပြီး ၈ပေါင်လောက်ဝိတ်ကျသွားတယ် ဆိုတဲ့ ဝေဠုကျော်

.အစာအိမ်ရောင်ပြီး ၈ပေါင်လောက်ဝိတ်ကျသွားတယ် ဆိုတဲ့ ဝေဠုကျော်

ပရဟိတမင်းသားလေးဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဝေဠုကျော်ဟာ ပရဟိတလုပ်ငန်းတွေကို နယ်လှည့်လုပ်ဆော င်နေရင်းပြည်သူ့အကျိုးပြု ပရဟိတမင်းသားအဖြစ်နဲ့ အားလုံးက ချစ်ခင်လေးစားလာကြတာလဲဖြစ်ပါတယ်။ သူဟာ မကြာသေခင်ရက်သတ္တပတ်က အစာအိမ်နာတဲ့ ဝေဒနာကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရပြီး ယခုချိန်ထိလဲ အစားရှောင်နေရဆဲ ဖြစ်တယ်လို့ သူက ပြောပြခဲ့ပါတယ်။ အဲ့ဒီဝေဒနာကြောင့်လဲ သူဝိတ်တွေအရမ်းကျသွား ခဲ့တယ်လို့လဲ ဝေဠုကျော်က ပြောကြားခဲ့ပါတယ်။

သူပြောခဲ့တာကတော့ “ အစာအိမ်ရောင်တာပါ။ ကျွန်တော်သွားလိုက်တဲ့ ခရီးမှာ အမြဲတမ်းရေစိုနေတာတစ်ခုရယ် အစားအသောက်မမှန်တာလေးတစ်ခုရယ်ပေါ့ ဖြစ်သလိုလေးစားလိုက်ရတာက အရင်တုန်းကလဲဒီလိုဘဲ စားတာပါဘဲ ဒီနှစ်က အန်လဲ အန်တယ်အဲ့ဒီနောက်ပိုင်းမပြန်ဘဲ တစ်လလောက်ပေနေလိုက်တာက အစာအိမ်ယောင်သွား တယ်ပေါ့နော်”

“မှန်ပြောင်းကြည့်ပါတယ် အနာ၊ကင်ဆာ၊ အကျိတ်တခုမှ မရှိပါဘူး အစာအိမ်တော်တော်လေးရောင်နေပြီ။ဗိုင်းရပ် စစ်တယ် ၊ ဗိုင်းရပ်ရှိတယ်ဆိုလို့ ဆေးသောက်နေရတယ်။ အစာတော့ပျော့ပျော့ဘဲစားနေရတယ်။ အရမ်းစိုးရိမ်၇တဲ့ အဆင့်တော့ မဟုတ်ပါဘူး အစာကအရမ်းကြီးမစားရသေးတော့ ၈ပေါင်လောက်ဝိတ်ထက်ကျသွားတယ်။ အစထဲကအစားရှောင် နေပါတယ်ဆိုမှ ထပ်ကျသွားတယ်ဆိုတော့ ပိုပြီး ပိန်သွားတယ်” လို့လဲ သူကပြောပြခဲ့ပါတယ်။

ဖတ်ရှု့ပေးသူတွေ အားလုံးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။ စိတ်ပူပေးကြတဲ့ ပရိသတ်တွေကို ဝေဠုကျော်ကကျေးဇူးအထူးတင်ရှိပါတယ် လို့လဲ ပြောပြခဲ့ပါတယ်။

Source – momolay tv

Credit to Momolay

Top
//augailou.com/4/3018672