You are here
Home > Health > ပါးချိတ်ရောင် ရောဂါ..ရောဂါ လက္ခ ဏာနှင့် ကုသနည်း
ပါးချိတ်ရောင် ရောဂါ..ရောဂါ လက္ခ ဏာနှင့် ကုသနည်း
===========
ဒေါက်တာ လွင်သန့် (ဆေး-၂)
Unicode Version ဖြင့် ဖတ်ပါ
★★★
ပါးချိတ်ရောင် ရောဂါ (Mumps)
ပါးချိတ် ရောင် ရောဂါသည် မန့် (ကြာဈ) ဗိုင်းရပ်စ် ကြောင့် ဖြစ်ပွား ရတဲ့ ရောဂါဖြစ်ပါ တယ်။ အဲဒီ ရောဂါဟာ ဆောင်းတွင်း ကာလနဲ့ မိုးဦးကျ ကာလ တွေမှာ အဓိက ကူးစက် ဖြစ်ပွား တတ်ပါတယ်။
ကူးစက်ရာ လမ်းကြောင်း – ကူးစက်ရာ လမ်းကြောင်းကို ကြည့်တဲ့ အခါ လူနာနဲ့ တိုက်ရိုက်ထိ တွေ့ ကူးစက်ခြင်းနဲ့ အစက်ငယ် ကူးစက်ခြင်း လည်း ရှိတယ်။ လေကြောင့် ထွက်သက် ဝင်သက်၊ တံတွေး၊ ရောဂါ ရှိသူရဲ့ အခန်းရှိ ပစ္စည်းများ၊ အိုးခွက် ပန်းကန်များ၊ အိပ်ရာ၊ ခြင်ထောင်၊ အဝတ်အ စားများ၊ ရောဂါဖြစ်ဖူး သူရဲ့အနာဖေး များမှ တစ်ဆင့် ကူးစက်စေပါ တယ်။
ရောဂါ လက္ခ ဏာများ – မန့် (ကြာဈ) ပါးချိတ်ရောင် ရောဂါ လက္ခဏာ များမှာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ပါးစောင်များ နာလာခြင်း၊ ပါးစပ်ဟ မရ ဖြစ်ခြင်း၊ ပါးချိတ် နှစ်ဖက်လုံး ရောင်ရမ်း ခြင်းနှင့် နောက် ၁ဝ ရက်ကြာ ပျောက် ကင်းသွားခြင်း တို့ဖြစ်ပြီး သေဆုံးနိုင်ခြင်း မရှိပါ။ ပါးချိတ်ရောင် လူနာကို အရောင်ပျောက်တဲ့ အထိ တစ်ပတ်ခန့် သီးခြားထားဖို့ လိုပါတယ်။ ဆက်စပ် သူများကို ကာကွယ်တဲ့ အနေနဲ့ ထပ်ဆင့်မြှင့် စီဖရန် ၅ဝဝ မီလီဂရမ် နှစ်လုံး တစ်ခါတည်း တိုက်ရမယ်။ နီးစပ်သူ များကို သီးခြား ထားစရာမ လိုပါ။
မကူးစက် နိုင်အောင် ကြိုတင် ကာကွယ် နည်းများ – ကြိုတင် ကာကွယ်နည်းမှာ ကာကွယ်ဆေး ပေါ်လာပြီး အနောက် နိုင်ငံများတွင် ထိုးနှံ တတ်ကြောင်း တွေ့ရပါတယ်။ ရောဂါဖြစ်ရင် ဆရာဝန်နဲ့ပြသကာ ညွှန်ကြားတဲ့ ဆေးညွှန်း အတိုင်း တိကျသေ ချာစွာ သောက်ဖို့ လိုပါတယ်။ ပါးချိတ်ရောင် ရောဂါဟာ ဗိုင်းရပ်စ်ပိုး ဖြစ်လို့ ကာကွယ်ဆေး နှစ်စဉ်ထိုး နှံဖို့ လိုပါတယ်။ မန့် ကာကွယ် ဆေးကို ထိုးနှံထားရင် ရောဂါ မဖြစ်နိုင်ပါဘူး။ တုပ်ကွေး ရောဂါလို နှာရည်ယို ခြင်းနှင့် အသက်ရှူ ချောင်းဆိုး ရာမှ ကူးစက်နိုင်ပါ တယ်။ လူမှလူကို ကူးစက်တယ်။ တစ်ပတ် ခန့်ကြာမှ သူ့ဘာသာ သက်သာ လာပြီး စားနိုင် သောက်နိုင် ပြန်ဖြစ် လာတယ်။
နောက်ထပ် ဗက်တီး ရီးယား မဝင်ရအောင် ပိုးသတ်ဆေး စီဖရန် သို့မဟုတ် အမောက်ဆလင် ၂၅ဝ မီလီဂရမ် တစ်နေ့နှစ်ကြိမ်၊ လူကြီးအတွက် ၅ဝဝ မီလီဂရမ် တစ်နေ့နှစ်ကြိမ် ခုနစ်ရက်မှ ၁ဝ ရက်အထိ တိုက်ကျွေး နိုင်တယ်။ တိုက်ရင် ပါရာ စီတမော၊ ကီးမို့စ် (Paracetamol, Kemose) တစ်နေ့နှစ်ကြိမ် တိုက်နိုင်တယ်။ ဆားရည်နဲ့ မကြာခဏ ပလုတ်ကျင်း သင့်တယ်။ ဓာတ်ဆား ရည် သောက်သင့်တယ်။ လူနာကို သီးခြားထား ကုသဖို့ လိုပါမယ်။ သိပ်ပြင်း ထန်ရင် ဆေးရုံ၊ ဆေးခန်း သွားပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက် အတိုင်း သေချာ တိကျတဲ့ ဆေးကို တိုက်သင့်ပါ တယ်။
ကုသခြင်း – ပုံမှန်အ တိုင်း လှုပ်ရှားသွား လာနိုင်ပေမယ့် သီးခြား နေသင့်တယ်။ ရောဂါ နှစ်မျိုး ဖြစ်လို့ တုပ်ကွေး သက်သာ အောင် ပါရာစီတမော (Paracetamol) စသဖြင့် သောက်နိုင် တယ်။ နွေးနွေး ထွေးထွေး နေရမယ်။ အပူပြင်း ရင် ရေပတ် တိုက်ကာ အအေးခန်း (Aircon) ခန်းမှာ နေနိုင်ပါ တယ်။ ဆေးရုံ၊ ဆေးခန်း တွေမှာ ဆရာဝန်န့ဲပြသပြီး ဆရာဝန် ညွှန်ကြားတဲ့ ဆေးတွေကို တိကျသေ ချာစွာ သောက်သင့်ပါ တယ်။ ဒီရော ဂါဟာ လူအ ချင်းချင်း ကူးစက် နိုင်လို့ ပြုစုပေးတဲ့ သူတွေ အနေနဲ့လည်း ထပ်ဆင့ ်မြှင့်ဆေး စီဖရန် ၅ဝဝ မီလီဂရမ် နှစ်လုံး တစ်ကြိမ်တည်း သောက်သုံး ထားသင့် တယ်။
===========
ဒေါက်တာ လွင်သန့် (ဆေး-၂)
Top
//thefacux.com/4/3018672