
Zawgyi ျဖင့္ဖတ္ရန္
ေနရဲဆိုတာ အထူးမိတ္ဆက္ေပးစရာမလိုေလာက္ေအာင္ ပရိသတ္ေတြနဲ ႔ ရင္းႏွီးၿပီးသားသ႐ုပ္ေဆာင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ဝါရင့္ ဇာတ္ပို႔သ႐ုပ္ေဆာင္ ခင္လႈိင္ရဲ႕ သားတစ္ေယာက္ျဖစ္ၿပီး ခင္လႈိင္ရဲ႕ အႏုပညာအေမြကို ဆက္ခံေနတဲ့ အႏုပညာေလာကနဲ႔ မစိမ္းတဲ့သူတစ္ေယာက္လို ႔ ဆိုရမွာပါ။” ရတနာပုံ ” ဇာတ္လမ္းတြဲမွာ ပရိသတ္ေတြစတင္ သတိထားမိလာကာ ႐ုပ္ရွင္ကားႀကီးေတြပါ ႐ိုက္ကူးလာသူပါ။ ထို႔ျပင္ ညီမေခ်ာေခ်ာေလးျဖစ္တဲ့ သ႐ုပ္ေဆာင္ မင္းသမီးေလး သဇင္ထူးျမင့္ေၾကာင့္လည္း ေယာက်ာ္းေလးပရိသတ္ေတြရဲ႕ ေယာက္ဖလို ႔ ေခၚျခင္းကို ခံေနရတာပဲ ျဖစ္ပါတယ္။
လက္ရွိအႏုပညာလႈပ္ရွားမႈအေနနဲ႔ ” Oxygen ” ဆိုတဲ့ ႐ုပ္ရွင္ကားႀကီးကို ျမင့္ျမတ္ ၊မိုးေအာင္ရင္တို ႔နဲ ႔အတူ ႐ိုက္ကူးခဲ့တာျဖစ္ၿပီး ” နဂါး ” ဆိုတဲ့ ကာ႐ိုက္တာနဲ႔ ပါဝင္ကာ ခပ္ဆိုးဆိုးလူမိုက္တစ္ေယာက္ျဖစ္ၿပီး အေဖ့ရဲ႕ တပည့္တပန္းေတြနဲ ႔ ဆိုးသြမ္းတဲ့ လူငယ္တစ္ေယာက္အျဖစ္ ပါဝင္မွာျဖစ္တယ္လို ႔ သိရပါတယ္။ဇာတ္ကားထဲမွာျမင့္ျမတ္နဲ ႔ ညီအစ္ကို သူငယ္ခ်င္းလို ျဖစ္ၿပီး တူတူဆိုးၾကတဲ့ ဆိုးေဖာ္ဆိုးဖက္အေနနဲ႔ ေတြ႕ျမင္ရမွာပဲ ျဖစ္ပါတယ္။ေအာက္တိုဘာလမွာ ႐ုံတင္ေတာ့မယ့္ ခင္လႈိင္ ပထမဆုံးဒါ႐ိုက္တာအေနနဲ ႔ စတင္႐ိုက္ကူးထားတဲ့ ” ခ်ိဳး႐ုပ္ ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း ဇာတ္ဝင္သီခ်င္း ေလးဆိုထားတယ္လို ႔ သိရပါတယ္။
စက္တင္ဘာလ (၂၄)ရက္ေန႔ကေတာ့ သ႐ုပ္ေဆာင္ မင္းသား ေနရဲ ရဲ႕ ( ၂၅ )ႏွစ္ေျမာက္ ေမြးေန႔ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္။ ( ၂၅ )ႏွစ္ေျမာက္ ေမြးေန႔အလွဴမဂၤလာအျဖစ္ စတုဒီသာထမင္းႏွင့္သီးစုံပဲ ကုလားဟင္း၊ငါးေျခာက္ေၾကာ္၊ဘဲဥဟင္း၊ၾကက္သားဟင္း တို ႔နဲ ႔ စတုဒီတာ အလွဴ ျပုလုပ္ခဲ့ပါတယ္။ သရုပ္ေဆာင္ဘက္သာမက အဆိုဘက္ပါ ဝါသနာ ပါတဲ့ ေနရဲကေတာ့ လူမႈကြန္ရက္စာမ်က္ႏွာမွာ မိန္းကေလးပရိသတ္ေတြရဲ႕ အားေပးမႈျမင့္မားေနတဲ့ ဟန္ေနတာ ရဲ႕ မိုးမခအိပ္မက္ခရမ္းျပာ သီခ်င္း ကို အံံ့ၾသရေလာက္ေအာင္ ညစာစားပြဲမွာ သီဆိုျပခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ သေဘာက်ႏွစ္ျခိဳက္တဲ့ မွတ္ခ်က္ေတြ ရရွိေနတာ ပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေနရဲ ရဲ႕ ဗီဒီယိုေလးကိုၾကည့္ၿပီး မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။
Video ၾကည့္ရန္
ယူနီကုဒ္ျဖင့္ဖတ္ရန္
” လူမှုကွန်ရက်စာမျက်နှာမှာ လူကြိုက်များနေတဲ့ ဟန်နေတာ ရဲ့ မိုးမခအိပ်မက်ခရမ်းပြာ သီချင်း ကို အံံ့သြရလောက်အောင် သီဆိုပြခဲ့တဲ့ နေရဲ ”
နေရဲဆိုတာ အထူးမိတ်ဆက်ပေးစရာမလိုလောက်အောင် ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားသရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ဝါရင့် ဇာတ်ပို့သရုပ်ဆောင် ခင်လှိုင်ရဲ့ သားတစ်ယောက်ဖြစ်ပြီး ခင်လှိုင်ရဲ့ အနုပညာအမွေကို ဆက်ခံနေတဲ့ အနုပညာလောကနဲ့ မစိမ်းတဲ့သူတစ်ယောက်လို့ ဆိုရမှာပါ။” ရတနာပုံ ” ဇာတ်လမ်းတွဲမှာ ပရိသတ်တွေစတင် သတိထားမိလာကာ ရုပ်ရှင်ကားကြီးတွေပါ ရိုက်ကူးလာသူပါ။ ထို့ပြင် ညီမချောချောလေးဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးလေး သဇင်ထူးမြင့်ကြောင့်လည်း ယောကျာ်းလေးပရိသတ်တွေရဲ့ ယောက်ဖလို့ ခေါ်ခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။
လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ ” Oxygen ” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို မြင့်မြတ် ၊မိုးအောင်ရင်တို့နဲ့အတူ ရိုက်ကူးခဲ့တာဖြစ်ပြီး ” နဂါး ” ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ကာ ခပ်ဆိုးဆိုးလူမိုက်တစ်ယောက်ဖြစ်ပြီး အဖေ့ရဲ့ တပည့်တပန်းတွေနဲ့ ဆိုးသွမ်းတဲ့ လူငယ်တစ်ယောက်အဖြစ် ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ဇာတ်ကားထဲမှာမြင့်မြတ်နဲ့ ညီအစ်ကို သူငယ်ချင်းလို ဖြစ်ပြီး တူတူဆိုးကြတဲ့ ဆိုးဖော်ဆိုးဖက်အနေနဲ့ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။အောက်တိုဘာလမှာ ရုံတင်တော့မယ့် ခင်လှိုင် ပထမဆုံးဒါရိုက်တာအနေနဲ့ စတင်ရိုက်ကူးထားတဲ့ ” ချိုးရုပ် ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဇာတ်ဝင်သီချင်း လေးဆိုထားတယ်လို့ သိရပါတယ်။
စက်တင်ဘာလ (၂၄)ရက်နေ့ကတော့ သရုပ်ဆောင် မင်းသား နေရဲ ရဲ့ ( ၂၅ )နှစ်မြောက် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ( ၂၅ )နှစ်မြောက် မွေးနေ့အလှူမင်္ဂလာအဖြစ် စတုဒီသာထမင်းနှင့်သီးစုံပဲ ကုလားဟင်း၊ငါးခြောက်ကြော်၊ဘဲဥဟင်း၊ကြက်သားဟင်း တို့နဲ့ စတုဒီတာ အလှူ ပြုလုပ်ခဲ့ပါတယ်။ သရုပ်ဆောင်ဘက်သာမက အဆိုဘက်ပါ ဝါသနာ ပါတဲ့ နေရဲကတော့ လူမှုကွန်ရက်စာမျက်နှာမှာ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုမြင့်မားနေတဲ့ ဟန်နေတာ ရဲ့ မိုးမခအိပ်မက်ခရမ်းပြာ သီချင်း ကို အံံ့သြရလောက်အောင် ညစာစားပွဲမှာ သီဆိုပြခဲ့တာကြောင့် ပရိသတ်တွေရဲ့ သဘောကျနှစ်ခြိုက်တဲ့ မှတ်ချက်တွေ ရရှိနေတာ ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေရဲ ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source :Nay Ye
Shwe Poe – Cele Gabar