
ရုပ်ရှင်လောကတွင် နှစ်ပေါင်းများစွာတိုင်အောင် အောင်မြင်မှုတွေနဲ့ ရပ်တည်နေသူကတော့ ဝါရင့်ရုပ်ရှင်သရုပ်ဆောင် မင်းသမီးခင်ဇာခြည်ကျော်ပါ။ သူမရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုကိုရရှိထားတာပါ။ သူမဟာ Single Mother ဘဝနဲ့ သားနဲ့သမီးကို ပြုစုစောင့်ရှောက်နေတဲ့ မိခင်ကောင်းတစ်ယောက်ပါ။
သူမရဲ့ သားနဲ့သမီးတွေဖြစ်ကြတဲ့ ဘုန်းမင်းနေလနဲ့ထင်သစ္စာတို့ဟာလည်း အနုပညာလောကထဲကို စတင်လျှောက်လှမ်းနေကြပါပြီ။ ဘုန်းမင်းနေလဟာလည်း နှုတ်ခမ်းနီမလေးတွေရဲ့အသည်းတွေကို ကြွေအောင်ခြွေနိုင်သူတစ်ယောက်ပါ။ ခင်ဇာခြည်ကျော်ကတော့ သားနဲ့သမီးရဲ့အောင်မြင်မှုတွေကို ကြည့်ပြီး ကြည်နူးပီတိဖြစ်နေတာပါ။
…
သူမဟာ ကလေးတွေနဲ့အတူ Tik Tok လေးတွေလည်းမကြာခဏဆော့ကစားလေ့ရှိပြီး အခုမှာလည်း သမီးလေးထင်သစ္စာနဲ့ရိုက်ကူးထားတဲ့ Tik Tok လေးတွေကို Tik Tok Application လေးမှာတင်ထားတာပါ။ သမီးလေးဟာလည်းအမေတူလို့ပြောရလောက်အောင် သရုပ်ဆောင်ပီပြင်လွန်းတာပါ။ ပရိသတ်တွေအတွက် ဒီ Tik Tok ဗီဒီယိုလေးတွေကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။
…
…
…
Photo Credit – Khinzarchikyaw Zar’s Facebook