
Loading…
စက်တင်ဘာ ၂၆ ၊ အောက်တိုဘာ ၁၆ ၊ အောက်တိုဘာ ၂၆ တွင် နေပြည်တော်၌လည်းကောင်း ၊ လာမည့် ကာလအပိုင်းအခြားတစ်ခုအတွင်း ရန်ကုန် ၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံရှိ မြို့ကြီးအချို့၌ လည်းကောင်း အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်လာနိုင်ကြောင်း လုံခြုံရေး အစီရင်ခံစာများအရ သတင်းရရှိသဖြင့် လုံခြုံရေးသတိ လုံခြုံရေးအသိ ဖြင့် ဘေးကင်းစွာ နေထိုင်နိုင်ကြရန် အမေရိကန်သံရုံး (ရန်ကုန်) မှ သတင်းထုတ်ပြန်လိုက်သည် …။
– မိမိတို့၏ ပုဂ္ဂလိကလုံခြုံရေးကို အထူးဂရုစိုက်၍ လုံခြုံရေးသတိ အမြဲရှိနေရန်- သတင်းဌာနများ သတင်းမှန်ပေးသူများ၏ သတင်းများအား စဉ်ဆက်မပြတ်စောင့်ကြည့်နေရန်- မိမိတို့၏ ဆွေမျိုးသားချင်း ၊ မိတ်ဆွေသူငယ်ချင်းများအား ထပ်ဆင့်အသိပေးထားရန်- အမေရိကန်သံရုံး (ရန်ကုန်) မှ ဆက်လက်အကြံပြုထားသည် …။
Source : U.S. Embassy in Burma
ယခု လုံခြုံရေးသတိပေးချက်သည် အမေရိကန်သံရုံးမှ သက်ဆိုင်ရာဒေသများတွင် တာဝန်ထမ်းဆောင်လျှက်ရှိကြသော သံရုံးဝန်ထမ်းများ နှင့် မိသားစုဝင်များ ၊ ဆက်စပ်သက်ဆိုင်သူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် သတိပေးချက် တစ်ရပ်ဖြစ်ပြီး ၎င်းအတွက် ပြည်သူလူထုအနေဖြင့် အထူးစိုးရိမ်မှုလွန်ကဲခြင်းများ မဖြစ်ကြစေရန် စေတနာဖြင့် ထပ်ဆင့် အကြံပြုအပ်ပါသည် …။