You are here
Home > အနုပညာ > ဟန်နေတာ နဲ့ တူတယ်ဆိုတာကို ပြန်လည်ဖြေရှင်းလိုက်တဲ့ မင်းညီ

ဟန်နေတာ နဲ့ တူတယ်ဆိုတာကို ပြန်လည်ဖြေရှင်းလိုက်တဲ့ မင်းညီ

ပရိသတ်တွေကြားမှာ အရမ်းကိုဟစ်ဖြစ်ခဲ့တဲ့ ဟန်နေတာနဲ့ မင်းညီတို့ရဲ့ ရုပ်ချင်းဆင်နေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ပရိသတ်တွေရဲ့ ဝေဖန်ပြောဆို မှုကို ခံခဲ့ရတဲ့ မင်းညီက ပြန်လည်ဖြေရှင်းလာပါတယ်။ ပရိသတ်တွေ ရဲ့ သဲသဲလှုပ်တစ်ယောက်နဲ့ ရုပ်ချင်းတူခွင့်ရတဲ့အတွက် ကျေနပ်ပါတယ် မဆဲကြပါနဲ့လို့ ပြောပြလာပါတယ်။

သူပြောခဲ့တာကတော့ ” ကျွန်တော်ဇာတ်လမ်းဇာတ်ညွှန်းဒါရိုက်တာအဖြစ် ပထမဆုံးရိုက်တဲ့ ဒီမိုရပ်ကွက် ရုပ်ရှင်ဇာတ်ကားမှာ ကျွန်တော်စာနယ်ဇင်းရှင်းလင်းပွဲ မှာတုန်းက ကျွန်တော်ပြောနေတဲ့ပုံ အဲ့ပုံတစ်ပုံထဲကဘဲ တိုက်တိုက်ဆိုင်ဆိုင် သူနဲ့သွားတူတာပါ။ ရှာတက်ဖွေတက်တဲ့ သူတွေကိုတော့ တော်တော်လေးလေးစားပါတယ်။ ကျွန်တော်တော့အပြင်မှာမမြင်ဖူးဘူး ကျွန်တော်ထင်ပါတယ် အပြင်မှာလဲ မတူနိုင်ပါဘူး ”

”ကျွန်တော်နဲ့ အပြင်မှာတကယ်တူတာက မင်းသူနဲ့တူတာလေ မင်းသူနဲ့ ကျွန်တော်ကစပြီးပေါ်ထဲက ညီအစ်ကို အရင်းတွေလိုမျိုးအပြောခံရတာ ။ ဦးနေအောင်သားတွေဆိုပြီးထင်ကြတာဆိုတော့ အပြင်မှာလဲ ကျွန်တော်တစ်ခုမှမမြင်ဘူးတဲ့အတွက်ကြောင့် မြင်တော့မြင်ဖူးချင်တယ်။တူမယ်တော့မထင်ပါဘူးဗျ ”

”ကျွန်တော်က လေ့လာမှုအားနည်းတယ် ၊ကျွန်တော်နဲ့မဆိုင်တဲ့ ဘာသာရပ်ဖြစ်နေတော့ မိန်းမပြောမှ ကျွန်တော်သိတာ အိမ်ကသမီးကပြောတယ် သူကအရမ်းမိုက်တာ သူကဖေဖေနဲ့တူတယ်ဆိုလို့ကတော့ ဖေကြီးလုံးဝဂေါ်သွားပြီတဲ့ ။သမီးက ဖေကြီးကိုကြည့်ပြီးတော့မှ နည်းနည်းတောင်ပိုချစ်လာတယ်ဆိုဘဲ”

” သမီးတို့ကတောင် သဲသဲလှုပ်ဖြစ်နေတယ်ဆိုတဲ့ လူနဲ့ တူခွင့်ရတာ ကြည်နူးမိပါတယ် ။ ကျွန်တော့ဘက်က ပြဿနာမရှိပါဘူး။ ဟန်နေတာကို ပိုပြီးတော့ တိုးတက်စေချင်တယ်၊ ပိုပြီးတော့အောင်မြင်စေချင်တယ်။ အဲ့ဒါမှ ကိုယ်နဲ့တူတဲ့သူတစ်ယောက် အောင်မြင်တော့ ကိုယ်လဲအလိုလို ဂုဏ်ရှိတာပေါ့ ”

” ကျွန်တော်ရုပ်ရှင်တွေပြန်ရိုက်ချင်ပါတယ်။ ဇာတ်ညွှန်းတွေရေးထားတာတွေလဲ ရှိတယ်၊ ဇာတ်လမ်းတွေရေးထားတာတွေလဲ ရှိတယ်။ ကိုယ့်ကိုတစ်ချိန်ချိန်ကျရင်အသုံးဝင်မလားဆိုပြီး အိမ်မှာဒီတိုင်းနေရင်း နေ့တိုင်းအနုပညာနဲ့ မပြတ်အောင် နေမယ်လို့ စိတ်ကူးပြီးတော့ ဖန်တီးထားတဲ့ အရာတွေကိုချပြဖို့ ရှိပါတယ်။ လောလောဆယ်တော့ Channal Kမှာ ၀င်ပြီးတော့ အနုပညာနဲ့ ပတ်သက်တာတွေကိုလှုပ်ရှားနေပါတယ်”

” ပရိသတ်အားလုံးကိုပြောချင်တာကတော့ ကျွန်တော့်ကို ဟန်နေတာနဲ့ တူတယ်လို့ပြောတဲ့ အတွက် ၀ိုင်းပြီးမဆဲကြပါနဲ့ သူ့ဟာနဲ့သူဖြစ်သွားတဲ့ ကိစ္စတစ်ခုပါလို့၊ ညီလေးဟန်နေတာကိုလဲ ခုထက်ပိုပြီးအားပေးကြပါလို့ ပြောချင်ပါတယ်။ ကျွန်တော်နောက်လုပ်မယ့်အလုပ်တွေကို အားပေးကြပါ။ လွန်ခဲ့သောနှစ်နှစ်ကျော်က ဒီမိုကရေစီပွဲတော်မှာ ၀င်ပြီးပြိုင်ထားတဲ့ ဒီမိုရပ်ကွက်ပွဲတော်ရုပ်ရှင်ဇာတ်ကား မကြာခင်မှာ ရုံတင်ရဖို့ရှိပါတယ်”

” ၂၀၂၀ အဖြားပိုင်းလောက်လို့ထင်ပါတယ်။ အဲ့ကြရင်လဲ ကျွန်တော့်ဇာတ်ကားကို ၀န်းရံပေးကြပါ။ အောင်မြင်အောင်လေးလုပ်ပေးကြပါ အဲ့ကားတွေ အောင်မြင်မှ ဇာတ်ကား တွေထပ်ရိုက်လို့ရမှာမို့လို့ပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်”လို့လဲ သူကပြောပြခဲ့ပါတယ်။ ဖတ်ရှု့ပေးသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(mml)
Source – momolay tv

Top
//intorterraon.com/4/3018672