You are here
Home > အနုပညာ > ရွှေမင်းသမီးကကျွန်တော့်လို လမ်းသရဲပုံစံလိုလူမျိုးကို ပြန်ချစ်လိမ့်မယ်လို့မထင်မှတ်ထားဘူးဆိုတဲ့ မစ်ကီ


Zawgyi ဖြင့်ဖတ်ရန်




Unicode ဖြင့်ဖတ်ရန်

ရွှေမင်းသမီးကကျွန်တော့်လို လမ်းသရဲပုံစံလိုလူမျိုးကို ပြန်ချစ်လိမ့်မယ်လို့မထင်မှတ်ထားဘူးဆိုတဲ့ မစ်ကီ

မြန်မာစကားကို ရေရေလည်အောင်ပြောတတ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူကတော့ မစ်ကီပါ။ သူဟာ ဂျာမန်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံနဲ့မြန်မာလူမျိုးတွေကို ချစ်တဲ့စိတ်နဲ့ မြန်မာစကားကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာထားသူတစ်ယောက်ပါ။ သူဟာ ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း ပျော်ရွှင်နေသူတစ်ယောက်ပါ။

ချစ်ရသူလေး ဆုဆုဝေနဲ့အတူ ပျော်ရွှင်သာယာကြည်နူးစရာကောင်းတဲ့ အချစ်ခရီးလမ်းကို လျှောက်လှမ်းနေတာပါ။ သူတို့နှစ်ယောက်ဟာ ချစ်သူသက်တမ်း တစ်နှစ်ကျော်ရှိနေပြီပဲဖြစ်ပြီး ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ ဖြတ်သန်းနေကြတာပါ။ သူတို့အတွဲလေးဟာ ခရီးတွေလည်း မကြာခဏထွက်လေ့ရှိပြီး ခရီးသွားပုံရိပ်များကိုလည်း ပရိသတ်များကို ဝေမျှပေးလေ့ရှိတာပါ။

အခုမှာလည်း မစ်ကီရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပုံရိပ်လေးတစ်ခုနဲ့ စာသားတစ်ချို့ရေးသားထားတာပါ။ ဒါကတော့ ” ကျွန်တော်လုံးဝမမျှော်လင့်ထားဘူး ရွှေမင်းသမီးကကျွန်တော်လို လမ်းသရဲးပုံစံလိုလူမျိုးကို ပြန်ချစ်လိမ့်မယ်လို့ When a street cat and a princess fall in love ” ဆိုပြီး ရေးသားထားတာပါ။ သူတို့စုံတွဲလေးကိုတော့ ပရိသတ်များကပါ အားကျနေရတာပါ။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit – Mikis Weber’s Facebook

Top
//thefacux.com/4/3018672