You are here
Home > KNOWLEDGE > မိမိ အိမ်​ အတိုက်​အခိုက်​များ ကင်း​ဝေး​စေဖို့ နှင့်  ဘေးရန်အပေါင်းကို ကာကွယ်ဖို့ ဖတ်ကြည့်လိုက်ပါအုံး

မိမိ အိမ်​ အတိုက်​အခိုက်​များ ကင်း​ဝေး​စေဖို့ နှင့်  ဘေးရန်အပေါင်းကို ကာကွယ်ဖို့ ဖတ်ကြည့်လိုက်ပါအုံး

အိမ်​ အတိုက်​အခိုက်​များ ကင်း​ဝေး​စေဖို့

လူ​လောကတွင်​ မနာလိုသူများ ​ပေါးများကြ၏ အတိုက်​အခိုက်​များလည်​ ​ပေါးများကြသည်

မိမိ အိမ်​​ရှေ့တွင်​ လဆုတ်​ ၈ ရက်​တွင်​ ရှား​စောင်းချဉ် စိုက်​ပျိုးထားပါ ပြီးလျှင်​ ​နေ့စဉ်​ ဓာရဏ ပရိတ်​ ရွတ်​ဖက်​၍ ​ရေ​လောင်းပါ

အကျိုး အားနိသင် မိမိ ​နေအိမ်​ ​ဂေဟာ ​ဘေးရန်​ အ​ပေါင်းမှ ကာစီ​ပေးသည်

အရပ် ရှစ်​မျက်​နှာမှ ရန်​သူများ ကာကွယ်​​ပေးသည်

မိသားစုများ စည်းစည်းလုံးလုံး သင့်​သင့်​မြတ်​မြတ်​ဖြစ်​စေသည်

လဆုတ်​ ၈ရက်​သည်​ ဟိဏစန်းကာလဖြစ်​သည် ဟိဏစန်း ကာလသည်​ မမြင်​ရ​သော ပါပဂြိုဟ်​စွမ်း အင်​များ ပြည့်​ဝ​သော ကာဖြစ်​သည်​ အ​လျောက် ရန်​အတိုက်​ အခိုက်​များ အမြစ်​ပြက်​ ​ပြေ​ပျောက်​​စေသည်

မည်​သူမဆို စိုက်​ပျိုးကြည့်​ပါ

ဓာရဏ ပရိတ်တော်

ဓာရဏသုတ်တော်( ဖြစ်စဉ်)

ဂေါတမ မြတ်စွာဘုရားသည် ညီတော် အာနန္ဒာအား ဓာရဏသုတ်တော်ကို ဟော၍ လူဒါယကာ-ဒါယိကာမတို့အား တစ်ဆင့် ဟောကြားရန်၊ ရှင်းလင်း သင်ပြရန် အမိန့်ရှိသော သုတ်တော် ဖြစ်ပါသည်။

ဓာရဏ ပရိတ်တော်တွင် ၀ိပဿီ သိခီ၊ ဝေဿ ဘူ၊ ကကုသန်၊ ……ကောဏာဂုံ၊ ကဿ ပ၊ ဂေါတမ တည်းဟူသော ဘုရားခုနှစ်ဆူအား ရှိခိုးပါ၍ ကျရောက် လတ္တံ့သော ဘေးခပ်သိမ်း ရန်ခပ်သိမ်း ကင်းငြိမ်းအောင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာဂုဏ်တော် ကျေးဇူးတော်တို့ကို ဖွဲ့ဆိုထားသည်မှစ၍ ဓာရဏသုတ်တော် ဖြစ်ပေါ်ရွတ်ဆို ပွားများခဲ့ကြပါ သတည်း။

တိုက်တွန်းချက်။ ။ ဓာရဏပရိတ်တော်သည် မြတ်ဗုဒ္ဓ ရှင်တော်ဘုရား၏ အာဝေဏိကဂုဏ်တော် ၁၈-ပါးကို ဖော်ပြထားသည်။ ဤဂုဏ် ၁၈-ပါးသည် မြတ်စွာဘုရား၏ သီးခြား ကိုယ်ပိုင် ဂုဏ်တော်များ ဖြစ်သည်။ အခြား မည်သူ တစ်ဦးတစ်ယောက်၌မျှ ဤဂုဏ်မျိုးမရှိချေ။ ရဟန္တာနှင့် ပစ္စေကဗုဒ္ဓများ၌ သော်မှ ဤ ဂုဏ်သတ္တိမျိုး မရှိကြ။ စင်စစ်အားဖြင့် ဓာရဏပရိတ်တော်သည် မြတ်စွာဘုရား၏ အာဝေဏိက ဂုဏ်တော်တို့ကို ချီးကျူးး ပူဇော်ခြင်းပင် ဖြစ်သည်။

ကောင်းမြတ်သော စေတနာဖြင့် တာဝန် ၀တ္တရားများကို ထမ်းဆောင်နေသူ အားလုံးတို့သည် ဓာရဏ ပရိတ်တော်ကို ရွတ်ဖတ်ပါမူ အ,ကာလ မရဏမှ လွတ်မြောက်နိုင် သည်။ အ,ကာလ မရဏနှင့် မတွေ့ကြုံ ရ-မတွေ့ကြုံနိုင်။

အ,ကာလ မရဏ ဆိုသည်မှာ သူတစ်ပါး လက်နက်ဖြင့် သေရခြင်း၊ သူတစ်ပါး ပယောဂဖြင့် သေရခြင်း, ကျားကိုက် သေရခြင်း၊ ချောက်ကမ်းပါးက သေရခြင်း၊ ကားမှောက်၍ သေရခြင်း စသည့် ဥပစ္ဆေဒက ကံကြောင့် သေရခြင်းမျိုးများကို ဆိုသည်။ ဓာရဏ ပရိတ်ကို ရွတ်ဖတ်သူမှာ အ,ကာလ မရဏ အမျိုးမျိုးတို့မှ လွတ်မြောက်သည်။

သတ္တ၀ါတိုင်း လူတိုင်းပင် တစ်နေ့နေ့၌ သေရမည်မှာ ဓမ္မတာ ဖြစ်သည်။ အ,ကာလ မရဏမှ လွတ်မြောက်သည်ဟု ဆိုသည်မှာ ဥပစ္ဆေဒက ကံကြောင့် မသေရ၊ မသေနိုင်ခြင်းကို ဆိုသည်။ ဖြစ်မြဲ ဓမ္မတာအရ သေချိန်ကျမှသာ သေရသည်။

ရှင်းပြပါဦးအံ့-သေရခြင်း လေးမျိုးရှိသည်။ (၁) အသက်တမ်း ကုန်၍ သေရခြင်း “အာယုက္ခယမရဏ”၊ အသက်တစ်ရာတမ်း၌ အနှစ်တစ်ရာ ပတ်ဝန်းကျင်မျှ သာ နေကြရသည်။ မြတ်စွာဘုရားသော်မှ အနှစ် ၈၀-သာ နေရသည်။

(၂) ကံကုန်၍ သေရခြင်း “ကမ္မက္ခယမရဏ”။ မိမိ ကုသိုလ်ကံအလျောက်သာ နေရသည်။ ကံကုန်လျှင် အရွယ် ကောင်းတုန်း၌လည်း သေရသည်။ နို့စို့ အရွယ် စသည်၌လည်း သေရသည်။

(၃) သက်တမ်းနှင့် ကံ ၂-ပါးလုံး ကုန်၍ သေရခြင်း “ဥဘယက္ခယမရဏ”။

(၄) အထက် မရဏ ၃-မျိုးမှ တစ်ပါး အခြားပယောဂ တစ်ခုခုကြောင့် သစ်စိမ်းချိုး ချိုးဖြတ်သကဲ့သို့ သေရခြင်းမျိုး “ဥပစ္ဆေဒက မရဏ” ဟူ၍ သေရခြင်းမျိုး ၄-မျိုးရှိသည်။

ပထမ သေခြင်း ၃-မျိုးကို ဘုရား၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သော်မှ မလွန်နိုင်။ ယင်း မရဏ ၃-မျိုးမှာ သေရိုး သေစဉ် ဓမ္မတာ မရဏ ဖြစ်သည်။

ဥပစ္ဆေဒက မရဏကို အ,ကာလမရဏ ဟု ခေါ်သည်။ သေချိန် မရောက်သေးဘဲ သေရခြင်းသည် အ,ကာလ မရဏ ဖြစ်သည်။ ဓာရဏ ပရိတ်တော်ကို ရွတ်ဖတ်ခြင်း အားဖြင့် အ,ကာလ မရဏကို တားမြစ် ပယ်ဖျောက်နိုင်သည်။

စေတနာ ဖြူ စင်သူတို့ အ,ကာလ မရဏမှ ကင်းလွတ်ကြပါစေသော်။

ဓာရဏသုတ် (ပါဠိတော်)

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗု ဒ္ဓဿ

၁။ ဗုဒ္ဓါနံ ဇီဝိတဿ ၊န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ ၊တထာ မေ ဟောတု။

၂။ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော ၊အပ္ပဋိဟတံ ဉာဏံ၊ ၊အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော ၊အပ္ပဋိဟတံ ဉာဏံ၊ ပစ္စု ပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော ၊အပ္ပဋိဟတံ ဉာဏံ။

၃။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ၊ဗုဒ္ဓဿ ဘဂ၀တော ၊သဗ္ဗွံ ကာယကမ္မံ ၊ဉာဏပုဗ္ဗင်္ဂမံ ဥာဏာနုပရိဝတ္တံ၊ သဗ္ဗံ ၀စီကမံ္မ ၊ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗံ္ဗ မနောကမ္မံ ၊ဉာဏပုဗ္ဗမင်္ဂမံ ဥာဏာနုပရိဝတ္တံ။

၎။ ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ၊ဗုဒ္ဓဿ ဘဂ၀တော ၊နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊နတ္ထိ ၀ီရိယဿ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ပညာယ ဟာနိ၊ နတ္ထိ ၀ိမုတ္တိယာ ဟာနိ၊

၅။ ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ၊ဗုဒ္ဓဿ ဘဂ၀တော ၊နတ္ထိ ဒ၀ါ၊ နတ္ထိ ရ၀ါ၊ နတ္ထိ အ,ဖုဋံ၊ နတ္ထိ ဝေဂါယိတတ္တံ၊ နတ္ထိ အ,ဗျာဝဋမနော၊ နတ္ထိ အပ္ပဋိသင်္ခါ နုပေက္ခာ။

ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ၊ဗုဒ္ဓဿ ဘဂ၀တော ၊နမော သတ္တန္နံ သမ္မာသမ္ဗု ဒ္ဓါနံ။

၆။ နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ ၀စီဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ၊ နတ္ထိ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော

ပဋိဟတံ ဉာဏံ၊ နတ္ထိ ပစ္စု ပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ သဗ္ဗံ ကာယကမ္မံ ၊ဉာဏပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ ၀စီကမ္မံ ၊ဉာဏပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊

နတ္ထိ သဗ္ဗံ မနောကမ္မံ ၊ဉာဏပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ ဣမံ ဓာရဏံ အ,မိတံ အ,သမံ ၊သဗ္ဗသတ္တာနံ တာဏံ လေဏံ ၊သံသာရ ဘယဘီတာနံ အဂ္ဂံ မဟာတေဇံ။

၇။ ဣမံ အာနန္ဒ ဓာရဏပရိတ္တံ ၊ဓာရေဟိ ၀ါရေဟိ ပရိပုစ္ဆာဟိ။ တဿ ကာယေ ၀ိသံ န ကေမယ်၊ ဥဒေက န လေဂၢယ်၊

အဂ္ဂိ န ဍဟေယျ၊ နာနာဘယ၀ိကော၊ န ဧကာဟာရကော၊ န ဒွိဟာရကော၊ န တိဟာရကော၊ န စတုဟာရကော၊ န ဥမ္မတ္တကံ၊ န မူဠှကံ၊ မနုေဿ ဟိ အ,မနုေဿ ဟိ န ဟိံသကာ။

၈။ တံ ဓာရဏပရိတ္တံ ယထာ ကတမေ၊ ဇာလော မဟာဇာလော၊ ဇာလိတ္တေ မဟာဇာလိတ္တေ၊ ပုဂ္ဂေ မဟာပုဂ္ဂေ၊ သမ္ပတ္တေ မဟာသမ္ပတ္တေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။

ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ န၀ န၀ုတိယာ ၊သမ္မာသမ္ဗု ဒ္ဓကောဋီဟိ ဘာသိတံ၊ ၀တ္တေ အ,၀တ္တေ၊ ဂန္ဓဝေ အ,ဂန္ဓဝေ၊ နောမေ အ,နောမေ၊ သေဝေ အ,သေဝေ၊

ကာယေ အ,ကာယေ၊ ဓာရဏေ အ,ဓာရဏေ၊ ဣလ္လိ မိလ္လိ၊ တိလ္လိ မိလ္လိ၊ ယောရုက္ခ မဟာယောရုက္ခေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။

၉။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ ၊န၀ န၀ုတိယာ ၊သမ္မာသမ္ဗု ဒ္ဓ ကောဋီဟိ ဘာသိတံ။

ဒိဋ္ဌိလာ ဒဏ္ဍိလာ ၊မန္တိလာ ရောဂိလာ ၊ခရလာ ဒုဗ္ဘိလာ။ ဧတေန သစ္စ၀ဇ္ဇေန ၊သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

မူရင်း​ရေးသားသူ ထက်​မင်း​ကျော်​စွာ

မ​နော ​ဗေဒင်

Top
//nossairt.net/4/3018672