You are here
Home > အနုပညာ > “ပရိသတ်တစ်ဦးရဲ့ Iphone နဲ့ Surprise လုပ်တာခံလိုက်ရတဲ့ ထူးအောင်”





Source:Htoo Aung
ချစ်သဲမေ CeleGabar

ယူနီကုတ်ဖြင့်ဖတ်ရန်

“ပရိသတ်တစ်ဦးရဲ့ Iphone နဲ့ Surprise လုပ်တာခံလိုက်ရတဲ့ ထူးအောင်”

ထူးအောင်ကတော့ အနုပညာလောကမှာ မိန်းကလေးတွေရဲ့ အသည်းကို လှုပ်ခတ်နိုင်တဲ့ မော်ဒယ်သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ခန့်ညားတည်ကြည်ပြီး ရုပ်ရည်ချောမောကာ ယောကျာ်းပီသတဲ့ ဘော်ဒီကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ ဝန်းရံမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ပါ။”Lady Boy “၊”စစ်ကား”ရုပ်ရှင်ဇာတ်ကားတွေမှာ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး တက်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်သူတစ်ယာက်ဖြစ်တာကြောင့် အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

ပရိသတ်အားပေးမှုတွေကို ရရှိနေသူတစ်ယောက်ဖြစ်တဲ့ ထူးအောင်ဟာအနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပြီး ယခုလက်ရှိ MRTV-4 ရုပ်သံဇာတ်လမ်းတွဲမှာပြသနေတဲ့ “ပျောက်ဆုံးနေသောအမှန်တရား”ဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ ထူးအောင်က Royal မိသားစုက သားအကြီးဆုံးကောင်းထက် ကာရိုက်တာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ထူးအောင်ဟာ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ပရိသတ်တွေအပေါ်မှာ ရင်းရင်းနှီးနှီးဖော်ဖော်ရွေရွေနဲ့ ပြောဆိုဆက်ဆံတတ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်အချစ်တွေကို ပိုင်ဆိုင်ရရှိထားသူတစ်ယောက်ဖြစ်ပြီး

စက်တင်ဘာလ(၂၅)ရက်နေကတော့ ပရိသတ်တစ်ဦးရဲ့ Surprise လုပ်တာကိုခံလိုက်ရတာဖြစ်ပါတယ်။ ထူးအောင်ဟာ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလုdလုပ်ကိုင်နေသူတစ်ယောက်ဖြစ်တာကြောင့် အဲဒီ Surprise ကို အမှတ်တမဲ့ ရှိနေခဲ့ပြီး ယနေ့ဖောက်ကြည့်ခဲ့ရာ ဝက်ဝံရုပ်လေးနဲ့အတူ Iphone11 Promax 512GB ဖုန်းတစ်လုံးကို ရရှိခဲ့တယ်လို့ ထူးအောင်က သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဖော်ပြထားပါတယ်။ ထူးအောင်တစ်ယောက်ကတော့ ပရိသတ်တွေပေးလိုက်တဲ့ Surprise ကြောင့် အရမ်းကို ကြည်နူးပီတိဖြစ်နေပြီး နောက်ထပ်ပိုပြီးတော့ ကြိုးစားသွားမယ်လို့ ပြောပြခဲ့ပါတယ်။

Source:Htoo Aung
ချစ်သဲမေ CeleGabar

Top
//whairtoa.com/4/3018672