
Zawgyi ျဖင့္ဖတ္ရန္
ဗစ္တိုးရီးယားအမႈမွာ သံသယ တရားခံအျဖစ္ ႐ုံးတင္စစ္ေဆးခံေနရတဲ့ ကိုေအာင္ႀကီး ေရွ႕ေန ေဒၚစုဒါလီေအာင္ ကို ေနျပည္ေတာ္ Wisdom Hill မူႀကိဳေက်ာင္း ႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္က တရားစြဲဆို ထားၿပီး အမႈအတြက္ ဒီေန႔ စက္တင္ဘာလ ၂၅ ရက္ေန႔ မွာ ပုဗၺသီရိၿမိဳ႕နယ္ တရား႐ုံးက လက္ခံစစ္ေဆးခဲ့ပါတယ္။
ဗစ္တိုးရီးယားအမႈ ႐ုံးခ်ိန္း တစ္ခု မွာ ေဒၚစုဒါလီေအာင္ရဲ႕ မီဒီယာကို ေျပာဆိုခ်က္ တခ်ိဳ႕က မိသားစုဂုဏ္သိကၡာ ညႇိဳးႏြမ္းေစၿပီး ကေလးသူငယ္ အေပၚ ထိခိုက္ နစ္နာေစတဲ့ အတြက္ ၾသဂုတ္လ ၃၁ ရက္ေန႔ကတည္းက ေဒၚဥမၼာလႈိင္ဘက္က အမႈဖြင့္ထားတာ ျဖစ္ပါတယ္။
ေနျပည္ေတာ္ Wisdom Hill ပုဂၢလိက ေက်ာင္းက အသက္ ၃ ႏွစ္ အရြယ္ မူႀကိဳေက်ာင္းသူ လိင္ အဓမၼျပဳက်င့္ခံရတဲ့ ဗစ္တိုးရီးယားအမႈမွာ သံသယ တရားခံ အျဖစ္ ႐ုံးတင္ စစ္ေဆးခံေနရသူ ကိုေအာင္ႀကီး ဘက္ကေန လိုက္ပါကူညီ ေဆာင္႐ြက္ ေပးေနတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚစုဒါလီေအာင္ဟာ ဖိအားေတြ ရင္ဆိုင္ခဲ့ရၿပီး ၿခိမ္းေျခာက္မႈ၊ ေနာက္ေယာင္ခံ လိုက္ခံရမႈေတြ ရွိေနတယ္လို႔ ဘီဘီစီကို ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။
သူရင္ဆိုင္ေနရတယ္ ဆိုတဲ့ အေျခအေနေတြ အေၾကာင္း ေဒၚစုဒါလီေအာင္ ကိုယ္တိုင္ ေျပာျပထားတာကို ရုပ္သံမွာ အျပည့္အစံု ၾကည့္ရႈနားဆင္ႏိုင္ပါၿပီ။
Unicode ျဖင့္ဖတ္ရန္
ဗစ်တိုးရီးယားအမှုမှာ သံသယ တရားခံအဖြစ် ရုံးတင်စစ်ဆေးခံနေရတဲ့ ကိုအောင်ကြီး ရှေ့နေ ဒေါ်စုဒါလီအောင် ကို နေပြည်တော် Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က တရားစွဲဆို ထားပြီး အမှုအတွက် ဒီနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ မှာ ပုဗ္ဗသီရိမြို့နယ် တရားရုံးက လက်ခံစစ်ဆေးခဲ့ပါတယ်။
ဗစ်တိုးရီးယားအမှု ရုံးချိန်း တစ်ခု မှာ ဒေါ်စုဒါလီအောင်ရဲ့ မီဒီယာကို ပြောဆိုချက် တချို့က မိသားစုဂုဏ်သိက္ခာ ညှိုးနွမ်းစေပြီး ကလေးသူငယ် အပေါ် ထိခိုက် နစ်နာစေတဲ့ အတွက် သြဂုတ်လ ၃၁ ရက်နေ့ကတည်းက ဒေါ်ဥမ္မာလှိုင်ဘက်က အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
နေပြည်တော် Wisdom Hill ပုဂ္ဂလိက ကျောင်းက အသက် ၃ နှစ် အရွယ် မူကြိုကျောင်းသူ လိင် အဓမ္မပြုကျင့်ခံရတဲ့ ဗစ်တိုးရီးယားအမှုမှာ သံသယ တရားခံ အဖြစ် ရုံးတင် စစ်ဆေးခံနေရသူ ကိုအောင်ကြီး ဘက်ကနေ လိုက်ပါကူညီ ဆောင်ရွက် ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ဟာ ဖိအားတွေ ရင်ဆိုင်ခဲ့ရပြီး ခြိမ်းခြောက်မှု၊ နောက်ယောင်ခံ လိုက်ခံရမှုတွေ ရှိနေတယ်လို့ ဘီဘီစီကို ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
Credit : BBC