
UNICODE
ပရိသတ်တွေချစ်တဲ့ မော်ဒယ်ချောချောလေး ဟန်လင်းက ခန့်ညားပြီး ချစ်စရာကောင်းတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားသူပါ။ ဟန်လင်းက အခုဆိုရင် အနုပညာလုပ်ငန်းတွေအပြင် Floral Service လုပ်ငန်းကြီးကို ထူထောင်ပြီး ချစ်သူလေး မေဦးနဲ့ စီးပွားရေးလုပ်ငန်းတွေကို အတူတူ တွဲဖက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ဟန်လင်းနဲ့ မေဦးတို့ရဲ့ အချစ်ရေးလေးကလည်း ပရိသတ်တွေ အားကျနေရတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။
ဟန်လင်းက မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဂီတပြိုင်ပွဲကြီးဖြစ်တဲ့ Myanmar Idol Season 4 မှာ ဝင်ရောက် အရွေးခံခဲ့တာ ဖြစ်ပါတယ်။ဟန်လင်းက ထူးအိမ်သင်ရဲ့ အခါလွန်မိုး သီချင်းလေးနဲ့ ယှဉ်ပြိုင်ရင်း ဒိုင်တွေဆီက နောက်တစ်ဆင့် တက်လှမ်းဖို့ Golden Ticket ကို ရရှိခဲ့တာပဲဖြစ်ပါတယ်။
ပရိသတ်တွေအတွက် ဟန်လင်းရဲ့ သီဆိုယှဉ်ပြိုင်မှုကို မျှဝေပေးလိုက်ပါတယ်နော်။
ဟန်လင်းက “အား နည်း ချက် များ စွာ နဲ့…
အား ပေး ကြ တာ ကျေး ဇူး ပါ ခင် ဗျ ,..” ဆိုပြီး သူ့ရဲ့ ပရိသတ်တစ်ယောက်ချင်းစီကို ကျေးဇူးတင်စကားလေး ပြောထားပါသေးတယ်။
ဟန်လင်းတစ်ယောက် ဒိုင်တွေဆီက ရရှိခဲ့တဲ့ ချစ်သူ မေဦးကို မျက်ရည်ကျရလောင်အောင် surprise လုပ်ခဲ့တာ ကြည်နူးစရာပဲနော်။ ပရိသတ်ကြီးလည်း ဟန်လင်းကို နောက်အဆင့်တွေမှာ ဆက်လက်အားပေးကြပါဦးလို့ တောင်းဆိုလိုက်ပါတယ်။
Source: Myanmar Idol & Han Lin’s fb,CRD-MOMOLAY