You are here
Home > အနုပညာ > ” ဗိုလ္ခ်ဳပ္ရဲ႕ အဖိုးျဖစ္သူဗိုလ္မင္းေရာင္ေနရာမွ အားျဖည့္သရုပ္ေဆာင္မည့္ အကယ္ဒမီလူမင္း “

” ဗိုလ္ခ်ဳပ္ရဲ႕ အဖိုးျဖစ္သူဗိုလ္မင္းေရာင္ေနရာမွ အားျဖည့္သရုပ္ေဆာင္မည့္ အကယ္ဒမီလူမင္း “

ပရိသတ္ေတြနဲ႔ အႏုပညာရွင္ေတြက ခ်စ္စႏိုးနဲ႔ အန္ကယ္ေလးလို႔ ေခၚဆိုၾကတဲ့ လူမင္းကေတာ့ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြ ရရွိပိုင္ဆိုင္ထားကာ (၁၉၈၇) ခုႏွစ္ကတည္းကအနုပညာေလာကကို စတင္ဝင္ေရာက္ခဲ႕တာျဖစ္ျပီးအကယ္ဒမီ (၃)ဆု ရယူထားနိုင္တဲ့ နိုင္ငံေက်ာ္ ရုပ္ရွင္သရုပ္ေဆာင္တစ္ေယာက္လည္းျဖစ္ပါတယ္။ (၂၀၀၂)ခုႏွစ္မွာ “ေ႐ႊမႈန္ႀကဲတဲ့ မိုးေကာင္းကင္”ရုပ္ရွင္ဇာတ္ကားၾကီးနဲ႕ အေကာင္းဆံုးအမ်ိဳးသားဇာတ္ေဆာင္အကယ္ဒမီဆုၾကီးကို ရရွိခဲ့ပါတယ္။လူမင္းဟာ “က်န္စစ္သား”ရုပ္ရွင္ဇာတ္ကားၾကီးကို ဒါရိုက္တာ တစ္ဦးအေနနဲ႕ ရိုက္ကူးခဲ႕ျပီး ေနာက္ထပ္အကယ္ဒမီဆုၾကီး ကိုရရွိပိုင္ဆိုင္ထားတဲ႕အျပင္ (၂၀၁၆)ခုနွစ္မွာ “ပေရာ္ဖက္ဆာ ေဒါက္တာဆိတ္ဖြားနဲ႕ ျမိဳင္ရာဇာတာေတ” ဇာတ္ကားၾကီးနဲ႕ အကယ္ဒမီဆုၾကီးကို ထပ္မံရရွိထားတဲ႕ အကယ္ဒမီမ်ားရွင္ နိုင္ငံေက်ာ္သရုပ္ေဆာင္တစ္ဦးပဲျဖစ္ပါတယ္။

လက္ရိွမွာလည္း ပရိသတ္ရဲ႕ စိတ္၀င္းတစားေစာင့္ၾကည့္မႈခံေနရတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ဘဝဇာတ္ေၾကာင္းကို ရိုက္ကူးမည္႕ “ေအာင္ဆန္း” ရုပ္ရွင္ကို ဦးေဆာင္ရိုက္ကူးသြာဖို႔ကို လံုးပန္းေနတာလည္းျဖစ္ပါတယ္။ႏိုင္ငံေက်ာ္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ အကယ္ဒမီလူမင္းကိုယ္တိုင္ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔ ႐ိုက္ကူးမယ့္” ေအာင္ဆန္း”႐ုပ္ရွင္ဇာတ္ႀကီးကေတာ့ စက္တင္ဘာလ လကုန္ပိုင္းေလာက္မွာ စတင္႐ိုက္ကူးေတာ့မွာလည္းျဖစ္ပါတယ္။ ဒါ႐ိုက္တာအကယ္ဒမီလူမင္းကေတာ့ ဂ်ပန္ႏိုင္ငံကိုသြားေရာက္ၿပီး ဂ်ပန္ျမန္မာခ်စ္ၾကည္ေရး အထိမ္းအမွတ္ေက်ာက္စာတိုင္နဲ႔ “ေအာင္ဆန္း” ႐ုပ္ရွင္အတြက္တန္ဖိုးရွိလွေသာ သမိုင္းအခ်က္အလက္၊အေထာက္အထားေတြကို သြားေရာက္ေလ့လာခဲ့ပါေသးတယ္။

အကယ္ဒမီလူမင္းကေတာ့ ဒါရိုက္တာတစ္ေယာက္အေနသာမက ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ အဖိုးျဖစ္သူ ဗိုလ္မင္းေရာင္ေနရာမွ ပါ၀င္သရုပ္ေဆာင္မွာလည္းျဖစ္ပါတယ္။ဗိုလ္မင္းေရာင္ကေတာ့ အရပ္(၆)ေပနီးပါး အသားခပ္ျဖဴျဖဴ၊ႏႈတ္ခမ္းေမြးေကာင္းေကာင္း၊စူးရွတဲ့မ်က္လံုးရိွကာ ရုပ္ရည္သန္႔ျပန္႔ျပီး ျမင္စီးေသာအခါ လြန္စြာခန္႔ညားသူ တစ္ေယာက္ျဖစ္ပါတယ္။အကယ္ဒမီလူမင္းကေတာ့ ဗိုလ္ခ်ဳပ္ရဲ႕ အဖိုးျဖစ္သူဗိုလ္မင္းေရာင္ေနရာမွ အားျဖည့္သရုပ္ေဆာင္ထားပါတယ္။CeleGabar ပရိသတ္ၾကီးေရ ေအာင္ဆန္းရုပ္ရွင္ဇာတ္ကားၾကီးကေတာ့ သရုပ္ေဆာင္ေတြနဲ႔တင္ ရင္ခုန္ေနပါျပီေနာ္။

Source: ေအာင္ဆန္းရုပ္ရွင္
DarDar-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ဗိုလ်ချုပ်ရဲ့ အဖိုးဖြစ်သူဗိုလ်မင်းရောင်နေရာမှ အားဖြည့်သရုပ်ဆောင်မည့် အကယ်ဒမီလူမင်း ”

ပရိသတ်တွေနဲ့ အနုပညာရှင်တွေက ချစ်စနိုးနဲ့ အန်ကယ်လေးလို့ ခေါ်ဆိုကြတဲ့ လူမင်းကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားကာ (၁၉၈၇) ခုနှစ်ကတည်းကအနုပညာလောကကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီးအကယ်ဒမီ (၃)ဆု ရယူထားနိုင်တဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ (၂၀၀၂)ခုနှစ်မှာ “ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင်”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်အကယ်ဒမီဆုကြီးကို ရရှိခဲ့ပါတယ်။လူမင်းဟာ “ကျန်စစ်သား”ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ တစ်ဦးအနေနဲ့ ရိုက်ကူးခဲ့ပြီး နောက်ထပ်အကယ်ဒမီဆုကြီး ကိုရရှိပိုင်ဆိုင်ထားတဲ့အပြင် (၂၀၁၆)ခုနှစ်မှာ “ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနဲ့ မြိုင်ရာဇာတာတေ” ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကြီးကို ထပ်မံရရှိထားတဲ့ အကယ်ဒမီများရှင် နိုင်ငံကျော်သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။

လက်ရှိမှာလည်း ပရိသတ်ရဲ့ စိတ်ဝင်းတစားစောင့်ကြည့်မှုခံနေရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးမည့် “အောင်ဆန်း” ရုပ်ရှင်ကို ဦးဆောင်ရိုက်ကူးသွာဖို့ကို လုံးပန်းနေတာလည်းဖြစ်ပါတယ်။နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီလူမင်းကိုယ်တိုင်ဒါရိုက်တာတစ်ယောက်အနေနဲ့ ရိုက်ကူးမယ့်” အောင်ဆန်း”ရုပ်ရှင်ဇာတ်ကြီးကတော့ စက်တင်ဘာလ လကုန်ပိုင်းလောက်မှာ စတင်ရိုက်ကူးတော့မှာလည်းဖြစ်ပါတယ်။ ဒါရိုက်တာအကယ်ဒမီလူမင်းကတော့ ဂျပန်နိုင်ငံကိုသွားရောက်ပြီး ဂျပန်မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်ကျောက်စာတိုင်နဲ့ “အောင်ဆန်း” ရုပ်ရှင်အတွက်တန်ဖိုးရှိလှသော သမိုင်းအချက်အလက်၊အထောက်အထားတွေကို သွားရောက်လေ့လာခဲ့ပါသေးတယ်။

အကယ်ဒမီလူမင်းကတော့ ဒါရိုက်တာတစ်ယောက်အနေသာမက ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဖိုးဖြစ်သူ ဗိုလ်မင်းရောင်နေရာမှ ပါဝင်သရုပ်ဆောင်မှာလည်းဖြစ်ပါတယ်။ဗိုလ်မင်းရောင်ကတော့ အရပ်(၆)ပေနီးပါး အသားခပ်ဖြူဖြူ၊နှုတ်ခမ်းမွေးကောင်းကောင်း၊စူးရှတဲ့မျက်လုံးရှိကာ ရုပ်ရည်သန့်ပြန့်ပြီး မြင်စီးသောအခါ လွန်စွာခန့်ညားသူ တစ်ယောက်ဖြစ်ပါတယ်။အကယ်ဒမီလူမင်းကတော့ ဗိုလ်ချုပ်ရဲ့ အဖိုးဖြစ်သူဗိုလ်မင်းရောင်နေရာမှ အားဖြည့်သရုပ်ဆောင်ထားပါတယ်။CeleGabar ပရိသတ်ကြီးရေ အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးကတော့ သရုပ်ဆောင်တွေနဲ့တင် ရင်ခုန်နေပါပြီနော်။

Top
//whoursie.com/4/3018672