မင်းသွေးလူဝင်စားတယ်ဆိုတဲ့သတင်းနဲ့ပတ်သတ်ပြီးပြောလာတဲ့နှင်းဆီလှေအဖွဲ့သားမျာ

သရုပ်ဆောင် နေတိုးရဲ့ ညီဖြစ်သူ သရုပ်ဆောင် မင်းသွေး ရုတ်တရက် ကွယ်လွန်သွားတဲ့ အတွက်အနုပညာရှင် လောကနှင့် တကွ မြန်မာနိုင်ငံသားများ အားလုံးကလည်း ဝမ်းနည်းခဲ့ကြရပါတယ်။ သရုပ်ဆောင် မင်းသွေး နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကို ကြည့်ရင်း အားလုံးက ဖြေမဆည်နိုင်ဖြစ်ခဲ့ရပါတယ်။

မကြာသေးခင်မှာတော့ မိသားစု တစ်ခုမှာ မင်းသွေး ပြန်လာဝင်စားချင်လို့ အိပ်မက်ပေးခဲ့တယ်ဆိုတဲ့ သတင်းကို အားလုံးဖတ်မိကြမှာပါ။ ထို့အတူ ဆရာတော်တစ် ပါးကလည်း မင်းသွေး ပြန်လာဝင်စားတယ်လို့ သတင်းတင်ပေးခဲ့တာကြောင့်လည်း ပရိသတ်က ဝမ်းသာနေကြသလို ၊ မဖြစ်နိုင်ဘူးလို့ ဝေဖန်နေကြသူတွေလည်း
ရှိနေပါတယ်။

ဒီအပေါ်မှာ မင်းသွေးလူဝင်းစားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သတ်ပြီး MC Media က နှင်းဆီလှေအဖွဲ့သားတွေကို မေးမြန်းတဲ့အခါမှာ နှင်းဆီအဖွဲ့သားတွေဖြစ်တဲ့ ကျော်ကျော်ဗို ၊ မင်းမော်ကွန်း ၊ ရဲလေးတို့ကလည်း ဘယ်လိုမှ မှတ်ချက်မပေးလိုကြောင်းနဲ့ တကယ်ဆိုရင်တော့ ဝမ်းသာမိတဲ့အကြောင်း ၊ နေ့တိုင်းလည်းသတိရနေတဲ့ အကြောင်း ကို အခုလိုပဲ ပြောကြားသွားပါတယ်။

ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

Writer- SMT(Shwe Yaung Lan)
source- Myanmar Celibrity