ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ကြီးများ တကယ်ပဲ မသေပဲရှိနေကြသလား
ဗုဒ္ဓသာသနာ နှင့် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်
ထေရ၀ါဒဗုဒ္ဓဘာသာဝင် အမည်ခံအချို့သည် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဆိုသူကိုလည်း ကိုးကွယ်နေ ကြသည်။ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် များတွင်လည်းအသေထွက်၊ အရှင်ထွက် နှစ်မျိုးရှိသည်ဟု ဆိုသည်။
ထွက်ရပ်ပေါက်နိုင်ရန် ထိုပုဂ္ဂိုလ်တို့ ကျင့်သုံးခဲ့သည် ဆိုသောကျင့်စဉ်ကိုလည်း အမျိုးမျိုးပြောဆိုနေကြသည်။ အခြေခံအားဖြင့်် အဂ္ဂိရတ်လမ်း၊ ဆေးလမ်း၊အင်းလမ်း၊ သမထလမ်းဟု ခွဲခြားဖော်ပြ နိုင်ဖွယ်ရှိသည်။
ထွက်ရပ်ပေါက်နှစ်မျိုးအနက်
အရှင်ထွက်ဆိုသည်မှာ လောကဝေါဟာရ အရပင် သေသည်ဟု မသတ်မှတ် နိုင်ဘဲ နှစ်အပိုင်းအခြားမရှိ ဆက်လက်အသက်ရှင် နေသော သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင်ဖြစ်သည်ဟု ယူဆခြင်း ဖြစ်သည်။
အသေထွက် အရှင်ထွက် နှစ်မျိုးလုံးပင် သာမန်လူ တို့ မမြင်နိုင်သော ခန္ဓာကိုယ် ဘ၀အဖြစ် ပြောင်း သွား သည်ဟု ယူဆကြသည်။
သေလေပါးမှာ
ရှင်လေးပါးမှာ
တောင်သမုဒ္ဒရာ၌ ကြေးပြဿဒ်နှင့်နေသော ရှင်ဥပဂုတ္တ၊ မြောက်သမုဒ္ဒရာ၌ ရွှေပြဿဒ်နှင့်နေသော ရှင်သာရဒတ္တ၊ အရှေ့သမုဒ္ဒရာ၌ ရွှေပြဿဒ်နှင့်နေသော ရှင်အက္ကောသာရ၊ အနောက်သမုဒ္ဒရာ၌ ကြေးပြဿဒ်နှင့်နေသော ရှင်မေဓရ တို့ ဖြစ်သည်ဟု ဆို၏။
ထိုအရှင်မြတ်များသည် နှစ်ပေါင်းထောင်ချီကာ မအိုမနာ မသေဆက်လက်ရှင်နေဆဲဖြစ်သည်ဟု ယုံကြည်ကြသည်။
ထိုသေလေးပါး၊ ရှင်လေးပါးမှာ `သဗ္ဗေသင်္ခါရာ အနိစ္စာ´ ဟု ခံယူသောထေရ၀ါဒဗုဒ္ဓဘာသာနှင့် မကိုက်ညီကြောင်း၊ နိဗ္ဗာန်စံသူများသည် သုခ၀တီ ဘုံ၌ ထာဝရပျော်စံနေသည်ဟုယူဆသော မဟာယန နှင့်မူ နီးစပ်လျက်ရှိကြောင်း ထေရ၀ါဒီ သုတေသီများ က မှတ်ချက် ပြုကြသည်။
ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ထူးများအဖြစ် မြန်မာပြည်၌ အလေးထားခံရသူများမှာရှင်အဇ္ဇဂေါဏ ၊ရှင်မထီး၊ ဘားမဲ့၊ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ယက္ကန်းစင်တောင်ဆရာတော် စသည်တို့ဖြစ်ကြသည်။
ထိုထွက်ရပ်ပေါက်ပုဂ္ဂိုလ်များအနက် ရှင်အဇ္ဇဂေါဏ၊ ရှင်မထီး၊ ဘားမဲ့တို့မှာ ထေရ၀ါဒအနွယ်ဝင်များ မဟုတ်ဘဲအရည်ကြီး အဆက်နွယ်များသာ ဖြစ်သည်။
ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ရက္ကန်းစင်တောင် ဆရာတော်တို့မှာ သမထနည်း(စရဏ)တစ်မျိုးမျိုးဖြင့် ထွက်ရပ်ပေါက်သူများဟု ယူဆကြသည်။ထိုပုဂ္ဂိုလ်များ သည်လည်းသေလွန်သည်မဟုတ် ခန္ဓာသစ် ဘ၀သစ် သို့ မသေဘဲ ထုံကူးကာ၊ ၀င်စားနေသည်ဟုယူ ဆကြသည်။
ဤအယူအဆများသည်လည်း ထေရ၀ါဒဗုဒ္ဓ ဘာသာနှင့်မကိုက်ညီကြောင်းမြဲသောအတ္တရှိ သည်ဟု ယူဆသော အတွေးခေါ်မျိုးသာဖြစ်ကြောင်းဝေဖန်ကြသည်။
ထိုပုဂ္ဂိုလ်များသည် စရဏတစ်ခုခု၊ သမထတစ်နည်းနည်းကို စွဲစွဲမြဲမြဲကျင့်သုံး၍ ခရီး ရောက်သည်ဟုဆိုပါကလည်း သေလွန်ပြီးနောက် နတ်သောလည်းကောင်း၊ ဗြဟ္မာသော်လည်းကောင်း. ဖြစ်သွားဖွယ်ရှိသည်ဟုဝေဖန်ချက်များပေးခဲ့ကြသည်။
” မြတ်ဗုဒ္ဓရှိတော်မူစဉ်က တစ်နေ့ သော ညဦးရန် အချိန်တွင် မြတ်ဗုဒ္ဓအား မေးမြန်းလျှောက်ထားလေ သည်။”ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားအရှင်ဘုရားရဲ့သသာနာတော်မှာ ရဟန္တာသော်၎င်း အခြားသောရဟန်းသံဃာသည်၎င်း အရှင်ဘုရားရဲ့ ဟောဖော်ညွန်ပြတဲ့ တရားဓမ္မတွေကို ကျင့်ကြံအား ထုတ်ပြီးတော့နေမည်ဆိုလျှင် အသက်ရှင်လျှက် ၂၀၀ သို့  ၁၀၀၀ နေနိုင်ပါသလားဘုရားလို့ လျှောက်လေသည်။
ထိုအခါမြတ်ဗုဒ္ဓက–အသင်ဒကာတော်နတ်သား ငါဘုရားရဲ့သသာနာမှာမဂ္ဂင် ၈ ပါး သစ္စာ ၄ပါး ကျင့် တရားတွေကိုကျင့်ပြီးတော့ နေမယ် ဆိုရင်ရဟန္တာတွေရှိနေအုံးမှာပဲ သသာနာလည်းရဟန္တာ မဆိတ်သုန်းသမျှ ငါဘုရားရဲ့သသာနာရှိနေဦးမယ် သို့ သော်လည်းပဲ ငါဘုရားရဲ့ သာသနာမှာနေမယ်ဆိုရင်အသက်တမ်းအားဖြင့်”၁၆၀”ထက်ပို့ပြီးတော့မရှိ ဘူး။
ဒေါက်တာနန္ဒမာလာ
Unicode
ထွက််ရပ်ပေါက်ပုဂ္ဂိုလ််ကြီးများ တကယ်ပဲဲ မသေပဲဲရှိိနေကြသလား
ဗုုဒ္ဓသာသနာ နှင့် ထွက်ရပ်ပေါက်ပုဂ္ဂိုလ််
ထေရဝါဒဗုဒ္ဓဘာသာဝင်် အမည်ခံအချို့သည် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဆိုသူကိုလည်း ကိုးကွယ်နေ ကြသည်။ ထွက်ရပ်ပေါက်ပုဂ္ဂိိုလ် များတွင်လည််းအသေထွက်၊ အရှင်ထွက် နှစ်မျိုးရှိသည်ဟု ဆိုသည်။
ထွက်ရပ်ပေါက်နိုင်ရန် ထိုပုဂ္ဂိုလ်တို့ ကျင့်သုံးခဲ့သည်် ဆိုသောကျင့်စဉ်ကိုလည်း အမျိုးမျိုးပြောဆိုနေကြသည်။ အခြေခံအားဖြင့်် အဂ္ဂိရတ်လမ်း၊ ဆေးလမ််း၊အင်းလမ်း၊ သမထလမ်းဟု ခွဲခြားဖော်ပြ နိုင်ဖွယ်ရှိသည်။
ထွက််ရပ်ပေါက်နှစ်မျိုးအနက်
အသေထွက်ဆိုသည်မှာ လက်ရှိဘဝက သေလွန်ပြီး သော်လည််း လောကဝေါဟာရအရသာ သေလွန်် သည် ဟု သတ်မှတ်ရခြင်းဖြစ်သည်။အစွမ်းသတ္တိ ဆက်လက်ရှိနေသည်။ တန်ခိုးဣဒ္ဓိပါတ် ဆက်လက်် ရှိနေသည်ဟု ယူဆထားကြသည်။
အရှင်ထွက်ဆိုသည်မှှာ လောကဝေါဟာရ အရပင် သေသည်ဟု မသတ်မှတ်် နိုင််ဘဲ နှစ်အပိုင်းအခြားမရှိ ဆက်လက်အသက်ရှင်် နေသော သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင်ဖြစ်သည်ဟု ယူဆခြင်း ဖြစ်သည်။
အသေထွက်် အရှင်ထွက် နှစ်မျိုးလုံးပင် သာမန်လူ တို့ မမြင်နိုင်သော ခန္ဓာကိုိယ် ဘဝအဖြစ် ပြောင်း သွား သည်ဟု ယူဆကြသည်။
အသေထွက််၊ အရှင်ထွက် ထွက်ရပ်ပေါက်သည်ဟုု ခံယူသူတို့ အထွတ်မြတ်ထားသော ရဟန္တာအရှင်် မြတ် ရှစ်ပါးရှိသည်။ သေလေးပါး၊ ရှင်လေးပါး ဟုခေါ်ကြသည်။
သေလေပါးမှာ
အရှင်မဟာကဿ ပ (ဝေဘာရတောင်ထက်) ၊ရှင်မဟာသံသာရ (ဥတ္တမတောင်)၊ရှင်ဥပေက္ခေ (မကုလတောင်) ၊ရှင်ဓမ္မသာရ (မကုလတောင်) တို့ ဖြစ်ကြသည်။
ထိုိရဟန္တာများသည် လူ့ဝေါဟာရအရ ပရိနိိဗ္ဗာန်ပြုပြီးသော်လည်း မပုပ်မသိုး မပျက်မစီး ဆက်လက်ရှင်သန်နေသည်။တန်ခိုးအစွမ်းရှိနေ သည်ဟု ယုံကြသည်ကြသည်။
ရှင််လေးပါးမှာ
တောင်သမုဒ္ဒရာ၌ ကြေးပြဿဒ်နှင့်နေသော ရှင်ဥပဂုတ္တ၊ မြောက်သမုုဒ္ဒရာ၌ ရွှေပြဿဒ်နှင့်နေသော ရှင်သာရဒတ္တ၊ အရှေ့သမုဒ္ဒရာ၌ ရွှေပြဿဒ်နှင့်နေသော ရှင်အက္ကောသာရ၊ အနောက်သမုဒ္ဒရာ၌ ကြေးပြဿဒ်နှင့်နေသော ရှင်မေဓရ တိုိ့ ဖြစ်သည်ဟု ဆို၏။
ထိုိအရှင်မြတ်များသည် နှစ်ပေါင်းထောင်ချီကာ မအိုမနာ မသေဆက်လက်ရှင်နေဆဲဖြစ်သည်ဟုု ယုံကြည်ကြသည်။
ထိုိသေလေးပါး၊ ရှင်လေးပါးမှာ `သဗ္ဗေသင်္ခါရာ အနိစ္စာ´ ဟု ခံယူသောထေရဝါဒဗုဒ္ဓဘာသာနှင့်် မကိုက်ညီကြောင်း၊ နိဗ္ဗာန်စံသူများသည် သုခဝတီ ဘုံံ၌ ထာဝရပျော်စံနေသည်ဟုယူဆသော မဟာယန နှင့်မူ နီးစပ်လျက်ရှိကြောင်း ထေရဝါဒီ သုတေသီများ က မှတ်ချက် ပြုကြသည်။
ထွက်ရပ်ပေါက်ပုဂ္ဂိုိလ်ထူးများအဖြစ် မြန်မာပြည်၌ အလေးထားခံရသူများမှာရှင်အဇ္ဇဂေါဏ ၊ရှင်မထီး၊ ဘားမဲ့၊ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ယက္ကန်းစင်တောင်ဆရာတော်် စသည်တို့ဖြစ်ကြသည်။
ထိုိထွက်ရပ်ပေါက်ပုဂ္ဂိုလ်များအနက်် ရှင််အဇ္ဇဂေါဏ၊ ရှင်မထီး၊ ဘားမဲ့တို့မှာ ထေရဝါဒအနွယ်ဝင်များ မဟုတ်ဘဲ ဲအရည်ကြီး အဆက်နွယ်များသာ ဖြစ်သည်။
ရှှင်အဇ္ဇဂေါဏ မှာ အဂ္ဂိရတ်ဖြင့်် ထွက်ရပ်ပေါက် သည်ဟု ဆိုသည်။ ရှင်မထီး နှင့်ဘားမဲ့တို့မှာ ဂါထာ မန္တာန် အင်းအိုင်များဖြင့် ထွက်ရပ်ပေါက်သည်ဟု ဆိုသည််။
ထိုိပုဂ္ဂိုလ်များ သည် ယခုတိုင် ပျံလွန်ခြင်း မရှိသေးဘဲ ဆရာစဉ်ဆက် ဝင်စားလာကြသည်။ ယနေ့တိုင်ဓာတ်စီးဝင်ခြင်း၊ လူသတ္တဝါတို့အား ကျေးဇူးပြုခြင်းရှိနေသေးသည်ဟု ဆိုသည်။
ဘိုိးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ရက္ကန်းစင်တောင်် ဆရာတော်တို့မှာ သမထနည်း(စရဏ)တစ်မျိုးမျိုးဖြင့် ထွက်ရပ်ပေါက ်သူများဟု ယူဆကြသည််။ထိုိပုဂ္ဂိုလ်များ သည်လည်းသေလွန်သည်မဟုတ် ခန္ဓာသစ် ဘဝသစ်် သို့့ မသေဘဲ ထုံကူးကာ၊ ဝင်စားနေသည်ဟုယူ ဆကြသည်။
ဤအယူအဆများသည်လည််း ထေရဝါဒဗုဒ္ဓ ဘာသာနှင့်မကိုက်ညီကြောင်းမြဲသောအတ္တရှိိ သည်ဟု ယူဆသော အတွေးခေါ်မျိုးသာဖြစ်ကြောင်းဝေဖန်ကြသည်။
ထိုပုဂ္ဂိုလ်များသည်် စရဏတစ်ခုခု၊ သမထတစ်နည်းနည်းကို စွဲစွဲမြဲမြဲကျင့်သုံး၍ ခရီး ရောက်သည်ဟုဆိုပါကလည်း သေလွန်ပြီးနောက်် နတ်သောလည်းကောင်း၊ ဗြဟ္မာသော်လည်းကောင်း. ဖြစ်သွားဖွယ်ရှိ်သည်ဟုဝေဖန်ချက်များပေးခဲ့ကြသည်။
” မြတ်ဗုဒ္ဓရှိတော်မူစဉ်က တစ်နေ ့သော ညဦးရန်် အချိန်တွွင် မြတ်ဗုဒ္ဓအား မေးမြန်းလျှောက်ထားလေ သည်။”ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားအရှင်ဘုရားရဲ့သသာနာတော်မှာ ရဟန္တာသော်၄င်း အခြားသောရဟန်းသံဃာသည်၄င်း အရှင်ဘုရားရဲ့ ဟောဖော်ညွန်ပြတဲ့ တရားဓမ္မတွေကို ကျင့်ကြံအား ထုတ််ပြီးတော့နေမည်ဆိုလျှင် အသက်ရှင်လျှက် ၂၀၀ သို ့ ၁၀၀၀ နေနိုင်ပါသလားဘုရားလို့ လျှောက်လေသည်။
ထိုိအခါမြတ်ဗုဒ္ဓက–အသင်ဒကာတော်နတ်သား ငါဘုရားရဲ့သသာနာမှာမဂ္ဂင်် ၈ ပါး သစ္စာ ၄ပါး ကျင့် တရားတွေကိုကျင့်ပြီးတော့ နေမယ် ဆိုရင််ရဟန္တာတွေရှိနေအုံးမှာပဲ သသာနာလည်းရဟန္တာ မဆိိတ်သုန်းသမျှ ငါဘုရားရဲ့သသာနာရှိနေဦးမယ် သို့ သော်လည်းပဲ ငါဘုရားရဲ့ သာသနာမှာနေမယ်ဆို်ရင်အသက်တမ်းအားဖြင့်”၁၆၀”ထက်ပို့ပြီးတော့မရှိိ ဘူး။
တကယ်လို့များ အသက်တမ်း ၁၆၀ ထက်ကျော်် လွန် သွားတဲ့သူရှိနေရင်ရှိရင် အဲဒီပဂ္ဂိုလ်ဟာ ငါဘုရားရဲ့သသာနာတွင််းသားမဟုတ်ဘူး။ ငါဘုရားသသာနာ ဝင်မဟုတ် ဘူးလို့ဟောကြား တော်မူခဲ့ပါပေတယ်။ ”
Credit to ဓမ္မစာပေများ
ဒေါက်တာနန္ဒမာလာ