You are here
Home > Health > “ပ်ိဳေမတို႔ လွပေစဖို႔ ထမင္းရည္”

“ပ်ိဳေမတို႔ လွပေစဖို႔ ထမင္းရည္”

Zawgyi ျဖင့္ဖတ္၇န္

ပ်ိဳေမတို႔ လွပေစဖို႔ ထမင္းရည္

ထမင္းရည္မွာ အာဟာရဓာတ္ေတြ ၾကြယ္ဝတဲ့အတြက္ က်န္းမာေရးကို အေထာက္အကူျပဳသလို အလွအပေရးရာအတြက္လည္း အက်ိဳးရွိပါတယ္။

1. ဆံသားေတြကို က်န္းမာသန္စြမ္းေစပါတယ္။

ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက ထမင္းရည္ကို ေခါင္းေလွ်ာ္ရည္၊ ေပ်ာ့ေဆးအေနနဲ႔ အသံုးျပဳလာခဲ့ၾကပါတယ္။

ထမင္းရည္ထဲမွာ ပါဝင္တဲ့ ကစီဓာတ္တစ္မ်ိဳးက ဆံသားရဲ႕ က်ံဳ႕ဆန္႔ႏိုင္အားကို ေကာင္းမြန္ေစၿပီး ဆံသားပ်က္စီးျခင္းေၾကာင့္ျဖစ္တဲ့ အဖ်ားႏွစ္ခြျဖစ္ျခင္းေတြကို ေလ်ာ့နည္းေစပါတယ္။

ထမင္းရည္နဲ႔ ဆံပင္ေပါင္းပါက နက္ေမွာင္သန္စြမ္းၿပီး ရွည္လ်ားတဲ့ဆံပင္ကို ေပးစြမ္းႏိုင္ပါတယ္။

2. ဆံပင္အရင္းကို သနဆံပင္ကၽြတ္ျခင္းျပႆနာကို ေတာ္ေတာ္မ်ားမ်ား ႀကံဳေတြ႕ေနၾကရၿပီး ဆံပင္ကၽြတ္ သက္သာေစတယ္ဆိုတဲ့ ေခါင္းေလွ်ာ္ရည္ေတြ၊ ဆံပင္ေပ်ာ့ေဆးေတြကို ဝယ္ယူသံုးစြဲေနၾကရပါတယ္။

ဆံပင္ကၽြတ္ျခင္းအတြက္ နည္းလမ္းေကာင္းတစ္ခုကေတာ့ ထမင္းရည္ပါပဲ။

ထမင္းရည္မွာ ပါဝင္တဲ့ အမိုင္ႏိုအက္ဆစ္က ဆံပင္အရင္းေတြကို သန္မာေစၿပီး ဆံသားကို ေကာင္းမြန္ေစပါတယ္။

3. မ်က္ႏွာအသားအေရကို ေကာင္းမြန္ေစပါတယ္။

ထမင္းရည္က သဘာဝတိုနာျဖစ္ၿပီး ေခ်ာေမြ႕ေတာက္ေျပာင္ၿပီး က်န္းမာအသားအေရကို ေပးစြမ္းႏိုင္ပါတယ္။

ထမင္းရည္ကို ဂြမ္းလံုးေလးနဲ႔တို႔ၿပီး မ်က္ႏွာကို လိမ္းေပးျခင္းအားျဖင့္ ေခၽြးေပါက္က်ဥ္းေစကာ ေသြးလွည့္ပတ္မႈကိုလည္း ေကာင္းမြန္ေစပါတယ္။

4. ေခၽြးေပါက္ က်ဥ္းေစပါတယ္။

မ်က္ႏွာကို ထမင္းရည္လိမ္းၿပီး ညင္သာစြာ ႏွိပ္နယ္ေပးျခင္းအားျဖင့္ အသားအေရကို ႏူးညံ့တင္းရင္းေစႏိုင္ပါတယ္။

5. အရြယ္တင္ေစပါတယ္။

အိုမင္းရင့္ေရာ္ျခင္းက အခ်ိဳ႕ေသာသူေတြအတြက္ အိပ္မက္ဆိုးတစ္ခုလိုပါပဲ။ ပတ္ဝန္းက်င္ေၾကာင့္နဲ႔ အသက္အရြယ္ ႀကီးလာျခင္းေၾကာင့္ တျဖည္းျဖည္းနဲ႔ အသားအေရေတြက ေတာက္ပျခင္း ကင္းမဲ့လာပါတယ္။

ဒီလို အိုမင္းရင့္ေရာ္ျခင္းကို တြန္းလွန္ႏိုင္ဖို႔အတြက္ ေကာင္းမြန္တဲ့ အစားအစာေတြ အားျဖည့္ေဆးေတြကို စားေနေသာက္ေနၾကရပါတယ္။

ထမင္းရည္က အသားအေရကို ေခ်ာေမြ႕ေစ႐ံုသာမက အရြယ္တင္ ႏုပ်ိဳေစပါတယ္။ အိုမင္းရင့္ေရာ္ျခင္းေၾကာင့္ ျဖစ္လာတဲ့ အစက္အေျပာက္ေတြနဲ႔ အေရးအေၾကာင္းေတြကို ေလ်ာ့နည္းေစပါတယ္။

6. အေရျပား ေရာင္ရမ္းျခင္းကို သက္သာေစပါတယ္။

အေရျပားမွာ အနာျဖစ္လွ်င္ (သို႔) ထိခိုက္ဒဏ္ရာရလွ်င္ ထမင္းရည္ သုတ္လိမ္းေပးျခင္းျဖင့္ ေရာင္ရမ္းျခင္းကို သက္သာေစပါတယ္။

အပူေလာင္ျခင္းေၾကာင့္ ေရာင္ရမ္းျခင္းေတြကိုလည္း သက္သာေစပါတယ္။

7. ႏွင္းခူအတြက္ ေဆးလည္း ျဖစ္ပါတယ္။

ႏွင္းခူဆိုတာ အေရျပားမွာ နီၾကမ္းလာၿပီး ကြဲလာကာ ယားယံေစတဲ့ေရာဂါတစ္မ်ိဳး ျဖစ္ပါတယ္။ ထမင္းရည္က ႏွင္းခူေရာဂါကို ကုသေပးႏိုင္ပါတယ္။

8. အသားအေရကို ျပဳျပင္ထိန္းသိမ္းေပးတဲ့ သဘာဝေဆးတစ္မ်ိဳး ျဖစ္ပါတယ္။

အေပၚမွာ ေျပာထားတဲ့အတိုင္းပဲ ထမင္းရည္က သဘာဝကေပးတဲ့ အသားအေရ ထိန္းသိမ္းႏိုင္စြမ္းရွိတဲ့ အရာတစ္ခုပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ အလွအပေရးရာအတြက္ ပိုက္ဆံ အမ်ားႀကီး အကုန္မခံႏိုင္ဘူးဆိုရင္ ထမင္းရည္က အေကာင္းဆံုးပါ။

ေနာက္ထပ္ ေကာင္းက်ိဳးတစ္ခုက ထမင္းရည္ကို သံလြင္ဆီနဲ႔ေရာၿပီး scrub အျဖစ္ အသံုးျပဳပါက အေရျပားကို အာဟာရ ျပည့္ဝေစၿပီး အမည္းစက္ေတြကို ေပ်ာက္ကင္းေစပါတယ္။

Credit: Dr. Mya Myo Myo Swe (www.drmyanmar.com)

Unicodeဖြင့်ဖတ်ရန်

ပျိုမေတို့ လှပစေဖို့ ထမင်းရည်

ထမင်းရည်မှာ အာဟာရဓာတ်တွေ ကြွယ်ဝတဲ့အတွက် ကျန်းမာရေးကို အထောက်အကူပြုသလို အလှအပရေးရာအတွက်လည်း အကျိုးရှိပါတယ်။

1. ဆံသားတွေကို ကျန်းမာသန်စွမ်းစေပါတယ်။

ရှေးနှစ်ပေါင်းများစွာကတည်းက ထမင်းရည်ကို ခေါင်းလျှော်ရည်၊ ပျော့ဆေးအနေနဲ့ အသုံးပြုလာခဲ့ကြပါတယ်။

ထမင်းရည်ထဲမှာ ပါဝင်တဲ့ ကစီဓာတ်တစ်မျိုးက ဆံသားရဲ့ ကျုံ့ဆန့်နိုင်အားကို ကောင်းမွန်စေပြီး ဆံသားပျက်စီးခြင်းကြောင့်ဖြစ်တဲ့ အဖျားနှစ်ခွဖြစ်ခြင်းတွေကို လျော့နည်းစေပါတယ်။

ထမင်းရည်နဲ့ ဆံပင်ပေါင်းပါက နက်မှောင်သန်စွမ်းပြီး ရှည်လျားတဲ့ဆံပင်ကို ပေးစွမ်းနိုင်ပါတယ်။

2. ဆံပင်အရင်းကို သနဆံပင်ကျွတ်ခြင်းပြဿနာကို တော်တော်များများ ကြုံတွေ့နေကြရပြီး ဆံပင်ကျွတ် သက်သာစေတယ်ဆိုတဲ့ ခေါင်းလျှော်ရည်တွေ၊ ဆံပင်ပျော့ဆေးတွေကို ဝယ်ယူသုံးစွဲနေကြရပါတယ်။

ဆံပင်ကျွတ်ခြင်းအတွက် နည်းလမ်းကောင်းတစ်ခုကတော့ ထမင်းရည်ပါပဲ။

ထမင်းရည်မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်က ဆံပင်အရင်းတွေကို သန်မာစေပြီး ဆံသားကို ကောင်းမွန်စေပါတယ်။

3. မျက်နှာအသားအရေကို ကောင်းမွန်စေပါတယ်။

ထမင်းရည်က သဘာဝတိုနာဖြစ်ပြီး ချောမွေ့တောက်ပြောင်ပြီး ကျန်းမာအသားအရေကို ပေးစွမ်းနိုင်ပါတယ်။

ထမင်းရည်ကို ဂွမ်းလုံးလေးနဲ့တို့ပြီး မျက်နှာကို လိမ်းပေးခြင်းအားဖြင့် ချွေးပေါက်ကျဉ်းစေကာ သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။

4. ချွေးပေါက် ကျဉ်းစေပါတယ်။

မျက်နှာကို ထမင်းရည်လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးခြင်းအားဖြင့် အသားအရေကို နူးညံ့တင်းရင်းစေနိုင်ပါတယ်။

5. အရွယ်တင်စေပါတယ်။

အိုမင်းရင့်ရော်ခြင်းက အချို့သောသူတွေအတွက် အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ပတ်ဝန်းကျင်ကြောင့်နဲ့ အသက်အရွယ် ကြီးလာခြင်းကြောင့် တဖြည်းဖြည်းနဲ့ အသားအရေတွေက တောက်ပခြင်း ကင်းမဲ့လာပါတယ်။

ဒီလို အိုမင်းရင့်ရော်ခြင်းကို တွန်းလှန်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ အစားအစာတွေ အားဖြည့်ဆေးတွေကို စားနေသောက်နေကြရပါတယ်။

ထမင်းရည်က အသားအရေကို ချောမွေ့စေရုံသာမက အရွယ်တင် နုပျိုစေပါတယ်။ အိုမင်းရင့်ရော်ခြင်းကြောင့် ဖြစ်လာတဲ့ အစက်အပြောက်တွေနဲ့ အရေးအကြောင်းတွေကို လျော့နည်းစေပါတယ်။

6. အရေပြား ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

အရေပြားမှာ အနာဖြစ်လျှင် (သို့) ထိခိုက်ဒဏ်ရာရလျှင် ထမင်းရည် သုတ်လိမ်းပေးခြင်းဖြင့် ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

အပူလောင်ခြင်းကြောင့် ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေပါတယ်။

7. နှင်းခူအတွက် ဆေးလည်း ဖြစ်ပါတယ်။

နှင်းခူဆိုတာ အရေပြားမှာ နီကြမ်းလာပြီး ကွဲလာကာ ယားယံစေတဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ထမင်းရည်က နှင်းခူရောဂါကို ကုသပေးနိုင်ပါတယ်။

8. အသားအရေကို ပြုပြင်ထိန်းသိမ်းပေးတဲ့ သဘာဝဆေးတစ်မျိုး ဖြစ်ပါတယ်။

အပေါ်မှာ ပြောထားတဲ့အတိုင်းပဲ ထမင်းရည်က သဘာဝကပေးတဲ့ အသားအရေ ထိန်းသိမ်းနိုင်စွမ်းရှိတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

ဒါကြောင့် အလှအပရေးရာအတွက် ပိုက်ဆံ အများကြီး အကုန်မခံနိုင်ဘူးဆိုရင် ထမင်းရည်က အကောင်းဆုံးပါ။

နောက်ထပ် ကောင်းကျိုးတစ်ခုက ထမင်းရည်ကို သံလွင်ဆီနဲ့ရောပြီး scrub အဖြစ် အသုံးပြုပါက အရေပြားကို အာဟာရ ပြည့်ဝစေပြီး အမည်းစက်တွေကို ပျောက်ကင်းစေပါတယ်။

Credit: Dr. Mya Myo Myo Swe (www.drmyanmar.com)

Top
//nossairt.net/4/3018672