You are here
Home > အနုပညာ > “အကောင့် ကို hack ပြီး မိမိနာမည်ကို အသုံးပြုကာ ငွေလိုက်ချေးနေတာကို ခံနေ ရတဲ့ ဟိန်းမင်းသူ”

“အကောင့် ကို hack ပြီး မိမိနာမည်ကို အသုံးပြုကာ ငွေလိုက်ချေးနေတာကို ခံနေ ရတဲ့ ဟိန်းမင်းသူ”

မိန်းကလေးတွေ ရဲ့ အသည်းကို လှုပ်ခတ်နိုင်တဲ့ အနုပညာရှင်တွေ ထဲကတစ်ယောက်အပါအ၀င်ဖြစ်တဲ့ ဟိန်းမင်းသူကတော့ အောင်မြင်နေတဲ့အဆိုတော်တစ်ယောက်ပါ။ခန့်ညားတည်ကြည်ပြီး ရုပ်ရည်ချောမောကာ ယောကျာ်းပီသတဲ့ ဘော်ဒီကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တာကြောင့် နှုတ်ခမ်းနီမလေးတွေ ရဲ့ ဝန်းရံမှုကို အခိုင်အမာရရှိထားသူတစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။ဟိန်းမင်းသူဟာ တေးစီးရီးအယ်ဘမ်တော်တော်များများကို ထွက်ရှိအောင်မြင်ထားသူတစ်ယောက်ဖြစ်ပြီး ထွက်သမျှသီချင်းတိုင်းကလည်း ပရိသတ်တွေရဲ့ ခံစားချက် နဲ့ အကြိုက်ကို ထပ်တူကျခဲ့တာမို့ အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

လတ်တလောမှာတော့ ဟိန်းမင်းသူဟာ အနုပညာ နဲ့ပတ်သက်တဲ့ကျောင်းတစ်ခုတက်နေတာကြောင့် သုံးလလောက်ပုံမတင်ဖြစ်ဘဲ ပရိသတ်နဲ့အဆက်အသွယ်ပြတ်သလိုဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီး သူပုံမတင်ဖြစ်တာကြောင့် သူ့ကိုမေ့သွား တဲ့သူတွေ ရှိသလို ဆက်ပြီးအားပေးနေတဲ့ပရိသတ်တွေလည်း ရှိတယ်လို့ သိရပါတယ်။ နောက်ထပ်တဖန်ပရိသတ်တွေအချစ်ကို ပြန်လည်သိမ်းပိုက်နိုင်အာင် လက်ရှိမှာ သီချင်းသစ်တွေနဲ့ စီးရီးတစ်ခုကို ထွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါသေးတယ်။ လက်ရှိမှာတော့ ကျယ်ပြန့်ပြီး ထွန်းကားလာတဲ့ ဖေ့စ်ဘွတ်ခ် လောကရဲ့ လှည့်စားမှုကို ဟိန်းမင်းသူတစ်ယောက်ခံနေရတာဖြစ်ပါတယ်။

သူအကောင့်ကို Hack ပြီး သူ့ရဲ့နာမည်နဲ့ တခြားသောသူများအား ငွေလိုက်ချေးနေတာကို ခံနေရပါတယ်။ သူ့ရဲ့ နာမည်ကို အလွဲသုံးစားလုပ်တာခံနေရတာဖြစ်ပြီး “စိတ်ဓာတ်ကအဲ့လောက်ဘဲလား၊သတိထားကြပါ ။ဘယ်သူဆီကမှပိုက်ဆံမချေးပါ ကို ကချေးပေးတာဘဲရှိပါတယ်”လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ငွေချေးသူဟာ သူမဟုတ်ကြောင်းကို ဖြေရှင်းပြောပြခဲ့ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ အကောင့်ကို Hack ပြီး သူ့နာမည်နဲ့ ငွေလိုက်ချေးနေတာကို ခံနေရတဲ့ ဟိန်းမင်းသူအတွက် အားပေးစကားလေး ပြောပြခဲ့ပါဦး……။

credit – celegbar

Top
//doruffleton.com/4/3018672