ဟဲလေးရဲ့သီချင်းနဲ့ စင်ပေါ်မှာအပီအပြင်ဒွန့်နေကြတဲ့ ပရိသတ်အသည်းကျော်မင်းသမီးချောလေး လေးယောက်ရဲ့ ချစ်စရာဗီဒီယိုဖိုင်လေး




CRD-Myanmarload

UNICODE

ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော်တွေထဲမှာ ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ MRTV-4 မင်းသမီးချောလေးတွေကလည်း အပါအဝင်ပါပဲ..။ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်မှုတွေအသီးသီးရရှိထားကြတဲ့ ပြည်သူ့အသည်းကျော်လေးတွေဖြစ်တဲ့ ပိုးကြာဖြူခင်၊ ဆောင်းဝတ်ရည်မေ၊ နန်းစန္ဒာလှထွန်းနဲ့ ခေးဆက်သွင်တို့ကတော့ ထိပ်တန်းက ရပ်တည်နေကြသူလေးတွေပဲ ဖြစ်ပါတယ်..။

ရုပ်သံဇာတ်လမ်းတွဲတွေတော်ောတ်များများနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားကြတဲ့ အချစ်ောတ်လေး လေးယောက်ကတော့ အခုတစ်ခါမှာလည်း အခမ်းအနားပွဲလေးကိုအတူ တက်ရောက်ရင်း ပျော်ပျော်ရွှင်ရွှင် ကခုန်နေကြပါတယ်နော်..။မုံရွာမှာ အသစ်ဖွင့်လှစ်လိုက်တဲ့ “ချယ်ရီဦး” နာရီဆိုင်အသစ်ဖွင့်ပွဲကို အဆိုတော်ဟဲလေးနဲ့ အတူတက်ရောက်ခဲ့ကြဖြစ်ပြီး ဟဲလေးရဲ့ အမိုက်စားသီချင်းမြူးမြူးလေးနဲ့ အပီအပြင်ဒွန့်ပြီး ပရိသတ်တွေနဲ့အတူ ပျော်ခဲ့ကြတာ ဖြစ်ပါတယ်..။

ဟဲလေးရဲ့ အမိုက်စားသီချင်းမြူးမြူးလေးနဲ့အတူ အပီအပြင်ဒွန့်နေကြတဲ့ မင်းသမီးချောလေး လေးယောက်ရဲ့ချစ်စရာပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြပါတယ်နော်..။ဒီကနေ့လေးမှာတော့ ပရိသတ်တွေနဲ့အတူ ပျော်ရွှင်စွာ ကခုန်ပြီး ချစ်စရာကောင်းနေကြတဲ့ ပြည်သူ့အသည်းကျော်လေးတွေရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။