You are here
Home > အနုပညာ > ” Rap က်ားၾကီးကို မိမိငယ္ဘ၀အျဖစ္ သရုပ္ေဆာင္မယ္ ဆိုျပီး Troll ေနၾကတဲ့အေပၚ အရႊန္းေဖာက္လိုက္တဲ့ ယုန္ေလး “

” Rap က်ားၾကီးကို မိမိငယ္ဘ၀အျဖစ္ သရုပ္ေဆာင္မယ္ ဆိုျပီး Troll ေနၾကတဲ့အေပၚ အရႊန္းေဖာက္လိုက္တဲ့ ယုန္ေလး “

ယုန္ေလးကေတာ့ အဆိုေတာ္တစ္ေယာက္အေနနဲ႔ ေအာင္ျမင္မႈေတြရရွိထားတဲ့ အနုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ေနာက္ပိုင္းမွာေတာ့ အဆိုေတာ္တစ္ေယာက္အေနနဲ႔ သာမက သရုပ္ေဆာင္တစ္ေယာက္အေနနဲ႔လည္း ရုပ္ရွင္ဇာတ္ကားၾကီးေတြကို ပါဝင္ရိုက္ကူးေနျပီး ဒါရိုက္တာတစ္ေယာက္အေနနဲ႕လည္း အက္ရွင္ ရုပ္ရွင္ဇာတ္ကားေကာင္းၾကီးမ်ားစြာကို ရိုက္ကူးေနပါေသးတယ္။ယုန္ေလးတစ္ေယာက္ ဒါရိုက္တာ အေနနဲ႕ ရိုက္ကူးခဲ့တဲ့ “ေအာ္ရီဂ်င္နယ္ ဂိုဏ္းစတား”၊ “အထူးတပ္ဖြဲ႕ဝင္ (၉)ေယာက္”၊ “သတိ အႏၱရာယ္ရွိသည္”စတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြကလည္း ရံုျပည့္ ရံုလွ်ံအားေပးတဲ့ အထိေအာင္ျမင္မႈရရွိခဲ့တဲ့ ဇာတ္ကားၾကီးေတြပဲျဖစ္ပါတယ္။ယုန္ေလးဟာ ကိုယ္တိုင္ကလည္း အနုပညာအလုပ္ေတြကို ဝါသနာၾကီးသလို အနုပညာမွာ ဝါသနာပါတဲ့ လူငယ္ေတြကိုလည္း လက္တြဲေခၚေပးေနတဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။

မၾကာေသးမီက ပရိသတ္ေတြၾကားထဲမွာ အရမ္းကို ေရပန္းစားခဲ့တဲ့ “မိုးရာသီအလြမ္း”သီခ်င္းရဲ႕ MTV ေလးကို ပရိသတ္ေတြအားလံုးလည္း ၾကည္႕ရွဳလိုက္ရမယ္ ထင္ပါတယ္။ဒီသီခ်င္းေလးရဲ႕ စာသားေတြဟာ ပရိသတ္ေတြပါးစပ္ဖ်ားမွာ စြဲေနတဲ့ အထိကို ေရပန္းစားခဲ့ေပမဲ့လည္း MTV ရိုက္ကူးမႈေတြမွာ အလြဲေလးေတြရွိခဲ့တာပဲျဖစ္ပါတယ္။လူငယ္ေတြကို လက္တြဲေခၚေနတဲ့ ယုန္ေလးကေတာ့ ဒီလိုလြဲမွားမႈေလးေတြကို ျပန္လည္ျပင္ဆင္ေပးျပီး သီခ်င္းေလးအသစ္ျပန္လည္ရိုက္ကူးေပးဖို႕အတြက္ စစအရာရာတာဝန္ယူေပးမွာျဖစ္တာေၾကာင့္ ရန္ကုန္ကို လာဖို႕Rap က်ားၾကီး၊ Mcကယားေလးကို ဖိတ္ေခၚခဲ့တာျဖစ္ပါတယ္။Rap က်ားၾကီး၊ Mcကယားေလးတို႕နွစ္ေယာက္ဟာရန္ကုန္ျမိဳ႕ကိုေရာက္ရွိေနျပီး အဆိုေတာ္ သရုပ္ေဆာင္ ဒါရိုက္တာ ယုန္ေလးနဲ႔အတူတူ ေရႊတိဂံုေစတီေတာ္ျမတ္ၾကီးကို သြားေရာက္ဖူးေမွ်ာ္ခဲ့ပါေသးတယ္။

MC ကယားေလးနဲ႔ Rap က်ားၾကီးတို႔ကေတာ့ အင္တာဗ်ဴး တစ္ခုမွာေတာ့ ကိုယုန္းေလးက ရုပ္ရွင္ေခၚရိုက္ရင္ေတာ့ ဘယ္ေနရာက ပါ၀င္ခ်င္ပါတယ္လို႔ ဆိုထားပါတယ္။ ပရိသတ္အခ်ိဳ႕ကေတာ့ စေနာက္တဲ့သေဘာျဖင့္ ” Original of Original Gangster ” ရုပ္ရွင္ဇာတ္ကားၾကီးရိုက္ျဖစ္ခဲ့ရင္ နိုင္ငံေက်ာ္သရုပ္ေဆာင္ အကယ္ဒမီျမင့္ျမတ္ရဲ႕ ငယ္ဘ၀ကို MC ကယာေလးအျဖစ္၊ အဆိုေတာ္ယုန္ေလးရဲ႕ ငယ္ဘ၀ကိုေတာ့ Rap က်ားၾကီးမွ သရုပ္ေဆာင္မယ္ ဆိုတဲ့ Troll ေနၾကပါတယ္။ယုန္ေလးကေတာ့ Troll ထားတဲ့ ပံုေလးနဲ႔အတူ ” သူက က်ားဆိုေတာ့ ငယ္ဘဝေတာ့မျဖစ္ႏိုင္ေလာက္ဘူး ” လို႔ သူရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွ ျပန္လည္အရႊန္းေဖာက္လိုက္တာကို CeleGabar ပရိသတ္ၾကီးအတြက္ မွ်ေ၀ေပးလိုက္ပါတယ္။

Source: Yone Lay
DarDar-CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” Rap ကျားကြီးကို မိမိငယ်ဘဝအဖြစ် သရုပ်ဆောင်မယ် ဆိုပြီး Troll နေကြတဲ့အပေါ် အရွှန်းဖောက်လိုက်တဲ့ ယုန်လေး ”

ယုန်လေးကတော့ အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ အဆိုတော်တစ်ယောက်အနေနဲ့ သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပါဝင်ရိုက်ကူးနေပြီး ဒါရိုက်တာတစ်ယောက်အနေနဲ့လည်း အက်ရှင် ရုပ်ရှင်ဇာတ်ကားကောင်းကြီးများစွာကို ရိုက်ကူးနေပါသေးတယ်။ယုန်လေးတစ်ယောက် ဒါရိုက်တာ အနေနဲ့ ရိုက်ကူးခဲ့တဲ့ “အော်ရီဂျင်နယ် ဂိုဏ်းစတား”၊ “အထူးတပ်ဖွဲ့ဝင် (၉)ယောက်”၊ “သတိ အန္တရာယ်ရှိသည်”စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ရုံပြည့် ရုံလျှံအားပေးတဲ့ အထိအောင်မြင်မှုရရှိခဲ့တဲ့ ဇာတ်ကားကြီးတွေပဲဖြစ်ပါတယ်။ယုန်လေးဟာ ကိုယ်တိုင်ကလည်း အနုပညာအလုပ်တွေကို ဝါသနာကြီးသလို အနုပညာမှာ ဝါသနာပါတဲ့ လူငယ်တွေကိုလည်း လက်တွဲခေါ်ပေးနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

မကြာသေးမီက ပရိသတ်တွေကြားထဲမှာ အရမ်းကို ရေပန်းစားခဲ့တဲ့ “မိုးရာသီအလွမ်း”သီချင်းရဲ့ MTV လေးကို ပရိသတ်တွေအားလုံးလည်း ကြည့်ရှုလိုက်ရမယ် ထင်ပါတယ်။ဒီသီချင်းလေးရဲ့ စာသားတွေဟာ ပရိသတ်တွေပါးစပ်ဖျားမှာ စွဲနေတဲ့ အထိကို ရေပန်းစားခဲ့ပေမဲ့လည်း MTV ရိုက်ကူးမှုတွေမှာ အလွဲလေးတွေရှိခဲ့တာပဲဖြစ်ပါတယ်။လူငယ်တွေကို လက်တွဲခေါ်နေတဲ့ ယုန်လေးကတော့ ဒီလိုလွဲမှားမှုလေးတွေကို ပြန်လည်ပြင်ဆင်ပေးပြီး သီချင်းလေးအသစ်ပြန်လည်ရိုက်ကူးပေးဖို့အတွက် စစအရာရာတာဝန်ယူပေးမှာဖြစ်တာကြောင့် ရန်ကုန်ကို လာဖို့Rap ကျားကြီး၊ Mcကယားလေးကို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။Rap ကျားကြီး၊ Mcကယားလေးတို့နှစ်ယောက်ဟာရန်ကုန်မြို့ကိုရောက်ရှိနေပြီး အဆိုတော် သရုပ်ဆောင် ဒါရိုက်တာ ယုန်လေးနဲ့အတူတူ ရွှေတိဂုံစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမျှော်ခဲ့ပါသေးတယ်။

MC ကယားလေးနဲ့ Rap ကျားကြီးတို့ကတော့ အင်တာဗျူး တစ်ခုမှာတော့ ကိုယုန်းလေးက ရုပ်ရှင်ခေါ်ရိုက်ရင်တော့ ဘယ်နေရာက ပါဝင်ချင်ပါတယ်လို့ ဆိုထားပါတယ်။ ပရိသတ်အချို့ကတော့ စနောက်တဲ့သဘောဖြင့် ” Original of Original Gangster ” ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖြစ်ခဲ့ရင် နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီမြင့်မြတ်ရဲ့ ငယ်ဘဝကို MC ကယာလေးအဖြစ်၊ အဆိုတော်ယုန်လေးရဲ့ ငယ်ဘဝကိုတော့ Rap ကျားကြီးမှ သရုပ်ဆောင်မယ် ဆိုတဲ့ Troll နေကြပါတယ်။ယုန်လေးကတော့ Troll ထားတဲ့ ပုံလေးနဲ့အတူ ” သူက ကျားဆိုတော့ ငယ်ဘဝတော့မဖြစ်နိုင်လောက်ဘူး ” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှ ပြန်လည်အရွှန်းဖောက်လိုက်တာကို CeleGabar ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

Top
//mordoops.com/4/3018672