You are here
Home > အနုပညာ > “ေမေမနဲ႔အတူ အမွတ္တရျဖစ္ေအာင္သီဆိုထားတဲ့ သီခ်င္းေခြေလးထြက္ေတာ့မယ္ဆိုတဲ့ ရတနာမိုင္”

“ေမေမနဲ႔အတူ အမွတ္တရျဖစ္ေအာင္သီဆိုထားတဲ့ သီခ်င္းေခြေလးထြက္ေတာ့မယ္ဆိုတဲ့ ရတနာမိုင္”

ခ်စ္စရာေကာင္းတဲ့ အျပဳအမူေလးေတြေၾကာင့္ပရိသတ္အားေပးမႈကို အခိုင္အမာရရွိထားသူတစ္ေယာက္ျဖစ္တဲ့ ရတနာမိုင္ကေတာ့ အႏုပညာေလာကမွာ ေအာင္ျမင္ေနတဲ့ အဆိုေတာ္တစ္ေယာက္ပါ။သူမကေတာ့ ေမေမျဖစ္သူ အဆိုေတာ္မိုင္ရဲ႕ အႏုပညာေျခရာကို အမီနင္းႏိုင္တဲ့ အဆိုေတာ္မေလးတစ္ေယာက္ပဲျဖစ္ပါတယ္။ ရတနာမိုင္ကေတာ့ အသံခ်ိဳခ်ိဳေလးနဲ႔ သီခ်င္းေတြကို သီဆိုႏိုင္သူတစ္ေယာက္ျဖစ္ၿပီး ေတးစီအယ္ဘမ္ေတာ္ေတာ္မ်ားမ်ားကို ထြက္ရွိေအာင္ျမင္ထားႏိုင္တဲ့အထိ ပရိသတ္အားေပးမႈကို အခိုင္အမာရရွိထားတဲ့ အဆိုေတာ္တစ္ေယာက္ပဲ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ရတနာမိုင္က သီခ်င္းအသစ္ေလးေတြ ထြက္ဖို႔မရွိေပမယ့္ “အသည္းကြဲေဆး႐ုံ”ဆိုတဲ့ သီခ်င္းေလးကိုေတာ့ MTVေလး႐ိုက္ၿပီး ထြက္ဖို႔ရွိတယ္လို႔ ေျပာျပခဲ့ပါတယ္။ ဒါ့အျပင္ ယခုေခတ္နဲ႔ လိုက္ၿပီးေတာ့ အကေလးေတြနဲ႔သီခ်င္းအျမဴးေလးတစ္ပုဒ္ကိုလည္း MTVေလး႐ိုက္ဖို႔ရွိတယ္လို႔ ေျပာျပခဲ့ပါေသးတယ္။ ( ၉)လပိုင္းကုန္(၁၀)လပိုင္းေလာက္မွာ ဒီသီခ်င္းေလးေတြကို ပရိသတ္ေတြ ခံစားနားဆင္ရေတာ့မွာျဖစ္ၿပီး ရတနာမိုင္ဟာ Shwe FM ရဲ႕ (၁၀)ႏွစ္ျပည့္ ဂီတဆုခ်ီးျမႇင့္ပြဲမွာ Winner ရရွိသူ(၇)ဦးထဲက တစ္ေယာက္အပါအဝင္ျဖစ္ခဲ့တဲ့ ေကာင္းေကာင္းနဲ႔လည္း Tom & Jerry ဆိုတဲ့ စုံတြဲသီခ်င္းေလးကို ထြက္ဖို႔လည္း ျပင္ဆင္ေနတယ္လို႔သိရပါတယ္။

Tom & Jerry ဆိုတဲ့ သီခ်င္ေလးကေတာ့ ခ်စ္သူႏွစ္ဦးရဲ႕ ရန္ျဖစ္လိုက္ျပန္ခ်စ္လိုဆိုတဲ့ အေၾကာင္းအရာေလးကို သီဆိုထားတာျဖစ္ပါတယ္။ ရတနာမိုင္ကေတာ့ ေမေမျဖစ္သူ မိုင္နဲ႔လည္း သီခ်င္းေတြကို အတူတြဲဆိုဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး ေနာက္ႏွစ္ေလာက္မွာေတာ့ မိခင္ရဲ႕ သီခ်င္းေတြကိုပဲ မိခင္နဲ႔အတူတြဲဆိုၿပီး VD အယ္ဘမ္ေလးထြက္မယ္လို႔ ေျပာျပခဲ့ပါတယ္။ ယခုလို မိခင္နဲ႔အတူသီဆိုရျခင္းအေၾကာင္းကို” အေမနဲ႔တြဲဆိုရတဲ့ အတြက္အမွတ္ရစရာေလးေတြျဖစ္တာေပါ့။ ကိုယ့္သားသမီးေတြရလာရင္ျပန္ေျပာျပလို႔ရတယ္”လို႔ ရတနာမိုင္က ရင္ဖြင့္ေျပာျပခဲ့တာျဖစ္ပါတယ္။ ဆယ္လီကမာၻပရိသတ္ႀကီးေရ သားအမိႏွစ္ေယာက္အတူတြဲဆိုမယ့္ သီခ်င္းေလးေတြကို ေစာင့္ေမွ်ာ္ေနၾကၿပီလား…….။

 

Source: Exclusive on CeleGabar
ခ်စ္သဲေမ CeleGabar

ယူနီကုတ္ျဖင့္ဖတ္ရန္

“မေမေနဲ့အတူ အမှတ်တရဖြစ်အောင်သီဆိုထားတဲ့ သီချင်းခွေလေးထွက်တော့မယ်ဆိုတဲ့ ရတနာမိုင်”

ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့်ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ဖြစ်တဲ့ ရတနာမိုင်ကတော့ အနုပညာလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ပါ။သူမကတော့ မေမေဖြစ်သူ အဆိုတော်မိုင်ရဲ့ အနုပညာခြေရာကို အမီနင်းနိုင်တဲ့ အဆိုတော်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ရတနာမိုင်ကတော့ အသံချိုချိုလေးနဲ့ သီချင်းတွေကို သီဆိုနိုင်သူတစ်ယောက်ဖြစ်ပြီး တေးစီအယ်ဘမ်တော်တော်များများကို ထွက်ရှိအောင်မြင်ထားနိုင်တဲ့အထိ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရတနာမိုင်က သီချင်းအသစ်လေးတွေ ထွက်ဖို့မရှိပေမယ့် “အသည်းကွဲဆေးရုံ”ဆိုတဲ့ သီချင်းလေးကိုတော့ MTVလေးရိုက်ပြီး ထွက်ဖို့ရှိတယ်လို့ ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ယခုခေတ်နဲ့ လိုက်ပြီးတော့ အကလေးတွေနဲ့သီချင်းအမြူးလေးတစ်ပုဒ်ကိုလည်း MTVလေးရိုက်ဖို့ရှိတယ်လို့ ပြောပြခဲ့ပါသေးတယ်။ ( ၉)လပိုင်းကုန်(၁၀)လပိုင်းလောက်မှာ ဒီသီချင်းလေးတွေကို ပရိသတ်တွေ ခံစားနားဆင်ရတော့မှာဖြစ်ပြီး ရတနာမိုင်ဟာ Shwe FM ရဲ့ (၁၀)နှစ်ပြည့် ဂီတဆုချီးမြှင့်ပွဲမှာ Winner ရရှိသူ(၇)ဦးထဲက တစ်ယောက်အပါအဝင်ဖြစ်ခဲ့တဲ့ ကောင်းကောင်းနဲ့လည်း Tom & Jerry ဆိုတဲ့ စုံတွဲသီချင်းလေးကို ထွက်ဖို့လည်း ပြင်ဆင်နေတယ်လို့သိရပါတယ်။

Tom & Jerry ဆိုတဲ့ သီချင်လေးကတော့ ချစ်သူနှစ်ဦးရဲ့ ရန်ဖြစ်လိုက်ပြန်ချစ်လိုဆိုတဲ့ အကြောင်းအရာလေးကို သီဆိုထားတာဖြစ်ပါတယ်။ ရတနာမိုင်ကတော့ မေမေဖြစ်သူ မိုင်နဲ့လည်း သီချင်းတွေကို အတူတွဲဆိုဖို့ ပြင်ဆင်နေတာဖြစ်ပြီး နောက်နှစ်လောက်မှာတော့ မိခင်ရဲ့ သီချင်းတွေကိုပဲ မိခင်နဲ့အတူတွဲဆိုပြီး VD အယ်ဘမ်လေးထွက်မယ်လို့ ပြောပြခဲ့ပါတယ်။ ယခုလို မိခင်နဲ့အတူသီဆိုရခြင်းအကြောင်းကို” အမေနဲ့တွဲဆိုရတဲ့ အတွက်အမှတ်ရစရာလေးတွေဖြစ်တာပေါ့။ ကိုယ့်သားသမီးတွေရလာရင်ပြန်ပြောပြလို့ရတယ်”လို့ ရတနာမိုင်က ရင်ဖွင့်ပြောပြခဲ့တာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ သားအမိနှစ်ယောက်အတူတွဲဆိုမယ့် သီချင်းလေးတွေကို စောင့်မျှော်နေကြပြီလား…….။

Source: Exclusive on CeleGabar
ချစ်သဲမေ CeleGabar

Top
//dolatiaschan.com/4/3018672