မတရားမှုတွေကို အခမဲ့ အမှုလိုက်ပေးတဲ့ အခမဲ့အမှုလိုက်ကြီး ဦးမာဃ(ခေါ်) ဦးမြတ်ကျော်

မတရားမှုတွေကို အခမဲ့ အမှုလိုက်ပေးပြီး သူရဲကောင်းသဖွယ် စေတနာနဲ့ သူချင်းစာနာမှုကို လက်ကိုင်ထားပြီး လူအများအတွက် အတတ်နိုင်ဆုံး ကောင်းကျိုးဆောင်ရွက်ပြီး မတရားမှုတွေကို ဖော်ထုတ်ဖို့ စိတ်ရင်းစစ်မှန်စွာနဲ့ ကြိုးစားနေသူကတော့ အခမဲ့အမှုလိုက်ကြီး ဦးမာဃ(ခေါ်) ဦးမြတ်ကျော် ပါ ApannPyay ချစ်ပရိသတ်ကြီးတို့ရေ။

သူဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ နေ့က လေဖြန်းသွားခဲ့ပြီး အနည်းငယ်သက်သာသွားချိန်မှာတောင် အခမဲ့ အမှုပြန်လိုက်ပေးခဲ့သေးကြောင်း ဦးမာဃရဲ့ ဖော်ပြချက်အရ သိရှိခဲ့ရပါတယ်။

မြန်မာပြည်မှာ မတရား အစွပ်စွဲ ခံရတဲ့..တရားခံတွေ မတရား အချုပ်အနှောင်..ခံရသူတွေ အရမ်းပေါများလှတာကို မခံချိမခံသာ နဲ့ မချင့်မရဲဖြစ်ရတဲ့ ဦးမာဃဟာ ကလောကိုအပြန်မှာ လေပြန်ဖြတ်သွားခဲ့ပြီး ဦးနှောက်ဘယ်ဘက်ခြမ်းသွေးပြန်ခဲသွားခဲ့တယ်လို့ ဖော်ပြချက်အရ သိရှိခဲ့ရပါတယ်။

သူဟာ အခုချိန်မှာ ဆရာဝန်ရဲ့ အပြင်းအထန်သတိပေး ညွှန်ကြားချက်အရ အခမဲ့အမှုလိုက်ဘဝကို ခေတ္တအနားယူနေရတယ်လို့ သိရှိရပြီး သူနေပြန်ကောင်းတာနဲ့ အခမဲ့အမှုလိုက်ဘဝကို ပြန်ယူမယ့်အကြောင်း ပြောဆိုခဲ့တာကို သိရှိခဲ့ရပါတယ်။

သူ့မှာ ဆီးချိုရောဂါဖြစ်ပွားနေတာကို လွန်ခဲ့တဲ့၂ လကတည်းက သိရှိခဲ့ရကြောင်း။

ဆေးတွေသောက်ပြီး အစားတွေ လျော့စားနေရကြောင်း။ သူများစားတာတွေကြည့်ပြီး စားချင်စိတ်တွေ တဖွားဖွားပေါ်နေရပြီး အရှင်လတ်လတ် ပြိတ္တာဘဝ ရောက်နေရကြောင်း။

ကိုယ်ချင်းစာတာ စေတနာထားတာ နေရာတိုင်း ကောင်းလို့လားလို့ သူ့အဖြစ်အပျက်နဲ့ နှိုင်းယှဉ်ပြီး စဉ်းစားတွေးခေါ်နေမိကြောင်း သူ့ရဲ့ ဖော်ပြချက်အရ သိရှိခဲ့ရပါတယ်။

အားလုံးကို ဂါရဝထားရင်း အားလုံးကို အစဉ်လေးစားလျက်ရှိနေသူ အခမဲ့ အမှုလိုက်ကြီး ဦးမြတ်ကျော်(ဦးမာဃ) ကို ဆက်သွယ်လိုပါက ၀၉၂၆၃၉၀၀၀၉၁ ဖုန်းနံပါတ်ကို မနက်(၉) နာရီ မှ ည(၈)အတွင်း ဖုန်းဆက်နိုင်ကြောင်း သိရှိခဲ့ရပါတယ်။

လက်ရှိမှာတော့ ကျနော့်ကျန်းမာရေးကြောင့် အမှုလိုက်ကိစ္စ ခဏနားထားကြောင်းလည်း တဆက်တည်းသိရှိခဲ့ရပါတယ်။

EFIL-APANNPYAY