
Happy – Cele Gabar
(ယူနီကုဒ်ဖြင့်ဖတ်ရန်)
” တလုံးကမီးထွန်းဖို့နဲ့တလုံးကကတ်ဆက်ဖွင့်ဖို့ဆိုပြီး iPhone 11 pro နဲ့ 11 pro max နှစ်လုံးဝယ်လာတဲ့ သင်ဇာဝင့်ကျော် ”
Sexy Actress အဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေပြီဖြစ်တဲ့ သင်ဇာဝင့်ကျော် ကတော့ ခုနောက်ဆုံးထွက်ရှိ ထားတဲ့ iPhone 11 pro နဲ့ 11 pro max နှစ်လုံးကို ဓာတ်ပုံရိုက်ပြီး ခပ်နောက်နောက်စာသားလေးနဲ့ အရွှန်းဖောက်ထားတာပဲဖြစ်ပါ တယ်။ Sexy Actress အဖြစ်နဲ့ စတင်လျှောက်လှမ်းပြီးနောက်မှာ သူမကိုဝေဖန်သူတွေယနေ့ထက်တိုင် အများအပြားရှိနေခဲ့ပြီး သူမအနေနဲ့ကတော့ ကိုယ့်အလုပ်ကိုပဲ အကောင်းမွန်ဆုံးလုပ်ကိုင်နေခဲ့တာပဲဖြစ်ပါတယ်။
သူမရဲ့ပွဲတက်ဝတ်စုံတိုင်းဟာ ပရိသတ်တွေကြားမှာရေပန်းစားခဲ့ပြီး အားလုံးကိုဆွဲဆောင်နိုင်ခဲ့တဲ့ သူမရဲ့ဖက်ရှင်တိုင်းဟာလည်း အမြဲတမ်းအသစ်အဆန်းတွေဖြစ်နေခဲ့ပါတယ်။ ကျော့ရှင်းတဲ့ ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်နိုင်ဖို့ Gym ကစားပြီး အပြတ်အသတ် လေ့ကျင့်နေတာပဲဖြစ်ပါတယ်။ ရင်ခုန်ချင်စရာကောင်းတဲ့ ရှိုက်ကြီးဖိုငင်အသွယ်သွယ်ဟာ သူမရဲ့ဆွဲဆောင်မှုတစ်ခုပါပဲ။
ဒီနေ့မှာတော့ သင်ဇာတစ်ယောက် သူမရဲ့ဖုန်းနှစ်လုံးကို ” တလုံးကမီးထွန်းဖို့ တလုံးကကတ်ဆက်ဖွင့်ဖို့ ” ဆိုပြီး ခပ်နောက်နောက် လေး တင်ထားတာပဲဖြစ်ပါတယ်။ ခင်မင်ရသူတွေကလည်း အချင်းချင်းစနောက်ခဲ့ပြီး သင်ဇာကတည်း ပြန်လည်အရွှန်းဖောက်ခဲ့ပါ တယ်။ ဝေဖန်သူတွေရှိနေပေမယ့်လည်း သင်ဇာကတော့ အပြုံးမပျက်ပဲ ကိုယ့်အလုပ်အပေါ်ကို တာဝန်အကျေဆုံးလုပ်ဆောင်နေ တာကတော့ တကယ့်ကိုအတုယူစရာပါ။
Photo – Thinzar Wint Kyaw
Happy – Cele Gabar