
Zawgyi ဖြင့်ဖတ်ရန်
ဖေဖေအိမ်မှာ အိပ်တဲ့ညတွေ သားတို့ လုံခြုံတယ်လို့ပြောတော့ ပြုံးတယ် ငါ့သားတွေက ငါ့ကို ချစ်သားဘဲတဲ့ သားတို့ ညီကို ၃ ယောက် မေမေ့ကိုစောင့်ရှောက်မယ် ဖေဖေ ပြောနေတဲ့ ငါ့သား အဖေတို့ ဘဝလေးက မြှင့်တင်ရတော့မယ် တချိန်ကျရင် ငါ့သားတွေ အတွက် အဖေ ရဲက ထွက်ပြီး Taxi လေးပဲ မောင်းမယ် ဆို သား ဖေဖေ သားတို့ ဘွဲ့ယူရင်လေ ဖေဖေ့ကို ဘယ်လို အရင်ဆုံး ဆင်ပေးရမလဲလို့တွေးခဲ့တာ ဖေဖေ သင်္ဂြိုလ်မယ့်နေ့ကို တင်သွားပေးပါမယ် ကျနော်က အမေတိုထိန်းရမှာ ဖေဖေနေမကောင်းပဲဆေးတွေသောက်နေရတာ ဆေးတွေတောင် မကုန်သေးတာဗျာ အခုတော့ ဖေဖေရယ်လာတိုင်တဲ့လူတွေက တရားခံကို ဖမ်းပြီး အသတ်ပေးသွားရှာတဲ့အဖေလူတွေကို မျှမျှတတ ပဲလုပ်တဲ့ သားတို့ရဲ့ ရဲသားကြီိး ဖေဖေကောင်းရာသုဂတိလားပါစေသားတို့ ညီကို ၃ ယောက်အမေ့ကိုစောင့်ရှောက်မှာပါ သားဘာမှမပြောနိုင်လို့ ဒါပဲအဖေရာ ကျနော်က အမေတို့ထိန်းရမှာ ဖေဖေ
Unicode ဖြင့်ဖတ်ရန်
ဖုန်းလုယူထွက်ပြေးသူကိုဖမ်းရင်း အသက်ပေးခဲ့ရတဲ့ မီးရထားရဲဝန်ထမ်းအဖေအတွက်သားဖြစ်သူရဲ့ ဝမ်းနည်းဖွယ်ရာ နောက်ဆုံးစကား
လူတိုင်းသေမှာ ကြောက်ကြပါတယ် တစ်ခုတစ်ခုကြောင့်ပဲ ဖြစ်ဖြစ်ရောဂါကြောင့်ပဲ ဖြစ်ဖြစ် အိုမင်းလာလို့ သေချိန်တန်လို့ သေတာပဲ ဖြစ်ဖြစ်..တော်တော်များများကတော့ သေမှာကိုကြောက်ကြတာပါပဲသေခြင်းအမျိုးမျိုးရှိပေမဲ့ အများအတွက် အသက်ကို စွန့်သူတွေ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်ပေးကြရသူတွေကတော့ သူတို့ရဲ့ သေခြင်းဟာ မွန်မြတ်သော သေခြင်းလို့ ဆိုရမှာပါ… သူတို့ရဲ့ ပေးဆပ်စွန့်လွှတ်မှုတွေကြောင့် လူသာ သေပေမဲ့ နာမည်မသေတဲ့ သူတွေ အများကြီးရှိပါတယ် အဲလိုသေသွားတဲ့ သူတွေအတွက် ကျန်ရစ်ခဲ့သူတွေဟာ ဂုဏ်ယူရသလို နှမြောတသစိတ်နဲ့လည်း ဝမ်းနည်းကြေကွဲကြရပါတယ်
ဒီဖြစ်စဉ်လေးကတော့ သူများအတွက်ပေးဆပ်ပြီး တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေစဉ်မှာ ယုတ်မာရက်စက်သူ တစ်စုကြောင့် အသက်ပေးသွားရတဲ့ မီးရထားရဲတစ်ဦးဖြစ်တဲ့ ရဲဒုတပ်ကြပ်အတွက် သားဖြစ်သူရဲ့ ဂုဏ်ယူမှုတွေနဲ့ ဝမ်းနည်းမှုတွေနဲ့ ရေးထားတဲ့ ကြေကွဲစရာစာလေးအကြောင်းပါပဲ မီးရထားရဲ တစ်ဦးဖြစ်တဲ့ ရဲဒုတပ်ကြပ် မျိုးမြင့်လွင် ဟာ ဖုန်းလုသွားတဲ့ သူတွေနောက်ကို လိုက်ဖမ်းရင်း ဓားနဲ့ ထိုးခံခဲ့ရလို့ တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့ရတာပါစက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ဘုရားလမ်းဘူတာကနေ ရန်ကုန်ဘူတာကြီးဆီကို မီးရထားသံလမ်းအတိုင်း လမ်းလျှောက်လာတဲ့ လူငယ် နှစ်ဦးဆီကနေ လက်ကိုင်ဖုန်းကို အမျိုးသားသုံးဦးက လုယူသွားပါတယ် အဲဒီလူတွေကို လိုက်ဖမ်းရာမှာ ၃ ဦးထဲက အောင်သူဆိုတဲ့ လူက ဓားနဲ့ ထိုးခဲ့တာဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးကိုရောက်ချိန်မှာပဲသေဆုံးသွားခဲ့ရတာပါ
ဒီအကြောင်းသိရတဲ့ ပြည်သူတွေကလည်း တာဝန်ကို အသက်ပေးထမ်းဆောင်ခဲ့တဲ့ ရဲဒုတပ်ကြပ် မျိုးမြင့်လွင်အတွက် ဝမ်းနည်းခဲ့ကြရပါတယ်…. ဒါ့အပြင် ကျန်ရစ်သူ ရဲဒုတပ်ကြပ်ရဲ့ သားဖြစ်သူ သူ့အကောင့်မှာ ကွန်းမန့်တွေမှာ ရေးတင်ခဲ့တဲ့ စာတွေကြောင့် ပိုပြီး စိတ်မကောင်းဖြစ်ခဲ့ကြပါတယ် ပရိသတ်ကြီးတို့လည်း ကြေကွဲဝမ်းနည်းဖွယ်ကောင်းတဲ့ ဒီစာလေးတွေကို ဖတ်ပြီး ကျန်ရစ်သူ မိသားစုကို အားပေးစကားပြောလို့ရအောင်လို့ သူရေးခဲ့တဲ့ စာလေးတွေကို စုစည်းပြီး အောက်မှာ မူရင်းအတိုင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် တာဝန်ထမ်းဆောင်ရင် အသက်မနှမျောပဲအများတွက်စိတ်ရင်းစေတနာအပြည့်အဝနဲ့ ကူညီပေးခဲ့သော ဖေဖေတွက်သားဂုဏ်ယူမိပါတယ် သားတို့ကိုမရိုက်ဖူးတဲ့အဖေကိုမှလုပ်သွားကြတယ်လို့ဗျာ
သွေးဆိုကြောက်တတ်တယ်ဖေဖေရယ် ယူနီဖောင်းနဲ့ကြတော့သွေးမကြောက်တော့ဘူးပေါ့လေ သားတို့တွေကိုချက်ချင်းကြီးထားသွားရက်တယ်ဗျာ..ဖေဖေကိုသားတို့တာဝန်မကျေမိခဲ့ရင်ခွင့်လွှတ်ပေးပါလို့ သားတို့ညီကိုတွေကန်တော့လိုက်ပါတယ်….ဖေဖေကွယ်လွန်သွားတာမယုံနိုင်သော် အသိမိတ်ဆွေများအားလုံးလည်း သတင်းအမှန်ပါ ရဲဆိုတာ ပြည်သူတွက်အသက်ပါပေးခဲ့တယ်ဆိုတာ ကျတော်ဖေဖေသက်သေပြလျက်ပါ
မနေ့ကဖေဖေဘဝတစ်ခြားကူးပြောင်းသွားပါသည် သားတို့ကိုစိတ်ချလို့ထွက်သွားရတာလား ဖေဖေရယ် သားတို့မှာဖေဖေမရှိတော့ဘူးဗျာ
ဖေဖေအိမ်မှာ အိပ်တဲ့ညတွေ သားတို့ လုံခြုံတယ်လို့ပြောတော့ ပြုံးတယ် ငါ့သားတွေက ငါ့ကို ချစ်သားဘဲတဲ့ သားတို့ ညီကို ၃ ယောက် မေမေ့ကိုစောင့်ရှောက်မယ် ဖေဖေ ပြောနေတဲ့ ငါ့သား အဖေတို့ ဘဝလေးက မြှင့်တင်ရတော့မယ် တချိန်ကျရင် ငါ့သားတွေ အတွက် အဖေ ရဲက ထွက်ပြီး Taxi လေးပဲ မောင်းမယ် ဆို သား ဖေဖေ သားတို့ ဘွဲ့ယူရင်လေ ဖေဖေ့ကို ဘယ်လို အရင်ဆုံး ဆင်ပေးရမလဲလို့တွေးခဲ့တာ ဖေဖေ သြင်္ဂိုလ်မယ့်နေ့ကို တင်သွားပေးပါမယ် ကျနော်က အမေတိုထိန်းရမှာ ဖေဖေနေမကောင်းပဲဆေးတွေသောက်နေရတာ ဆေးတွေတောင် မကုန်သေးတာဗျာ အခုတော့ ဖေဖေရယ်လာတိုင်တဲ့လူတွေက တရားခံကို ဖမ်းပြီး အသတ်ပေးသွားရှာတဲ့အဖေလူတွေကို မျှမျှတတ ပဲလုပ်တဲ့ သားတို့ရဲ့ ရဲသားကြီး ဖေဖေကောင်းရာသုဂတိလားပါစေသားတို့ ညီကို ၃ ယောက်အမေ့ကိုစောင့်ရှောက်မှာပါ သားဘာမှမပြောနိုင်လို့ ဒါပဲအဖေရာ ကျနော်က အမေတို့ထိန်းရမှာ ဖေဖေ
သားအားတင်းထားတယ် မေမေ့ကို လုပ်ကျွေးရအုံးမယ် ဖေဖေလဲ Pizza တွေ ဝယ်လာရင် သူစားတယ် ဒါမယ့် သားနောက်ဝယ်လာပါအုံးလို့မပြောခဲ့ဘူး မြေအိုးမြှီးရှည်ကြိုက်တဲ့ဖေဖေ သားမွေးနေ့က စားလိုက်ရတယ် သားတတ်နိုင်တာလေးပေါ့ဖေဖေရာဒီစာလေးကတော့ ကျန်ရစ်တဲ့ သားဖြစ်သူက ရေးထားတာပဲ ဖြစ်ပါတယ်သေဆုံးသွားတဲ့ ရဲဒုတပ်ကြပ်မှာ ဇနီးနဲ့ သားသမီး ၃ ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ် ညီလေးရေ ဝမ်းနည်းပေမဲ့ ညီလေးအဖေအတွက် အကိုတို့ ပြည်သူတွေလည်း ဂုဏ်ယူနေရပါတယ် ညီလေး အဖေဟာ ပြည်သူအပေါ် တာဝန်ကျေခဲ့ပါတယ် ရှေ့ဆက်အားတင်းရင်း ညီလေးဆန္ဒအတိုင်း မိသားစုကို စောင့်ရှောက်နိုင်ပါစေနော်
Credit-Search Myanmar