
စက္တင္ဘာလ ၂၀ ရက္ေန႔တုန္း က Gabe Burdett ဆိုတဲ့ Facebook account ပိုင္ရွင္ကေနၿပီး post တစ္ခု တင္လာခဲ့ပါတယ္။ အေၾကာင္းကေတာ့ အမ်ိဳးသား ရဲ႕ ဖခင္ဟာ ေခ်ာက္ထဲကို ဆိုင္ကယ္ေမွာက္က်လို႔ မေသေကာင္းမေပ်ာက္ေကာင္း ေဆးရံုေရာက္ေနတတယ္ ဆိုတဲ့အေၾကာင္းပါ။
သူ႕ Facebook post ကေန ျပန္လည္ ကိုးကားေဖာ္ျပေပးရမယ္ဆိုရင္ေတာ့ စက္တင္ဘာလ ၁၅ ရက္ေန႔တုန္းက Gabe Burdett ဟာ ဖခင္နဲ႔ေတြ႕ဖို႔အတြက္ Riverside State ပန္းျခံမွာ ေတြ႕ဖို႔ခ်ိန္းထားပါတယ္တဲ့။ သူတို႔မိသားစုဟာ မၾကာခဏ ေတာင္တက္ဆိုင္ကယ္စီးတတ္တဲ့ ဓေလ့ေလး ရွိၾကပါတယ္တဲ့။ အဲဒီေန႔က ပန္းျခံထဲမွာေတြ႕ဖို႔သြားတုန္း လမ္းမွာ ပဲရွိေသးတယ္ Gabe ရဲ႕ ဖုန္းထဲကို sms တစ္ေစာင္ ဝင္လာခဲ့ပါတယ္တဲ့။ Bob Burdett တစ္ေယာက္ အေရးေပၚျဖစ္ေနၿပီ၊ Apple Watch ကေနၿပီး hard fall တစ္ခုကို ခံစားမိထားပါတယ္ေပါ့။ Gabe ကေတာ့ ဖခင္ျဖစ္သူ Bob ရဲ႕ အေရးေပၚဆက္သြယ္ေရး နံပါတ္ထဲ ရွိေနခဲ့တာေၾကာင့္ sms ကိုရရွိခဲ့တာပဲျဖစ္ပါတယ္။
Sms နဲ႔အတူတူပဲ Bob ဆိုင္ကယ္ေမွာက္ကာ လဲေနခဲ့တဲ့ေနရာကို ေျမပံုပါတစ္ပါတည္းျပေပးခဲ့တာပါတဲ့။ ဆိုလိုတာ emergency contact list ထဲ ထည့္ထားတဲ့ ဘယ္သူ႕ကိုမဆို Gabe လိုပဲ sms ရမွာေပါ့။ ဒီလိုလူေတြကို sms ပို႔ေပးတဲ့အျပင္ကိုမွ Apple Watch ဟာ အေရးေပၚဌာနကိုလည္း ဆက္သြယ္ေပးၿပီး ထိုနည္းတူစြာနဲ႔ တည္ေနရာပို႔ကာ Bob တစ္ေယာက္ ရဲ႕ အေျခအေနေေတြ ကိုပါ တစ္ခါတည္း sms ထပ္ပို႔ေပးခဲ့ပါေတာ့တယ္။ Gabe တစ္ေယာက္ ဖခင္လဲက်ေနတဲ့ ဆီကို လိုက္သြားရံုပဲရွိေသးတယ္၊ Apple Watch ကေနၿပီး ေနာက္ထပ္ sms တစ္ေယာက္ ထပ္ေရာက္လာ ခဲ့ပါတယ္တဲ့။ အေၾကာင္း ကေတာ့ Bob ကို ဘယ္ေဆးရံုက ေဆးရံုကားက ေခၚသြားၿပီဆိုၿပီးေတာ့ပါ။
ဒါနဲ႔ Gabe တို႔ မိသားစုေတြအကုန္လံုး အဲဒီေဆးရံုကို ထပ္လိုက္သြား ခဲ့ပါေတာ့တယ္။ ေဆးရံုေရာက္ေတာ့ Bob ကို မ်က္ခံုးရိုးေပါက္ျပဲဒဏ္ရာေတြနဲ႔ တျခားမစိုးရိမ္ရတဲ့ ေပါက္ျပဲဒဏ္ရာတခ်ိဳ႕တို႔နဲ႔ သက္ေတာာင့္သက္သာပဲ ေတြ႔ခဲ့ရပါတယ္။ ဒါေပမဲ့ ဆိုင္ကယ္ေမွာက္ၿပီးၿပီးခ်င္း Bob တစ္ေယာက္ ဘာမွ မမွတ္မိေတာ့ပါဘူးတဲ့။ ဆိုင္ကိုယ္ေမွာက္တဲ့ အရွိန္နဲ႔ Bob က သတိေမ့သြားခဲ့တာကိုး။ Apple Watch ရဲ႕ hard fall mode ကိုသာ မဖြင့္ထားခဲ့ဘူးဆုိိရင္ Bob ရဲ႕ အေျခအေနကေတာ့ ဒီထက္ေကာင္းႏိုင္ဖြယ္မရွိေတာ့ပါဘူး။
ဒီ hard fall mode ဟာ Apple Watch series 4 ေနာက္ပိုင္းေတြမွသာပါဝင္ခဲ့တာပါ။ အထူး သျဖင့္အျမင့္မွျပဳတ္က်တာမ်ိဳး၊ တစ္ေယာက္တည္းေခ်ာ္လဲေနတာမ်ိဳးေတြ၊ ကားတိုက္တာတို႔လို မေတာ္တဆမႈေတြအတြက္ အထူးထုတ္လုပ္ထားၿပီး hard fall mode ကို on လိုက္တာနဲ႔ တစ္ခါတည္း emergency contact list ေတြကိုလည္း ထည့္ေပးရမွာျဖစ္ပါတယ္။ Apple watch က တစ္ခုခုကိုခံစားမိၿပီဆိုတာနဲ႔ alert တစ္ခုျပလာပါၿပီ။ စကၠန္႔ ၃၀ အတြင္းမွ သင့္အေနနဲ႔ I’m ok ဆိုတဲ့စာကို မေျပာခဲ့ဘူးဆိုရင္ သင္ထည့္ထားတဲ့ emergency contact list အတုိင္းပဲ sms ပို႔၊ location ေတြ ေတာက္ေလွ်ာက္ပို႔ေနေတာ့မွာပါ။
နည္းပညာေတြတိုးတက္ေျပာင္းလဲလာတာဟာ အခုလိုမ်ိဳး ေကာင္းက်ိဳးေတြ အမ်ားႀကီးရွိေနပါတယ္။ Apple watch ရဲ႕ hard fall mode ကေတာ့ အသက္ႀကီးသူေတြ၊ ကေလးေတြနဲ႔ တစ္ေယာက္တည္းသမားေတြ၊ ခရီးထြက္တဲ့အခါတို႔မွာ အထူးသင့္ေလ်ာ္ေနပါတယ္။
CRD-SHWEMOM
Unicode Version ဖြင့် ဖတ်ပါ
★★★
စက်တင်ဘာလ ၂၀ ရက်နေ့တုန်း က Gabe Burdett ဆိုတဲ့ Facebook account ပိုင်ရှင်ကနေပြီး post တစ်ခု တင်လာခဲ့ပါတယ်။ အကြောင်းကတော့ အမျိုးသား ရဲ့ ဖခင်ဟာ ချောက်ထဲကို ဆိုင်ကယ်မှောက်ကျလို့ မသေကောင်းမပျောက်ကောင်း ဆေးရုံရောက်နေတတယ် ဆိုတဲ့အကြောင်းပါ။
သူ့ Facebook post ကနေ ပြန်လည် ကိုးကားဖော်ပြပေးရမယ်ဆိုရင်တော့ စက်တင်ဘာလ ၁၅ ရက်နေ့တုန်းက Gabe Burdett ဟာ ဖခင်နဲ့တွေ့ဖို့အတွက် Riverside State ပန်းခြံမှာ တွေ့ဖို့ချိန်းထားပါတယ်တဲ့။ သူတို့မိသားစုဟာ မကြာခဏ တောင်တက်ဆိုင်ကယ်စီးတတ်တဲ့ ဓလေ့လေး ရှိကြပါတယ်တဲ့။ အဲဒီနေ့က ပန်းခြံထဲမှာတွေ့ဖို့သွားတုန်း လမ်းမှာ ပဲရှိသေးတယ် Gabe ရဲ့ ဖုန်းထဲကို sms တစ်စောင် ဝင်လာခဲ့ပါတယ်တဲ့။ Bob Burdett တစ်ယောက် အရေးပေါ်ဖြစ်နေပြီ၊ Apple Watch ကနေပြီး hard fall တစ်ခုကို ခံစားမိထားပါတယ်ပေါ့။ Gabe ကတော့ ဖခင်ဖြစ်သူ Bob ရဲ့ အရေးပေါ်ဆက်သွယ်ရေး နံပါတ်ထဲ ရှိနေခဲ့တာကြောင့် sms ကိုရရှိခဲ့တာပဲဖြစ်ပါတယ်။
Sms နဲ့အတူတူပဲ Bob ဆိုင်ကယ်မှောက်ကာ လဲနေခဲ့တဲ့နေရာကို မြေပုံပါတစ်ပါတည်းပြပေးခဲ့တာပါတဲ့။ ဆိုလိုတာ emergency contact list ထဲ ထည့်ထားတဲ့ ဘယ်သူ့ကိုမဆို Gabe လိုပဲ sms ရမှာပေါ့။ ဒီလိုလူတွေကို sms ပို့ပေးတဲ့အပြင်ကိုမှ Apple Watch ဟာ အရေးပေါ်ဌာနကိုလည်း ဆက်သွယ်ပေးပြီး ထိုနည်းတူစွာနဲ့ တည်နေရာပို့ကာ Bob တစ်ယောက် ရဲ့ အခြေအနေေတွေ ကိုပါ တစ်ခါတည်း sms ထပ်ပို့ပေးခဲ့ပါတော့တယ်။ Gabe တစ်ယောက် ဖခင်လဲကျနေတဲ့ ဆီကို လိုက်သွားရုံပဲရှိသေးတယ်၊ Apple Watch ကနေပြီး နောက်ထပ် sms တစ်ယောက် ထပ်ရောက်လာ ခဲ့ပါတယ်တဲ့။ အကြောင်း ကတော့ Bob ကို ဘယ်ဆေးရုံက ဆေးရုံကားက ခေါ်သွားပြီဆိုပြီးတော့ပါ။
ဒါနဲ့ Gabe တို့ မိသားစုတွေအကုန်လုံး အဲဒီဆေးရုံကို ထပ်လိုက်သွား ခဲ့ပါတော့တယ်။ ဆေးရုံရောက်တော့ Bob ကို မျက်ခုံးရိုးပေါက်ပြဲဒဏ်ရာတွေနဲ့ တခြားမစိုးရိမ်ရတဲ့ ပေါက်ပြဲဒဏ်ရာတချို့တို့နဲ့ သက်တောာင့်သက်သာပဲ တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဆိုင်ကယ်မှောက်ပြီးပြီးချင်း Bob တစ်ယောက် ဘာမှ မမှတ်မိတော့ပါဘူးတဲ့။ ဆိုင်ကိုယ်မှောက်တဲ့ အရှိန်နဲ့ Bob က သတိမေ့သွားခဲ့တာကိုး။ Apple Watch ရဲ့ hard fall mode ကိုသာ မဖွင့်ထားခဲ့ဘူးဆိုရင် Bob ရဲ့ အခြေအနေကတော့ ဒီထက်ကောင်းနိုင်ဖွယ်မရှိတော့ပါဘူး။
ဒီ hard fall mode ဟာ Apple Watch series 4 နောက်ပိုင်းတွေမှသာပါဝင်ခဲ့တာပါ။ အထူး သဖြင့်အမြင့်မှပြုတ်ကျတာမျိုး၊ တစ်ယောက်တည်းချော်လဲနေတာမျိုးတွေ၊ ကားတိုက်တာတို့လို မတော်တဆမှုတွေအတွက် အထူးထုတ်လုပ်ထားပြီး hard fall mode ကို on လိုက်တာနဲ့ တစ်ခါတည်း emergency contact list တွေကိုလည်း ထည့်ပေးရမှာဖြစ်ပါတယ်။ Apple watch က တစ်ခုခုကိုခံစားမိပြီဆိုတာနဲ့ alert တစ်ခုပြလာပါပြီ။ စက္ကန့် ၃၀ အတွင်းမှ သင့်အနေနဲ့ I’m ok ဆိုတဲ့စာကို မပြောခဲ့ဘူးဆိုရင် သင်ထည့်ထားတဲ့ emergency contact list အတိုင်းပဲ sms ပို့၊ location တွေ တောက်လျှောက်ပို့နေတော့မှာပါ။
နည်းပညာတွေတိုးတက်ပြောင်းလဲလာတာဟာ အခုလိုမျိုး ကောင်းကျိုးတွေ အများကြီးရှိနေပါတယ်။ Apple watch ရဲ့ hard fall mode ကတော့ အသက်ကြီးသူတွေ၊ ကလေးတွေနဲ့ တစ်ယောက်တည်းသမားတွေ၊ ခရီးထွက်တဲ့အခါတို့မှာ အထူးသင့်လျော်နေပါတယ်။
CRD-SHWEMOM