You are here
Home > Horoscope > လက်ဖဝါးမှာ X သင်္ကေတ (သို့) M သင်္ကေတ ပါလျှင်

လက်ဖဝါးမှာ X သင်္ကေတ (သို့) M သင်္ကေတ ပါလျှင်

လက်ဖဝါးမှာ X သင်္ကေတ




လက်ဖဝါးမှာ M သင်္ကေတ









ခရက်ဒစ် မူရင်း

Unicode

လက်ဖဝါးမှာ X သင်္ကေတ

လက်ဖဝါးမှာ X သင်္ကေတပါတဲ့ လက္ခဏာ ပိုင်ရှင်ဟာ ကြီးပွားချမ်းသာပြီး အထွတ်အထိပ်ကို ရောက်တက်တယ်။

ငယ်ရွယ်စဉ်မှာ မချမ်းသာသေးရင်လည်း ကြီးလာတဲ့ အခါမှာ ပြည့်ပြည့်စုံ နေရတက်ပါတယ်။ နောက်ဆဌမ အာရုံလို့ခေါ်တယ် အကြားအမြင် ရတက်တယ်။

ဘယ်သူတွေ့ ကိုယ်အပေါ်ဘယ်လို ဆက်ဆံတယ် ချက်ချင်းသိတယ်။ အကြီးအကဲတွေ့ ဖြစ်တက်တဲ့သူတွေ့ အခက်ခဲတွေ့ ဘယ်လောက်ရင်ဆိုင်ရ ရင်ဆိုင်ရ ကျော်လွှားနိုင်တဲ့ အစွမ်းအော်တိုရှိတယ်။

လက်ဖဝါးမှာ M သင်္ကေတ

လက်ဖဝါးနှစ်ဖက်ကို ပူးကြည့်လိုက်ပါ။ အခုလိုမျိုး M ပုံစံလေးဖြစ်နေရင်တော့ ဒီစာလေးကို ဖတ်ကြည့်လိုက်ဦးနော်။ ဒီလို M ပုံစံမျိုးဖြစ်နေတာနဲ့ပတ်သက်လို့ တခြားဆောင်းပါးတွေ၊ ဝဘ်ဆိုက်တွေမှာလည်း အများအပြားဖော်ပြကြပါတယ်။

နှလုံးလမ်းကြောင်း၊ အသက်လမ်းကြောင်း၊ Fate Line (ကံကြမ္မာလမ်းကြောင်း)၊ Head Line ( အဓိကလမ်းကြောင်း) တွေ ကိုကြည့်လိုက်ပါ။ အဲဒီလမ်းကြောင်းတွေကို စက်ကြည့်လိုက်လို့ M ပုံစံမျိုး ဖြစ်နေရင်တော့ –

သင့်မှာ ကံကြမ္မာကောင်းတွေ ရှိပါတယ်။ အလွန်စည်းကမ်းရှိပြီး တက်ကြွတဲ့သူတစ်ယောက်ဖြစ်လို့ အသက်မွေးဝမ်းကြောင်းမှာ အောင်မြင်မှုရသူတစ်ဦးဖြစ်ပါတယ်။ သူတို့တွေဟာ ကိုယ့်ကိုကိုယ် Motivate လုပ်နိုင်သူတွေဖြစ်ပါတယ်။

အလုပ်ကိုကြိုးစားလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး သူတပါးအပေါ်လည်း စာနာတတ်သူဖြစ်ပါတယ်။ M ဆိုတဲ့ စာလုံးလေးပါတဲ့သူတွေဟာ သတင်းထောက်၊ စာရေးဆရာ (သို့) ပညာရေးပိုင်းအလုပ်တွေကို ပိုပြီး ရွေးချယ်လုပ်ကိုင်ကြသူတွေများပါတယ်။

သင်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်လို အရည်အချင်းရှိတယ်၊ ချမ်းသာကြွယ်ဝနိုင်တယ်၊ ကံကောင်းတဲ့သူဖြစ်တယ်၊ အလားအလာကောင်းသူတွေဖြစ်ပါတယ်။

တခြားသူတွေရဲ့ စိတ်ကို အလိုလိုသိနေတတ်တယ်။ အဲဒါကြောင့် သင့်ရှေ့မှာဆို မဟုတ်တာသိပ်လုပ်လို့မရဘူး။ အရမ်းလည်းပါးနပ်တဲ့သူတွေဖြစ်ပါတယ်။တစ်ယောက်ယောက်က လိမ်နေရင်လည်း သိတယ်။

သင့်အပေါ် တခြားသူတွေက သစ္စာဖောက်ရင် မရိုးသားရင်လည်း အလိုလိုသိနေတတ်တယ်။ အဲဒီလို အာရုံမျိုးက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီးရှိကြတယ်။

သင့်မှာကော M ဆိုလေး ပါလား။ ကိုယ့်မှာမပါရင်လည်း ပါတဲ့သူငယ်ချင်းလေးတွေရဲ့ နာမည်ကိုခေါ်ခဲ့ဦးနော်။

ခရက်ဒစ် မူရင်း

Top
//sotchoum.com/4/3018672