
ယွန်းဝတီလွင်မိုးကတော့ ပရိသတ်တွေချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ သရုပ်ဆောင် မင်းသားကြီး ဦးလွင်မိုးရဲ့ သမီးလေးပဲဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးဟာဆိုရင်လည်း ဖခင်ရဲ့ အနုပညာအမွေကိုရရှိထားပြီး ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကို ခံရတဲ့ ပရိသတ် အသည်းကျော်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးဟာ (၂၀၁၈)ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့မှာ သူမရဲ့ ချစ်သူ ထက်ဦးလှိုင်နဲ့လက်ထပ်ထိမ်းမြားခဲ့ပြီး လက်ရှိမှာဆိုရင် ချစ်စရာကောင်းတဲ့ သားသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။
လတ်တလောမှာတော့ ယွန်းဝတီလွင်မိုးဟာ ခင်ပွန်းဖြစ်သူ နဲ့ အတူ သြစတေးလျနိုင်ငံ၊ မဲဘုန်းမြို့မှာ ပညာဆက်လက်သင်ကြားနေတာဖြစ်ပါတယ်။ နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာ ပညာသင်ကြားနေရတာကြောင့် သားသားလေး လွင်ထက်ကိုတော့ ယွန်းဝတီလွင်မိုးရဲ့ ဖခင်ဖြစ်သူ ဦးလွင်မိုးတို့ ဇနီးမောင်နှံက ပြုစုစောင့်ရှောက် ထားတာပဲဖြစ်ပါတယ်။လွင်ထက်လေးဟာ အခုဆိုရင် (၁)နှစ်ကျော် အရွယ်ကို ရောက်ရှိနေပြီးဖြစ်ပြီး ချစ်စရာကောင်းလှတာကြောင့် ပရိသတ်တွေကလည်း သားသားလေးကို သည်းသည်းလှုပ်ချစ်ခင်နေကြတာကိုလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။
မေမေဖြစ်သူ ယွန်းဝတီလွင်မိုးကတော့ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သားသားလေး ဆီကို ကျောင်းအားတဲ့ရက်တွေမှာ ပြန်လာပြီး အလွမ်းသယ်လေ့ရှိပါတယ်။ လတ်တလောမှာလည်း သားသားလေးကို လွမ်းနေရတဲ့အကြောင်းကို “မေမေ့သဲလေးကိုလွမ်း”ဆိုပြီး သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဖိုးဖိုးနဲ့ သားသားလေး ကမ်းခြေမှာဆော့ကစားနေတဲ့ ဗီဒီယိုဖိုင်လေးနဲ့ဖော်ပြထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ သားသားလေးကို လွမ်းနေတဲ့ မေမေယွန်းဝတီလွင်မိုးအတွက် အားပေးစကားလေးတွေပြောသွားပေးပါဦး။
credit – CeleGabar