You are here
Home > အနုပညာ > Running Man ပရိသတ္ေတြနဲ႔ ေတြ႔ဆံုပြဲမွာ မ်က္ရည္လည္ရႊဲျဖစ္ခဲ့ရတဲ့ ဂ်ီဟို

Running Man ပရိသတ္ေတြနဲ႔ ေတြ႔ဆံုပြဲမွာ မ်က္ရည္လည္ရႊဲျဖစ္ခဲ့ရတဲ့ ဂ်ီဟို

Running Man ဆိုတဲ့ TV အစီစဥ္ကေတာ့ က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာတင္မဟုတ္ဘဲ ကမၻာတလႊားမွာပါေအာင္ ျမင္ေနတဲ့ အစီစဥ္တစ္ခုပါ။ ၂၀၁၀ ခုႏွစ္ ဂ်ဴလိုင္ လကေန စတင္႐ုိက္ကူးထုတ္လႊင့္ခဲ့တဲ့ အစီစဥ္ကေတာ့ ကိုးရီးယား နာမည္ေက်ာ္ဆယ္လီေတြတင္သာမကပဲ ႏိုင္ငံတကာက ကမၻာေက်ာ္ေတြကိုပါ ဖိတ္ေခၚၿပီး ရိုက္ကူးထုတ္လႊင့္ခဲ့တာပါ ။Business Insider ရဲ႕ ၂၀၁၆ ခုႏွစ္စစ္တမ္းေတြအရ ကမၻာ့အေကာင္းဆံုး ရုပ္သံအစီစဥ္ ၂၀ ပါလည္း ပါဝင္ခဲ့ပါေသးတယ္။ အစီစဥ္ရဲ႕ အစပိုင္းမွာေတာ့ အမ်ိဳးသားအဖြဲ႕ဝင္ေတြနဲ႔သာ ဖြဲ႔စည္းၿပီး ရိုက္ကူးခဲ့တာျဖစ္ေပမယ့္လို႔ မင္းသမီးဂ်ီဟိုက ဧည့္သည့္အျဖစ္ပါဝင္ကစားရာမွာ သူရဲ႕ စိတ္အားတက္ႂကြမႈေတြေၾကာင့္ အၿမဲတမ္းအဖြဲ႕ဝင္အျဖစ္ သတ္မွတ္ခံခဲ့ရတာျဖစ္ပါတယ္။

ဂ်ီဟိုကေတာ့ ေမာ္ဒယ္အလုပ္နဲ႔ အႏုပညာအလုပ္ေတြကို စတင္လုပ္ကိုင္ခဲ့သူပါ ။ ဂ်ဴမံုဇာတ္လမ္းတြဲက သူ႕ဘဝကို ေအာင္ျမင္မႈလမ္းေၾကာင္းေပၚပို႔ေပးခဲ့တာျဖစ္ပါတယ္။ ႏိုင္ငံကုိယ္စားျပဳ ေရကူးအားကစားမယ္ ျဖစ္သူမိခင္က ေမြးဖြားလာသူျဖစ္ပါတယ္။ သူရဲ႕ နာမည္ကိုလည္း ေဆာင္းေဟဂ်ိဳ နဲ႔ ေဆာင္း ဆန္ဟြန္း တို႔ကုိ အားက်ၿပီး ေဆာင္းဂ်ီဟို လို႔ေျပာင္းခဲ့သူျဖစ္ပါတယ္။ သူ႔နာမည္အရင္းကေတာ့ ခ်မ္းဆုယြမ္ ပါ။ သူဟာ ရာဇဝင္ကားေတာ္ေတာ္မ်ားမ်ားကို ရိုက္ကူးခဲ့ရၿပီး ရိုက္ကူးသမွ်ကားတိုင္းကလည္း ေအာင္ျမင္ခဲ့ပါတယ္။ ဂ်ီဟိုတစ္ေယာက္ RM မွာ အသားက်ဖို႔ ကိစၥဟာ လြယ္လြယ္ကူကူေတာ့ မဟုတ္လွပါဘူး ။ ဟားဟား ၊ ဂယ္ရီ ၊ ဂ်ံဳဂုတို႔ ရင္းရင္းနီးနီး စကားေျပာႏိုင္ေအာင္လို႔ သူမွာ တစ္ႏွစ္ေလာက္ေတာင္ အခ်ိန္ ယူခဲ့ရပါတယ္။

Game ကစားရာမွာ ေဒါသတႀကီးနဲ႔ ခ်စ္စရာေကာင္းေအာင္ ကစားတတ္တဲ့ အာဂသတၱိပိုင္ရွင္ေလး ဂ်ီဟိုတစ္ေယာက္ ကေတာ့ RM ရဲ႕ ၉ ႏွစ္ျပည့္အထိမ္းမွတ္ျပဳလုပ္တဲ့ ပရိသတ္ေတြနဲ႔ ေတြ႕ဆံုတဲ့ RM အပိုင္း (၄၆၉) မွာ ပရိသတ္ေတြနဲ႔ စကားေျပာတဲ့အခ်ိန္မွာ ရုတ္တရက္သူက စကားလံုးေတြဆြံ႕အၿပီး မ်က္ရည္ေတြ ထိန္းမရသိမ္းမရ ျဖစ္ခဲ့ၿပီး မ်က္ရည္ေတြက်လာေတာ့ေၾကာင့္ လီဂြမ္ဆူကေတာင္ သူ႔ကို သက္သာရာရေအာင္ႏွစ္သိမ့္ေပးလိုက္ရပါေသးတယ္ ။ ကိုႏွာေခါင္းႀကီး လို႔ ခ်စ္စႏိုးေခၚၾကတဲ့ ဂ်ီေဆာ့ဂ်င္ကေတာင္မွာ “ က်ေနာ္က စိတ္ထိခိုက္လြယ္တဲ့ လူမ်ိဳးမဟုတ္တာေတာင္ ပရိသတ္ေတြရဲ႕ အားေပးလက္ခုပ္သံေတြၾကားၿပီး ခံစားခဲ့ရပါတယ္။ အားလံုးကိုယ္စား ေက်းဇူးတင္ပါတယ္ ဆိုၿပီးေတာ့ေျပာျပသြားခဲ့ပါတယ္။

Unicode

Running Man ဆိုတဲ့ TV အစီစဉ်ကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာတင်မဟုတ်ဘဲ ကမ္ဘာတလွှားမှာပါအောင် မြင်နေတဲ့ အစီစဉ်တစ်ခုပါ။ ၂၀၁၀ ခုနှစ် ဂျူလိုင် လကနေ စတင်ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ အစီစဉ်ကတော့ ကိုးရီးယား နာမည်ကျော်ဆယ်လီတွေတင်သာမကပဲ နိုင်ငံတကာက ကမ္ဘာကျော်တွေကိုပါ ဖိတ်ခေါ်ပြီး ရိုက်ကူးထုတ်လွှင့်ခဲ့တာပါ ။Business Insider ရဲ့ ၂၀၁၆ ခုနှစ်စစ်တမ်းတွေအရ ကမ္ဘာ့အကောင်းဆုံး ရုပ်သံအစီစဉ် ၂၀ ပါလည်း ပါဝင်ခဲ့ပါသေးတယ်။ အစီစဉ်ရဲ့ အစပိုင်းမှာတော့ အမျိုးသားအဖွဲ့ဝင်တွေနဲ့သာ ဖွဲ့စည်းပြီး ရိုက်ကူးခဲ့တာဖြစ်ပေမယ့်လို့ မင်းသမီးဂျီဟိုက ဧည့်သည့်အဖြစ်ပါဝင်ကစားရာမှာ သူရဲ့ စိတ်အားတက်ကြွမှုတွေကြောင့် အမြဲတမ်းအဖွဲ့ဝင်အဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဂျီဟိုကတော့ မော်ဒယ်အလုပ်နဲ့ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့သူပါ ။ ဂျူမုံဇာတ်လမ်းတွဲက သူ့ဘဝကို အောင်မြင်မှုလမ်းကြောင်းပေါ်ပို့ပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံကိုယ်စားပြု ရေကူးအားကစားမယ် ဖြစ်သူမိခင်က မွေးဖွားလာသူဖြစ်ပါတယ်။ သူရဲ့ နာမည်ကိုလည်း ဆောင်းဟေဂျို နဲ့ ဆောင်း ဆန်ဟွန်း တို့ကို အားကျပြီး ဆောင်းဂျီဟို လို့ပြောင်းခဲ့သူဖြစ်ပါတယ်။ သူ့နာမည်အရင်းကတော့ ချမ်းဆုယွမ် ပါ။ သူဟာ ရာဇဝင်ကားတော်တော်များများကို ရိုက်ကူးခဲ့ရပြီး ရိုက်ကူးသမျှကားတိုင်းကလည်း အောင်မြင်ခဲ့ပါတယ်။ ဂျီဟိုတစ်ယောက် RM မှာ အသားကျဖို့ ကိစ္စဟာ လွယ်လွယ်ကူကူတော့ မဟုတ်လှပါဘူး ။ ဟားဟား ၊ ဂယ်ရီ ၊ ဂျုံဂုတို့ ရင်းရင်းနီးနီး စကားပြောနိုင်အောင်လို့ သူမှာ တစ်နှစ်လောက်တောင် အချိန် ယူခဲ့ရပါတယ်။

Game ကစားရာမှာ ဒေါသတကြီးနဲ့ ချစ်စရာကောင်းအောင် ကစားတတ်တဲ့ အာဂသတ္တိပိုင်ရှင်လေး ဂျီဟိုတစ်ယောက် ကတော့ RM ရဲ့ ၉ နှစ်ပြည့်အထိမ်းမှတ်ပြုလုပ်တဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံတဲ့ RM အပိုင်း (၄၆၉) မှာ ပရိသတ်တွေနဲ့ စကားပြောတဲ့အချိန်မှာ ရုတ်တရက်သူက စကားလုံးတွေဆွံ့အပြီး မျက်ရည်တွေ ထိန်းမရသိမ်းမရ ဖြစ်ခဲ့ပြီး မျက်ရည်တွေကျလာတော့ကြောင့် လီဂွမ်ဆူကတောင် သူ့ကို သက်သာရာရအောင်နှစ်သိမ့်ပေးလိုက်ရပါသေးတယ် ။ ကိုနှာခေါင်းကြီး လို့ ချစ်စနိုးခေါ်ကြတဲ့ ဂျီဆော့ဂျင်ကတောင်မှာ “ ကျနော်က စိတ်ထိခိုက်လွယ်တဲ့ လူမျိုးမဟုတ်တာတောင် ပရိသတ်တွေရဲ့ အားပေးလက်ခုပ်သံတွေကြားပြီး ခံစားခဲ့ရပါတယ်။ အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ် ဆိုပြီးတော့ပြောပြသွားခဲ့ပါတယ်။

Top
//meenetiy.com/4/3018672