You are here
Home > Facebook သတင်းစုံ > India ကြက်တောင်မယ်ကို ရှုံးကြွေးဆပ်ပြီး ၁၆ သင်းအဆင့်ကိုတက်ရောက်နိုင်ခဲ့တဲ့ သက်ထားသူဇာ

India ကြက်တောင်မယ်ကို ရှုံးကြွေးဆပ်ပြီး ၁၆ သင်းအဆင့်ကိုတက်ရောက်နိုင်ခဲ့တဲ့ သက်ထားသူဇာ





Unicode Version ဖြင့် ဖတ်ပါ
★★★

မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ်လေးဖြစ်တဲ့ သက်ထားသူဇာဟာဆိုရင် လက်ရှိအချိန်မှာ ၂၀၂၀ အိုလံပစ် ပြိုင်ပွဲဝင်နိုင်ဖို့အတွက် နိုင်ငံအလိုက် ပြိုင်ပွဲ တွေကို ဝင်ရောက်ယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် နေသူလေး ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟ Maldives International Challenge 2019
မှာ ပြိုင်ပွဲဝင် ယှဉ်ပြိုင်နေပါတယ်။

ဒီနေ့ မနက်မှာတော့ India ကစားသမားနဲ့ 32 ယောက် အဆင့်ကို ယှဉ်ပြိုင်ခဲ့ပြီး နှစ်ပွဲပြတ် အနိုင်ရရှိခဲ့တယ်လို့ ကြက်တောင်မယ် သက်ထားသူဇာက သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ပရိသတ်ကို အသိပေးလာပါတယ်။

ပြီးတော့ 16ယောက် အဆင့်ကို ညနေပိုင်းမှာ ဘူဂေးရီးယား ကစားသမားနဲ့ ဆက်က်ယှဉ်ပြိုင်ရမှာဖြစ်ပြီးတော့ သူမကိုအားပေးတဲ့ ပရိသတ်အများအတွက်ဆက်လက်အားပေးကြပါဦးလို့ တောင်းဆိုလာပါတယ်..။

Writer- SMT(Shwe Yaung Lan)

Top
//itespurrom.com/4/3018672