
credit – myanmarload
Unicode
ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ ကောင်းပြည့်နဲ့သန္တာဗိုလ်တို့ စုံတွဲလေးကတော့ ချစ်သူသက်တမ်းကလည်းနှစ်တွေအများကြီးကြာနေပြီး တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ ချစ်သူစုံတွဲလေးပဲဖြစ်ပါတယ်။သန္တာဗိုလ်နဲ့ကောင်းပြည့်တို့က အနုပညာအလုပ်တွေကိုလည်း အတူတူတွဲပြီးလုပ်ကိုင်ကြကာ နှစ်ယောက်လုံးကအနုပညာရှင်တွေဖြစ်ကြလို့ နားလည်မှုတွေကတော့ အပြည့်အဝပေးကြပါတယ်နော်။
သန္တာဗိုလ်က ချစ်သူကောင်းပြည့်ကိုတစ်ခါတစ်လေချွဲနွဲ့တတ်ပြီး ကောင်းပြည့်ကလည်းအဲ့လိုအမူအရာလေးတွေကိုချစ်နေရတာဖြစ်ပါတယ်။ချစ်သူနှစ်ယောက်ကတော့ လူငယ်ပီပီပေါ့ပါးလွတ်လပ်စွာနေထိုင်တတ်ကြပြီး အတူတူသွားလာပြီး ပျော်ရွှင်စွာလက်တွဲနေကြတာဖြစ်ပါတယ်။ချစ်သူနှစ်ယောက်လုံးက ချောကြလှကြလို့ နေနဲ့လရွှေနဲ့မြလို အရမ်းလိုက်ဖက်ညီကြပါတယ်နော်။
အခုဆိုရင်တော့ သန္တာဗိုလ်နဲ့ကောင်းပြည့်တို့ချစ်သူနှစ်ယောက်က မင်္ဂလာဝတ်စုံလေးတွေဆင်မြန်းထားကြပြီး ချစ်သူနှစ်ဦးကကျက်သရေရှိစွာလှပနေပါတယ်။စက်တင်ဘာလ၂၆ရက်နေ့လေးကတော့ ကောင်းပြည့်ရဲ့မွေးနေ့လေးဖြစ်ပြီး မွေးနေ့လေးမှာ သန္တာဗိုလ်က”Happy Birthday Ko”ဆိုပြီး မွေးနေ့ဆုမွန်ကောင်းလေးတောင်းကာ ချစ်သူနှစ်ယောက်ရဲ့ပုံရိပ်လေးကိုမျှဝေလာပါတယ်နော်။