
အရွယ်ပေါင်းစုံက ပရိသတ်တွေကို ပိုင်ဆိုင်ထားတဲ့ တစ်ဦးတည်းသော အဆိုတော်ကြီးလို့တောင် ဆိုလို့ရလောက်အောင် ကြီးကျယ်ခမ်းနားတဲ့ ပရိသတ်အင်အားကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ ဆယ်စုနှစ်ကျော်အောင် အောင်မြင်မှုတွေ တိုးတိုးပြီး ရရှိလာသူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စိုင်းစိုင်းခမ်းလှိုင်က တောင်ကြီးသွားရင်း သူ့ရဲ့အမာခံပရိသတ်တစ်ဦးနဲ့ တွေ့ခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အဆိုပါ စိုင်းစိုင်းရဲ့ အမျိုးသမီးပရိသတ်ကတော့ စိုင်းစိုင်းကို ချစ်လွန်းလို့ စိုင်းစိုင်းရောင်းတဲ့ နှုတ်ခမ်းနီပုံကိုတောင် လက်မှာ တက်တူးထိုးခဲ့တာပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ကို အဲ့လောက်ထိ အလေးထားပြီး ချစ်ပေးတဲ့ ပရိသတ်လေးကိုကြည့်ပြီး အရမ်းကို ကြည်နူးပီတိဖြစ်နေတာပါနော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းချစ်ဖို့ကောင်းတဲ့ ပရိသတ်တစ်ဦးနဲ့ တွေ့ခဲ့တဲ့အကြောင်း ကြည်နူးပျော်ရွှင်စွာ ပြောလာတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
သီချင်းကောင်းတွေကို ကိုယ်တိုင်ဖန်တီးပြီး ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိထားတဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပြီး၊ တလောကလည်း “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးကို ချစ်စရာကောင်မလေး ပိုးမမှီသာနဲ့အတူ ရိုက်ကူးထားပါသေးတယ်။
မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို အားပေးကြမ်းတဲ့ ပရိသတ်ကြောင့် ပျော်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Sai Sai Kham Leng’s Facebook