You are here
Home > အနုပညာ > ရုတ္တရက္ ရင္ဘတ္ေအာင့္ကာအသက္ရွဴက်ပ္တာေၾကာင့္ ညတြင္းခ်င္းေဆးရံုတက္လိုက္ရတဲ့ သဇင္ထူးျမင့္

ရုတ္တရက္ ရင္ဘတ္ေအာင့္ကာအသက္ရွဴက်ပ္တာေၾကာင့္ ညတြင္းခ်င္းေဆးရံုတက္လိုက္ရတဲ့ သဇင္ထူးျမင့္

Zawgyi ျဖင့္ဖတ္ရန္

သဇင္ထူးျမင့္ကေတာ့ (၂၀၁၉)ခုႏွစ္ ႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲႀကီးမွာ အကယ္ဒမီေ႐ႊႀကိဳတစ္ဦးအေနနဲ႔လုပ္ကိုင္ၿပီး အႏုပညာေလာကထဲကို စတင္ဝင္ေရာက္လာခဲ့ သူတစ္ေယာက္ပဲျဖစ္ပါတယ္။ ပရိသတ္အားေပးမႈကို ပိုင္ဆိုင္ရရွိထားသူတစ္ေယာက္ျဖစ္တဲ့ ဟာသ သရုပ္ေဆာင္၊ ဇာတ္ပို႕၊ဇာတ္ရံ ခင္လႈိင္ရဲ႕ အနုပညာမ်ိဳးဆက္သစ္ေလးတစ္ေယာက္လည္း ျဖစ္ပါတယ္။ ယခု ေနာက္ပိုင္းမွာေတာ့ သဇင္ထူးျမင့္က အနုပညာအလုပ္ေတြကို ဆက္တိုက္လုပ္ကိုင္ေနတာျဖစ္ျပီး ပရိသတ္အားေပး၀န္းရံမႈကို အခိုင္အမာရရွိထားတာသူတစ္ေယာက္ပါ။

သဇင္ထူးျမင့္ကေတာ့ ပညာေရးတစ္ဖက္နဲ႕အနုပညာအလုပ္ေတြကို တြဲဖက္လုပ္ကိုင္ေနတဲ့ တတိယနွစ္ တကၠသိုလ္ေက်ာင္းသူ အနုပညာရွင္ေလးတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လက္ရွိမွာေတာ့ စာေမးပြဲနီးလာတာေၾကာင့္ ေၾကာ္ျငာေလးေတြကိုသာ ရိုက္ကူးေနတာျဖစ္ျပီး အနုပညာအလုပ္ေတြကို ခဏတာရပ္နားထားတယ္လို႕ ေျပာျပခဲ့ပါတယ္။ စာေမးပြဲျပီးသြားမွသာ ဇာတ္လမ္းတြဲေတြကို စတင္ရိုက္ေတာ့မယ္လို႕လည္း ေျပာျပခဲ့ပါေသးတယ္။ ပညာေရးတစ္ဖက္နဲ႕ အနုပညာအလုပ္ေတြကို လုပ္ကိုင္ေနတဲ့ သဇင္ထူးျမင့္ဟာ စက္တင္ဘာလ(၂၁)ရက္ေန႕က အလုပ္ပင္ပန္းတာေၾကာင့္ ရုတ္တရက္ ရင္ဘတ္ေအာင့္ကာ အသက္ရွဴက်ပ္ျပီး ညတြင္းခ်င္း ေဆးရံုတက္ခဲ့ရပါတယ္။

ေဆးရံုမွာ(၂)နာရီေက်ာ္ေလာက္အထိေဆးသြင္းလိုက္ရတာျဖစ္ျပီး တခါတေလဆိုရင္ အသက္ရွဴက်ပ္ကာ ေမာေနတတ္တယ္လို႕ သဇင္ထူးျမင့္ကေျပာျပခဲ့ပါတယ္။ ဒါ့ေၾကာင့္ မိသားစုတစ္ခုလံုးရဲ႕ အစားအေသာက္ကစ အစစအရာရာကို ေသေသခ်ာခ်ာ ဂရုစိုက္ေပးတာကို ခံေနရတယ္လို႕လည္း ေျပာျပခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေရ ပညာေရးတစ္ဖက္နဲ႕ အနုပညာအလုပ္ေတြကို ႀကိဳးစားျပီး လုပ္ကိုင္ေနသူတစ္ေယာက္ျဖစ္တဲ့ ပရိသတ္အခ်စ္ေတာ္ေလး သဇင္ထူးျမင့္ ျမန္ျမန္ေနေကာင္းေအာင္ ဆုေတာင္းေပးခဲ့ပါဦးေနာ္။

ယူနီကုတ္ျဖင့္ဖတ္ရန္

“ရုတ်တရက် ရင်ဘတ်အောင့်ကာအသက်ရှူကျပ်တာကြောင့် ညတွင်းချင်းဆေးရုံတက်လိုက်ရတဲ့ သဇင်ထူးမြင့်”

သဇင်ထူးမြင့်ကတော့ (၂၀၁၉)ခုနှစ် ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကြီးမှာ အကယ်ဒမီရွှေကြိုတစ်ဦးအနေနဲ့လုပ်ကိုင်ပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်အားပေးမှုကို ပိုင်ဆိုင်ရရှိထားသူတစ်ယောက်ဖြစ်တဲ့ ဟာသ သရုပ်ဆောင်၊ ဇာတ်ပို့၊ဇာတ်ရံ ခင်လှိုင်ရဲ့ အနုပညာမျိုးဆက်သစ်လေးတစ်ယောက်လည်း ဖြစ်ပါတယ်။ ယခု နောက်ပိုင်းမှာတော့ သဇင်ထူးမြင့်က အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပြီး ပရိသတ်အားပေးဝန်းရံမှုကို အခိုင်အမာရရှိထားတာသူတစ်ယောက်ပါ။

သဇင်ထူးမြင့်ကတော့ ပညာရေးတစ်ဖက်နဲ့အနုပညာအလုပ်တွေကို တွဲဖက်လုပ်ကိုင်နေတဲ့ တတိယနှစ် တက္ကသိုလ်ကျောင်းသူ အနုပညာရှင်လေးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိမှာတော့ စာမေးပွဲနီးလာတာကြောင့် ကြော်ငြာလေးတွေကိုသာ ရိုက်ကူးနေတာဖြစ်ပြီး အနုပညာအလုပ်တွေကို ခဏတာရပ်နားထားတယ်လို့ ပြောပြခဲ့ပါတယ်။ စာမေးပွဲပြီးသွားမှသာ ဇာတ်လမ်းတွဲတွေကို စတင်ရိုက်တော့မယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။ ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ သဇင်ထူးမြင့်ဟာ စက်တင်ဘာလ(၂၁)ရက်နေ့က အလုပ်ပင်ပန်းတာကြောင့် ရုတ်တရက် ရင်ဘတ်အောင့်ကာ အသက်ရှူကျပ်ပြီး ညတွင်းချင်း ဆေးရုံတက်ခဲ့ရပါတယ်။

ဆေးရုံမှာ(၂)နာရီကျော်လောက်အထိဆေးသွင်းလိုက်ရတာဖြစ်ပြီး တခါတလေဆိုရင် အသက်ရှူကျပ်ကာ မောနေတတ်တယ်လို့ သဇင်ထူးမြင့်ကပြောပြခဲ့ပါတယ်။ ဒါ့ကြောင့် မိသားစုတစ်ခုလုံးရဲ့ အစားအသောက်ကစ အစစအရာရာကို သေသေချာချာ ဂရုစိုက်ပေးတာကို ခံနေရတယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို ကြိုးစားပြီး လုပ်ကိုင်နေသူတစ်ယောက်ဖြစ်တဲ့ ပရိသတ်အချစ်တော်လေး သဇင်ထူးမြင့် မြန်မြန်နေကောင်းအောင် ဆုတောင်းပေးခဲ့ပါဦးနော်။

Source: Exclusive on CeleGabar
ချစ်သဲမေ – CeleGabar

Top
//doruffleton.com/4/3018672