You are here
Home > Facebook သတင်းစုံ > နိုင်ခြေအဆင့် ၂ ကနေဒါ ထိပ်သီးကြက်တောင်မယ်ကို အနိုင်ကစားပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားနိုင်ခဲ့တဲ့ သက်ထားသူဇာ

နိုင်ခြေအဆင့် ၂ ကနေဒါ ထိပ်သီးကြက်တောင်မယ်ကို အနိုင်ကစားပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားနိုင်ခဲ့တဲ့ သက်ထားသူဇာ






UNICODE

ပရိသတ်ကြီးရေ ကျနော်တို့ရဲ့ အချစ်တော် ကြက်တောင်မယ်လေး သက်ထားသူဇာတစ်ယောက် ဒီနေ့ယှဉ်ပြိုင်တဲ့ MALDIVES INTERNATIONAL CHALLENGE 2019 ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ ပြိုင်ပွဲရဲ့ နိုင်ခြေအဆင့် ၂ ရှိတဲ့ ကနေဒါက ထိပ်သီးကြက်တောင်မယ်ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါပြီ….

သက်ထားသူဇာရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ကနေဒါထိပ်သီး ကြက်တောင်မယ် Brittney TAM က နှယ်နှယ်ရရ မဟုတ်ဘူးဗျ… သက်ထားသူဇာထက် World Ranking မြင့်ပါတယ်…. ကမ္ဘာ့အဆင့် ၄၇ တောင်ရှိတာပါ…. ဒါကြောင့် ပွဲက အကြိတ်အနယ်ရှိခဲ့ပြီး ပထမပွဲမှာ သက်ထားသူဇာက (၂၁-၁၉) နဲ့ အနိုင်ရခဲ့ပေမဲ့ ဒုတိယပွဲမှာတော့ ကနေဒါကြက်တောင်မယ်က (၁၄-၂၁) နဲ့ ပြန်နိုင်သွားလို့ နောက်ဆုံးပွဲက တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့တာပါ..နောက်ဆုံးမှာတော့ သက်ထားသူဇာရဲ့ မလျှော့တဲ့ ဇွဲ ..စိတ်ဓာတ်ခိုင်မာမှု…လေ့ကျင့်သား ပြည့်ဝမှုတွေကြောင့် အပြတ်အသတ် အသာစီးရခဲ့ပြီး (၂၁-၉) မှတ်နဲ့ ၂ ပွဲ ၁ ပွဲ ဖြစ်ပြီး အနိုင်ယူနိုင်ခဲ့တာပါ…

ဒီနေ့ပြိုင်ပွဲကို ကွင်းထဲထိ လာအားပေးကြတာတွေကြောင့် ညီမလေးသက်ထားသူဇာတစ်ယောက် အားတွေ ပိုရှိသွားတာ ထင်ပါရဲ့…ဆီမီးဖိုင်နယ်မှာတော့ ဘယ်သူနဲ့တွေ့ရမလဲ မသိသေးပေမဲ့ သိတာနဲ့ ပရိသတ်ကြီးကို အမြန်ဆုံး အသိပေးသွားမှာမို့ သတင်းတွေ စောင့်ဖတ်ဖို့ မမေ့ကြနဲ့နော်…

သက်ထားသူဇာလေးကိုလည်း ဖိုက်တင်းး လို့ အားပေးခဲ့ကြပါအုံး…

Source : THET HTAR Thuzar,CRD-Writer – HW (Shwe Yaung Lan)

Top
//meenetiy.com/4/3018672