You are here
Home > အနုပညာ > .မန္တလေးကုသိုလ်တော်ဘုရားမှာ Sinon Loresca နဲ့အတူတူ လည်ပတ်ခဲ့တဲ့ ပတ်ထရစ်ရှာ

.မန္တလေးကုသိုလ်တော်ဘုရားမှာ Sinon Loresca နဲ့အတူတူ လည်ပတ်ခဲ့တဲ့ ပတ်ထရစ်ရှာ

စွဲဆောင်မှုရှိတဲ့ မျက်နှာလေးနဲ့ နိုင်ငံခြားသူလေးတစ်ယောက်လို လှပလွန်းတဲ့ မင်းသမီးချောလေး ပတ်ထရစ်ရှာက ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားသူလေးပါ။ ပတ်ထရစ်ရှာက မော်ဒယ်လောကမှာသာမက သရုပ်ဆောင်လောကမှာပါ အောင်မြင်သူလေးဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ရတာ ဖြစ်ပါတယ်။

ပတ်ထရစ်ရှာက လက်ရှိမှာတော့ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးပုံဖော်တဲ့ “လူထဲကလူ” ရုပ်ရှင်ဇာတ်ကားကြီးကို မြင့်မြတ်၊ အောင်လေး၊ စိုးမြတ်သူဇာ၊ ခင်လှိုင်၊ တက္ကသိုလ်ဂွမ်းပုံတို့နဲ့ အတူတူ သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ထို”လူထဲကလူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဖိလစ်ပိုင်မော်ဒယ် Sinon Loresca ကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပတ်ထရစ်ရှာနဲ့ Sinon Loresca တို့ သူငယ်ချင်းနှစ်ယောက်က မန္တလေးမြို့က ကုသိုလ်တော်စေတီတော်ကြီးဆီ အတူတူ ဘုရားသွားဖူးခဲ့ကြတာပဲ ဖြစ်ပါတယ်။ Sinnon နဲ့ ပတ်ထရစ်ရှာက မြန်မာဝတ်စုံလေးတွေကိုယ်စီနဲ့ ကျက်သရေရှိနေတာပဲနော်။

ပတ်ထရစ်ရှာနဲ့ Sinon တို့ သူငယ်ချင်းနှစ့ယောက်ကတော့ ခရီးတွေသွားရင်း ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပတ်ထရစ်ရှာတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ပုံရိပ်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲနော်။

Top
//ookroush.com/4/3018672