You are here
Home > Health > .”အဆိပ္နိုင္ အရက္ျဖတ္ အနာေဆြး အနာအို အျပင္ ဘက္စံုေဆးဖက္၀င္လွတဲ သက္ရင္ၾကီး”

.”အဆိပ္နိုင္ အရက္ျဖတ္ အနာေဆြး အနာအို အျပင္ ဘက္စံုေဆးဖက္၀င္လွတဲ သက္ရင္ၾကီး”

Zawgyi ျဖင့္ဖတ္၇န္

သက္ရင္းၾကီးျမစ္ကိုတစ္ထြာတစ္မိုက္ခန္႔(၃/၄)ျမစ္ အားတူးယူျပီး ေရစင္ေအာင္ေဆးပါ။ ထိုေနာက္ ဆန္ေဆးရည္ႏွင့္ ေက်ာက္ပ်ဥ္တြင္ေသြးျပီး နံနက္တိုင္း ထမင္းစား ဇြန္း(၂) ဇြန္းမွ် ေန႔စဥ္ ေသာက္ေပးၾကည့္ပါ။

ေသာက္သံုးပံု

နံက္အိ္ပ္ရာထ အစာမစားခင္ ႏွစ္ဇြန္းေသာက္ပါ။ ေသာက္ျပီးလွ်င္၀မ္းသြားခ်င္တတ္ပါသည္။ ၀မ္းသြားျပီးမွ အစာစားရန္ျဖစ္ပါသည္။ ၀မ္းမၾကာခဏသြားေနပါလိမ္႔မည္။ ဆိုးရြားျခင္း မရွိပါ။(၁၀)ရက္မွ်ၾကာပါလွ်င္ ပူေနေသာ ဗိုက္မွ ဆူေနေသာအဆီိမ်ား တျဖည္းျဖည္း ပိန္၍သြားပါ လိမ့္မည္။(ယံုၾကည္စြာစမ္းၾကည့္ၾကပါ)

သက္ရင္းၾကီး၏ထူးျခားခ်က္

လြန္စြာသံုးစဲြျခင္းေၾကာင့္ သံုးစဲြသူအား မည္သည့္ အခါမွ် အက်ိဳးယုတ္ျခင္းမျဖစ္ေခ် ဟုအရွင္နာဂသိန္ ပံုျပေဆးအဘိဓာန္တြင္ေဖၚျပထားပါသည္။ယင္း အျပင္ ေၾကာင္ပန္းရြက္၊ကလိန္ရြက္တို႔ႏွင့္ တဲြစပ္သံုးပါကပိုမို၍တန္ခိုးထက္သည္ဟုဆိုပါသည္။

အဆိပ္နိုင္ေသာေဆးပင္

သက္ရင္းၾကီးသည္အဆိပ္ကိုနိုင္ေသာေဆးျဖစ္ သည္။ အထူးသျဖင့္ အသည္းေရာင္ေသာ ၾကီးေသာ ေရာဂါကုသရာတြင္သက္ရင္းၾကီးသည္နတ္ေဆးႏွင့္တူေၾကာင္းကို ေရွးနိဃ႑ဳက်မ္းဆရာၾကီး တို႔မိန္႔ ဆိုၾကသည္။ ေျမြကိုက္ေသာေရာဂါမ်ားကို ကုသ ရာတြင္ တန္ဖိုးၾကီးေသာေဆးၾကီးျဖစ္ေလသည္။

အေတြ႔အၾကံဳရွိဖူးသည္။

၀ါးခုတ္ျခင္းျဖင့္အသက္ေမြးေသာ မင္းကင္းျမိဳ႔နယ္ တြင္းရွိေယာစုရြာသားတစ္ဦး ေျမြေပြးကိုက္ခံရ ေလသည္။ဘာလုပ္ရမည္မသိျဖစ္ေနစဥ္ သုႆန္ကိုရင္ၾကီးဟုအမည္ၾကီးေသာ ဦးဥတၱမ သာရကေရာက္လာျပီး ေျမြကိုက္ဒဏ္ရာအား ဘရိတ္ဓါးျဖင့္ခဲြေစကာ အဆိပ္ေသြးကိုညွစ္ေစသည္။ ပိုထိလူနာ၏ဒဏ္ရာကို သက္ရင္းၾကီးရြက္ညွစ္ ရည္ႏွင့္ အေခါက္ေသြးရည္ကိုေရာစပ္ျပီးအနာ တြင္အံုေစျခင္း၊လက္ဖက္ရည္ပန္းကန္းလံုးတစ္ လံုးစာ ေသာက္ေစျခင္းျပဳလုပ္ေစခဲ႔သည္။

အေခါက္ေသြးေသာေဆးအရည္ကို ႏွစ္နာရီ တစ္ၾကိမ္ တိုက္ေစခဲ႔ရာ ပိုးထိလူနာ အသက္ အႏၱရာယ္မွခ်မ္းသာဖူးသည္။ထိုလူနာအားပိုမို စိတ္ခ်ေစရန္အတြက္သာေနာက္ပိုင္းမွမင္းကင္း ေဆးရံုသို႔ စက္ေလွၾကံဳျဖင့္ေစလြတ္ေပးခဲ႔ပါသည္။ ထိုသည္ကသက္ရင္းၾကီးပင္ႏွင့္ ပတ္သက္၍ အဆိပ္နိုင္ေၾကာင္းလက္ေတြ႔သာျဖစ္သည္။
ေနာက္ပိုင္းအရွင္နာဂသိန္ေဆးက်မ္းတြင္ သက္ရင္းၾကီးႏွင့္ပတ္သက္ျပီးဖတ္ရွဳ႕ၾကည့္ရာ သက္ရင္းၾကီးသည္ အဆိပ္နိုင္ေသာ ေဆးျဖစ္ ေၾကာင္း၊ေျမြကိုက္သူအား ၁၂ပဲသားမွ ၁က်ပ္ ၈ပဲသားထိ (၂)နာရီျခားတစ္ၾကိမ္ ေရာဂါ အေျခ ကိုၾကည့္၍ တိုက္ရသည္ဆိုထားသည္။

ေက်းလက္ေတာရြာေန လူမ်ားအဖို႔ မွတ္ဖြယ္ ေျမြဆိပ္နိုင္ေသာေဆးပင္ဟုဆိုရပါလိမ္႔မည္။

အရက္ျဖတ္ေဆး

သက္ရင္းၾကီးျမစ္ကိုထန္းလ်က္ႏွင့္စိမ္ကာ ေန႕စဥ္ေသာကေပးပါက အရက္ေသာက္ခ်င္ စိတ္ေပ်ာက္ကြယ္သြားသည္ဟုဆိုသည္။

အနာေဆြး၊အနာအို

မေပ်ာက္ကင္းနိုင္ေသာ အနာေဆြးအနာေဟာင္းမ်ားအား သက္ရင္းၾကီးရြက္အား ထုေထာင္းၾကိတ္ေခ်ျပီး အနာတြင္အံုစည္းေပးပါက အသားနုတက္ျပီး အျမန္ေပ်ာက္ပါသည္။

ေပြး၊၀ဲ၊ယားနာ

သက္ရင္းၾကီးရြက္ႏွင့္ သေဘၤာမယ္ဇလီပြင့္ကို ညက္ေအာင္ေထာင္ျပီး အေရျပား ေပၚပြတ္ တိုက္ေပးက အျမန္ဆံုးေပ်ာက္ကင္းေစသည္။
အဆုတ္ေရာင္ျခင္းႏွင့္ၾကီးေသာအသည္းေရာင္ျခင္း၊အဆစ္ကိုက္ခဲေဖါေရာင္ျခင္းသက္ရင္းၾကီးအျမစ္၊အေခါက္ကို လိမ္းေဆး၊ေသာက္ေဆး၊ၾကပ္ထုပ္ထိုးေဆးအျဖစ္သံုးစဲြပါကအျမန္သက္သာေပ်ာက္ကင္းသည္။

ဒူလာ၊လိပ္ေခါင္း

အျမစ္ကိုသံပုရာရည္ႏွင့္ေသြး၍ေသာက္ရသည္။အစာေၾက၊ေလမွန္၊၀မ္းမွန္သက္ရင္ၾကီးျမစ္ကို ထန္းလ်က္ျဖင့္စိမ္၍ အသင့္အတင့္သံုးေဆာင္ပါက အစာေၾက၊ေလမွန္၊၀မ္းကိုမွန္ေစပါသည္။

၀မ္းကိုက္

အရြက္နုကိုသုပ္စားျခင္းတို႔စားျခင္းျဖင့္၀မ္းကိုက္ျခင္း၊ ကို သက္သာေပ်ာက္ကင္းေစပါသည္။

သက္ရင္းၾကီးသည္ အရိုးက်ိဳး၊အရိုးအက္ႏွင့္ဒဏ္ေၾကေစေသာေဆးပင္ အျဖစ္ တိုင္းရင္းေဆးဆရာမ်ားအရြက္၊အျမစ္၊ အေခါက္ကိုထိေရာက္စြာအသံုးခ်သည္ကို ျမင္ဖူးပါသည္။ထိုျပင္အျခားေသာေဆးဖက္၀င္ အသီး၊အရြက္၊သစ္ဥ၊သစ္ဖု၊အဆီမ်ားျဖင့္တဲြစပ္၍ ၾကပ္ထုပ္ ထိုးရာတြင္ သက္ရင္းၾကီးအားအဓိကထည့္ သြင္းသံုးစဲြျခင္း လည္းရွိပါသည္။သက္ရင္းၾကီးႏွင့္ပတ္သက္ျပီး မ်ားစြာေသာေဆအသံုး မ်ားလည္ရွိ ေနေသးပါသည္။

ေဆးပညာရွင္ျကီးမ်ားအားေလးစားလွ်က္
ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)


Unicodeဖြင့်ဖတ်ရန်
သက်ရင်းကြီးမြစ်ကိုတစ်ထွာတစ်မိုက်ခန့်(၃/၄)မြစ် အားတူးယူပြီး ရေစင်အောင်ဆေးပါ။ ထိုနောက် ဆန်ဆေးရည်နှင့် ကျောက်ပျဉ်တွင်သွေးပြီး နံနက်တိုင်း ထမင်းစား ဇွန်း(၂) ဇွန်းမျှ နေ့စဉ် သောက်ပေးကြည့်ပါ။

သောက်သုံးပုံ

နံက်အိပ်ရာထ အစာမစားခင် နှစ်ဇွန်းသောက်ပါ။ သောက်ပြီးလျှင်ဝမ်းသွားချင်တတ်ပါသည်။ ဝမ်းသွားပြီးမှ အစာစားရန်ဖြစ်ပါသည်။ ဝမ်းမကြာခဏသွားနေပါလိမ့်မည်။ ဆိုးရွားခြင်း မရှိပါ။(၁၀)ရက်မျှကြာပါလျှင် ပူနေသော ဗိုက်မှ ဆူနေသောအဆီများ တဖြည်းဖြည်း ပိန်၍သွားပါ လိမ့်မည်။(ယုံကြည်စွာစမ်းကြည့်ကြပါ)

သက်ရင်းကြီး၏ထူးခြားချက်

လွန်စွာသုံးစွဲခြင်းကြောင့် သုံးစွဲသူအား မည်သည့် အခါမျှ အကျိုးယုတ်ခြင်းမဖြစ်ချေ ဟုအရှင်နာဂသိန် ပုံပြဆေးအဘိဓာန်တွင်ဖေါ်ပြထားပါသည်။ယင်း အပြင် ကြောင်ပန်းရွက်၊ကလိန်ရွက်တို့နှင့် တွဲစပ်သုံးပါကပိုမို၍တန်ခိုးထက်သည်ဟုဆိုပါသည်။

အဆိပ်နိုင်သောဆေးပင်

သက်ရင်းကြီးသည်အဆိပ်ကိုနိုင်သောဆေးဖြစ် သည်။ အထူးသဖြင့် အသည်းရောင်သော ကြီးသော ရောဂါကုသရာတွင်သက်ရင်းကြီးသည်နတ်ဆေးနှင့်တူကြောင်းကို ရှေးနိဃဏ္ဍုကျမ်းဆရာကြီး တို့မိန့် ဆိုကြသည်။ မြွေကိုက်သောရောဂါများကို ကုသ ရာတွင် တန်ဖိုးကြီးသောဆေးကြီးဖြစ်လေသည်။

အတွေ့အကြုံရှိဖူးသည်။

ဝါးခုတ်ခြင်းဖြင့်အသက်မွေးသော မင်းကင်းမြို့နယ် တွင်းရှိယောစုရွာသားတစ်ဦး မြွေပွေးကိုက်ခံရ လေသည်။ဘာလုပ်ရမည်မသိဖြစ်နေစဉ် သုဿန်ကိုရင်ကြီးဟုအမည်ကြီးသော ဦးဥတ္တမ သာရကရောက်လာပြီး မြွေကိုက်ဒဏ်ရာအား ဘရိတ်ဓါးဖြင့်ခွဲစေကာ အဆိပ်သွေးကိုညှစ်စေသည်။ ပိုထိလူနာ၏ဒဏ်ရာကို သက်ရင်းကြီးရွက်ညှစ် ရည်နှင့် အခေါက်သွေးရည်ကိုရောစပ်ပြီးအနာ တွင်အုံစေခြင်း၊လက်ဖက်ရည်ပန်းကန်းလုံးတစ် လုံးစာ သောက်စေခြင်းပြုလုပ်စေခဲ့သည်။

အခေါက်သွေးသောဆေးအရည်ကို နှစ်နာရီ တစ်ကြိမ် တိုက်စေခဲ့ရာ ပိုးထိလူနာ အသက် အန္တရာယ်မှချမ်းသာဖူးသည်။ထိုလူနာအားပိုမို စိတ်ချစေရန်အတွက်သာနောက်ပိုင်းမှမင်းကင်း ဆေးရုံသို့ စက်လှေကြုံဖြင့်စေလွတ်ပေးခဲ့ပါသည်။ ထိုသည်ကသက်ရင်းကြီးပင်နှင့် ပတ်သက်၍ အဆိပ်နိုင်ကြောင်းလက်တွေ့သာဖြစ်သည်။
နောက်ပိုင်းအရှင်နာဂသိန်ဆေးကျမ်းတွင် သက်ရင်းကြီးနှင့်ပတ်သက်ပြီးဖတ်ရှု့ကြည့်ရာ သက်ရင်းကြီးသည် အဆိပ်နိုင်သော ဆေးဖြစ် ကြောင်း၊မြွေကိုက်သူအား ၁၂ပဲသားမှ ၁ကျပ် ၈ပဲသားထိ (၂)နာရီခြားတစ်ကြိမ် ရောဂါ အခြေ ကိုကြည့်၍ တိုက်ရသည်ဆိုထားသည်။

ကျေးလက်တောရွာနေ လူများအဖို့ မှတ်ဖွယ် မြွေဆိပ်နိုင်သောဆေးပင်ဟုဆိုရပါလိမ့်မည်။

အရက်ဖြတ်ဆေး

သက်ရင်းကြီးမြစ်ကိုထန်းလျက်နှင့်စိမ်ကာ နေ့စဉ်သောကပေးပါက အရက်သောက်ချင် စိတ်ပျောက်ကွယ်သွားသည်ဟုဆိုသည်။

အနာဆွေး၊အနာအို

မပျောက်ကင်းနိုင်သော အနာဆွေးအနာဟောင်းများအား သက်ရင်းကြီးရွက်အား ထုထောင်းကြိတ်ချေပြီး အနာတွင်အုံစည်းပေးပါက အသားနုတက်ပြီး အမြန်ပျောက်ပါသည်။

ပွေး၊ဝဲ၊ယားနာ

သက်ရင်းကြီးရွက်နှင့် သင်္ဘောမယ်ဇလီပွင့်ကို ညက်အောင်ထောင်ပြီး အရေပြား ပေါ်ပွတ် တိုက်ပေးက အမြန်ဆုံးပျောက်ကင်းစေသည်။
အဆုတ်ရောင်ခြင်းနှင့်ကြီးသောအသည်းရောင်ခြင်း၊အဆစ်ကိုက်ခဲဖေါရောင်ခြင်းသက်ရင်းကြီးအမြစ်၊အခေါက်ကို လိမ်းဆေး၊သောက်ဆေး၊ကြပ်ထုပ်ထိုးဆေးအဖြစ်သုံးစွဲပါကအမြန်သက်သာပျောက်ကင်းသည်။

ဒူလာ၊လိပ်ခေါင်း

အမြစ်ကိုသံပုရာရည်နှင့်သွေး၍သောက်ရသည်။အစာကြေ၊လေမှန်၊ဝမ်းမှန်သက်ရင်ကြီးမြစ်ကို ထန်းလျက်ဖြင့်စိမ်၍ အသင့်အတင့်သုံးဆောင်ပါက အစာကြေ၊လေမှန်၊ဝမ်းကိုမှန်စေပါသည်။

ဝမ်းကိုက်

အရွက်နုကိုသုပ်စားခြင်းတို့စားခြင်းဖြင့်ဝမ်းကိုက်ခြင်း၊ ကို သက်သာပျောက်ကင်းစေပါသည်။

သက်ရင်းကြီးသည် အရိုးကျိုး၊အရိုးအက်နှင့်ဒဏ်ကြေစေသောဆေးပင် အဖြစ် တိုင်းရင်းဆေးဆရာများအရွက်၊အမြစ်၊ အခေါက်ကိုထိရောက်စွာအသုံးချသည်ကို မြင်ဖူးပါသည်။ထိုပြင်အခြားသောဆေးဖက်ဝင် အသီး၊အရွက်၊သစ်ဥ၊သစ်ဖု၊အဆီများဖြင့်တွဲစပ်၍ ကြပ်ထုပ် ထိုးရာတွင် သက်ရင်းကြီးအားအဓိကထည့် သွင်းသုံးစွဲခြင်း လည်းရှိပါသည်။သက်ရင်းကြီးနှင့်ပတ်သက်ပြီး များစွာသောဆေအသုံး များလည်ရှိ နေသေးပါသည်။

ဆေးပညာရှင်ကြီးများအားလေးစားလျှက်
ရဲမျိုးသူ(ဗောဓိမြိုင်)

Top
//sotchoum.com/4/3018672