နင္းႏွိပ္ေပး တတ္တဲ့ အႏိွပ္သည္ ဆင္ေလးေတြေနာက္ကြယ္က ခါးသီးဖြယ္ အမွန္တရား

ဆိုရွယ္ မီဒီယာေတြေပၚမွာ လူေတြက ဆင္ေတြနဲ႔ အနင္း အႏွိပ္ခံေနၾကတာကို ေတြ႔ဖူးမွာပါ။ တကယ္လို႔ စာဖတ္သူကို္ယ္တိုင္က ထူးျခားတဲ့အေတြ႔အၾကံဳ စြန္႔စားခန္းမ်ိဳးေတြကိုမွ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆင္အနင္းခံတာဟာ စာဖတ္သူအတြက္ေတာ့ စိတ္၀င္စားဖြယ္ရာ ျဖစ္ေကာင္းျဖစ္မွာပါ။ ဒါေပမယ့္ လူေတြကို နင္းတတ္၊ ႏိွပ္တတ္တဲ့ ဆင္ေလးေတြ ရဲ႕ေနာက္မွာ ၀မ္းနည္းဖို႔ေကာင္းတဲ့ အမွန္တရားေတြလည္း ရွိေနပါတယ္။

မ်ားေသာအားျဖင့္ေတာ့ ဒီလိုဆင္အနင္းအႏွိပ္ခံတဲ့ ဓာတ္ပံုမ်ိဳး ဗီဒီယိုမ်ိဳးေတြကို ထို္င္းႏိုင္ငံ ဖူးခက္မွာ ရိုက္ကူးထားတာ ေတြ႔ရမွာပါ။ တစ္ခါတစ္ေလလည္း ဆင္တစ္ေကာင္က ေအာက္မွာ ၀မ္းလ်ားေမွာက္ထားတဲ့ လူတစ္ေယာက္ေပၚကုိ ေျခေထာက္တစ္ေခ်ာင္းတင္ၿပီး နင္းေပးတာ၊ တစ္ခါတစ္ေလလည္း သူတို႔ရဲ႕ႏွာေမာင္းနဲ႔ လူကို အသာအယာ ဖြဖိၿပီး ႏွိပ္နယ္ေပးေနတာေတြလည္း ျမင္ဖူးၾကမွာပါ။ ဒီလိုဓာတ္ပံု ဗီဒီယိုေလးေတြကို သာမန္ အတိုင္းၾကည့္ရင္ေတာ့ ဆင္ေလးေတြဟာ အရမ္းလိမၼာတာပဲ ၊ ႏွိပ္တတ္နင္းတတ္လိုက္တာဆိုၿပီး ခ်ီးက်ဴးေလာက္စရာပါ။

ဒါေပမယ္ အခုလို လူကို နင္းတတ္ ႏွိပ္တတ္ဖို ႔အတြက္ သူတို႔ေလးေတြဟာ အရမ္းကို ဆင္းရဲပင္ပန္းၾကီးစြာ ေလ့က်င့္သင္ၾကားခံခဲ့ရပါတယ္။ ဆင္ေလးေတြကို သူတုိ႔ငယ္ငယ္ေလးထဲက မိခင္ၾကီးနဲ႔ ခြဲထုတ္ၿပီး ထားပါတယ္။ ၿပီးတဲ့အခါ ဆင္ေပါက္ေလးေတြကို ဒဏ္ရာအနာတရရေအာင္ လုပ္တာပဲျဖစ္ျဖစ္၊ အခြ်န္တစ္ခုခု နဲ႔ ထိုးတာပဲ ျဖစ္ျဖစ္၊ ဒါမွမဟုတ္လည္း ေလွာင္အိမ္ထဲ ေသာ့ခတ္ထားၿပီးပဲ ျဖစ္ျဖစ္ ထိန္းသိမ္းၿပီး သူတို႔ကို အစာငတ္ေရငတ္ထားၾကပါတယ္။

ဆင္ေပါက္ေလးေတြဟာ သူတို႔ကို ေလ့က်င့္ေပးေနတဲ့ အခုလို ကာလအတြင္းမွာ အစာငတ္မြတ္တာ၊ ေရငတ္တာ၊ အိ္ပ္ေရးပ်က္တာစတဲ့ ဆိုးက်ိဳးမ်ိဳးစံုကို ခံစားၾကရပါတယ္။ တကယ္လို႔မ်ား ေလ့က်င့္ေရး အရမ္းျပင္းထန္လြန္းခဲ့ရင္ တခ်ိဳ႕ဆင္ေလးေတြဟာ မခံႏိုင္္ေတာ့ပဲ ေသကုန္ တာမ်ိဳးလည္း ရွိပါတယ္။

ဆင္ထိန္းေတြဟာ ဒီလိုရက္စက္တဲ့နည္းလမ္းေတြ နဲ႔ ဆင္ေတြကို ပံုစံေပးကာ ဆင္ေတြရဲ႕မာန္စိတ္ကို ခ်ိဳးခ်တာ ျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္မွ လူေတြကို ဘယ္လိုနင္းႏွိပ္ရတာ၊ ကမာၻလွည့္ ခရီးသည္ေတြကို ေဆာင္ယူၿပီး လိုက္ပို႔ရတာ စတဲ့အခ်က္ေတြကို ဆင္ေလးေတြကို သင္ေပးတာပါ။ ဒါေၾကာင့္ ဂရုဏာသက္ဖြယ္ေကာင္းတဲ့ သူတို႔ ရဲ႕ ဘ၀ေလးေတြကို ညွာတာတဲ့အေနနဲ႔ သူတို႔ေလးေတြကို လူေတြရဲ႕စိတ္အပန္းေျဖရာသက္သက္အျဖစ္ အသံုးမခ်သင့္ပါဘူး။ အခုဆိုရင္ေတာ့ စာဖတ္သူေတြဟာ အႏွိပ္သည္ဆင္ကေလးေတြရဲ႕ သနားဖြယ္ေကာင္းတဲ့ ဘ၀အေၾကာင္းေတြကို elitereaders ကေနတဆင့္ ဖတ္ရႈလိုက္ရတာပဲ ျဖစ္ပါေတာ့တယ္။

CRD-လင္းလင္း (ShweMom)

Unicode Version ဖြင့် ဖတ်ပါ
★★★

ဆိုရှယ် မီဒီယာတွေပေါ်မှာ လူတွေက ဆင်တွေနဲ့ အနင်း အနှိပ်ခံနေကြတာကို တွေ့ဖူးမှာပါ။ တကယ်လို့ စာဖတ်သူကိုယ်တိုင်က ထူးခြားတဲ့အတွေ့အကြုံ စွန့်စားခန်းမျိုးတွေကိုမှ နှစ်သက်တယ်ဆိုရင်တော့ ဆင်အနင်းခံတာဟာ စာဖတ်သူအတွက်တော့ စိတ်ဝင်စားဖွယ်ရာ ဖြစ်ကောင်းဖြစ်မှာပါ။ ဒါပေမယ့် လူတွေကို နင်းတတ်၊ နှိပ်တတ်တဲ့ ဆင်လေးတွေ ရဲ့နောက်မှာ ဝမ်းနည်းဖို့ကောင်းတဲ့ အမှန်တရားတွေလည်း ရှိနေပါတယ်။

များသောအားဖြင့်တော့ ဒီလိုဆင်အနင်းအနှိပ်ခံတဲ့ ဓာတ်ပုံမျိုး ဗီဒီယိုမျိုးတွေကို ထိုင်းနိုင်ငံ ဖူးခက်မှာ ရိုက်ကူးထားတာ တွေ့ရမှာပါ။ တစ်ခါတစ်လေလည်း ဆင်တစ်ကောင်က အောက်မှာ ဝမ်းလျားမှောက်ထားတဲ့ လူတစ်ယောက်ပေါ်ကို ခြေထောက်တစ်ချောင်းတင်ပြီး နင်းပေးတာ၊ တစ်ခါတစ်လေလည်း သူတို့ရဲ့နှာမောင်းနဲ့ လူကို အသာအယာ ဖွဖိပြီး နှိပ်နယ်ပေးနေတာတွေလည်း မြင်ဖူးကြမှာပါ။ ဒီလိုဓာတ်ပုံ ဗီဒီယိုလေးတွေကို သာမန် အတိုင်းကြည့်ရင်တော့ ဆင်လေးတွေဟာ အရမ်းလိမ္မာတာပဲ ၊ နှိပ်တတ်နင်းတတ်လိုက်တာဆိုပြီး ချီးကျူးလောက်စရာပါ။

ဒါပေမယ် အခုလို လူကို နင်းတတ် နှိပ်တတ်ဖို့အတွက် သူတို့လေးတွေဟာ အရမ်းကို ဆင်းရဲပင်ပန်းကြီးစွာ လေ့ကျင့်သင်ကြားခံခဲ့ရပါတယ်။ ဆင်လေးတွေကို သူတို့ငယ်ငယ်လေးထဲက မိခင်ကြီးနဲ့ ခွဲထုတ်ပြီး ထားပါတယ်။ ပြီးတဲ့အခါ ဆင်ပေါက်လေးတွေကို ဒဏ်ရာအနာတရရအောင် လုပ်တာပဲဖြစ်ဖြစ်၊ အချွန်တစ်ခုခု နဲ့ ထိုးတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း လှောင်အိမ်ထဲ သော့ခတ်ထားပြီးပဲ ဖြစ်ဖြစ် ထိန်းသိမ်းပြီး သူတို့ကို အစာငတ်ရေငတ်ထားကြပါတယ်။

ဆင်ပေါက်လေးတွေဟာ သူတို့ကို လေ့ကျင့်ပေးနေတဲ့ အခုလို ကာလအတွင်းမှာ အစာငတ်မွတ်တာ၊ ရေငတ်တာ၊ အိပ်ရေးပျက်တာစတဲ့ ဆိုးကျိုးမျိုးစုံကို ခံစားကြရပါတယ်။ တကယ်လို့များ လေ့ကျင့်ရေး အရမ်းပြင်းထန်လွန်းခဲ့ရင် တချို့ဆင်လေးတွေဟာ မခံနိုင်တော့ပဲ သေကုန် တာမျိုးလည်း ရှိပါတယ်။

ဆင်ထိန်းတွေဟာ ဒီလိုရက်စက်တဲ့နည်းလမ်းတွေ နဲ့ ဆင်တွေကို ပုံစံပေးကာ ဆင်တွေရဲ့မာန်စိတ်ကို ချိုးချတာ ဖြစ်ပါတယ်။ ပြီးတဲ့နောက်မှ လူတွေကို ဘယ်လိုနင်းနှိပ်ရတာ၊ ကမ္ဘာလှည့် ခရီးသည်တွေကို ဆောင်ယူပြီး လိုက်ပို့ရတာ စတဲ့အချက်တွေကို ဆင်လေးတွေကို သင်ပေးတာပါ။ ဒါကြောင့် ဂရုဏာသက်ဖွယ်ကောင်းတဲ့ သူတို့ ရဲ့ ဘဝလေးတွေကို ညှာတာတဲ့အနေနဲ့ သူတို့လေးတွေကို လူတွေရဲ့စိတ်အပန်းဖြေရာသက်သက်အဖြစ် အသုံးမချသင့်ပါဘူး။ အခုဆိုရင်တော့ စာဖတ်သူတွေဟာ အနှိပ်သည်ဆင်ကလေးတွေရဲ့ သနားဖွယ်ကောင်းတဲ့ ဘဝအကြောင်းတွေကို elitereaders ကနေတဆင့် ဖတ်ရှုလိုက်ရတာပဲ ဖြစ်ပါတော့တယ်။

CRD-လင်းလင်း (ShweMom)