
ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ သူရိယကတော့ MRTV 4 ဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိသတ်တွေကြားမှာ လူသိများလာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “အခမ်းအနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
…
သူရိယကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သူရဲ့ မိသားစုနဲ့အတူ သက်ကြီးရွယ်အိုတွေအတွက် ဆေးဝါးတွေနဲ့ လှူဒါန်းငွေတွေ ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ သူရိယကတော့ သွားရေက်လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို သူ့ရဲ့ ဖေစ်ဘုတ်ကနေ ဝေမျှပေးလိုက်တာဖြစ်ပါတယ်။
…
ပရိသတ်တွေလည်း သာဓုခေါ်နိုင်ဖို့အတွက် သူရိယရဲ့ အလှူပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
Credit AUNTY MAY
SOurce: Thu Ri Ya