You are here
Home > အနုပညာ > ” မြမြ” ရုပ်ရှင်ဇာတ်ကား ရိုက်ဖို့ ဘုရားတရား ပိုလုပ်နေတဲ့ သင်ဇာဝင့်ကျော်

” မြမြ” ရုပ်ရှင်ဇာတ်ကား ရိုက်ဖို့ ဘုရားတရား ပိုလုပ်နေတဲ့ သင်ဇာဝင့်ကျော်

ပရိသတ်တွေကြားမှာ အရမ်းကို ဟစ်ဖြစ်နေတဲ့ မြမြရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ရိုက်ကူးခါနီး မှပိုပိုပြီးစိတ်လှုပ်ရှားနေတယ်ဆိုတဲ့ အကြောင်းကို ပြောပြလာခဲ့ပါတယ်။ သူမက သရဲကားရိုက်ကူးရမှာ ဆိုပေမယ့် ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်တာကြောင့် တစ်နေ့ကို ဘုရားကို ၄၅ မိနစ်လောက်ရှိခိုးဖြစ် အဓိဌာန် ပုတီးလေးတွေ စိပ်နေတယ်လို့ဆိုကာ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

သူမပြောပြခဲ့တာကတော့ ” သင်ဇာ ၁ရက်နေ့စ၀င် မှာ ဆိုတော့ စိတ်လှုပ်ရှား ပါတယ်၊ ဒီကားလေး မရိုက်ခင် မူဆယ်သွားရမယ်ပေါ့နော် ဘာဘဲဖြစ်ဖြစ် ကားမရိုက်ခင်မှာ ဒီလိုမျိုးကန်တော့ပွဲလေးလုပ်ရတဲ့အတွက်ကြောင့်မို့ ရိုက်တဲ့အချိန်မှာလဲ စိတ်အေးသွားရတာပေါ့ ကန်တော့ပွဲကြို လုပ်ထားတော့ ပြီးတော့ ဒီကားက သရဲကားဖြစ်တဲ့ အတွက်ကြောင့်မို့ နည်းနည်းတော့ကြောက်တယ် ။ ဒီဇာတ်ကားရိုက်တဲ့အချိန်မှာ ဘုရားတရားတော့ ပိုလုပ်သင့်တယ် ”

‘တစ်နေ့ ကို ဘုရားကို ၄၅ မိနစ်လောက်ရှိခိုးဖြစ်တယ်။ ပုံမှန်စိတ်နေကြ ပုတီးအဓိဌာန်လေးတွေ စိပ်တယ်ပေါ့နော်။ မြစိမ်းရောင် ဘုန်းဘုန်းက သူ့အဓိဌာန်ပုတီးလေး လက်ဆောင်ပေးပြီးတော့ အဓိဌာန်ထပ်ပေးတယ်။ အဲ့ဟာလေးအမြဲတမ်းစိပ်ပေါ့နော်။ ဒီကားရိုက်နေတဲ့ အချိန် အဲ့ဒါလေးစိတ်ဖို့ အစီအစဉ်ရှိပါတယ် ”

” အစထဲကလုပ်ပါတယ်၊ ဘာလို့လဲ ဆိုတော့ အဖေကောအမေကောက ဘုရားတရား လုပ်တဲ့သူဆိုတော့ ငယ်ငယ်လေးထဲက ဒီဘာသာရေးကိုရိုက်သွင်းပေးထားတယ်။ အယုံအကြည်ရှိပါတယ် ကမ္ဘာလောကကြီးဆိုတာ ကိုယ်မမြင်ဘူးသေးတဲ့အရာတွေ၊ ကိုယ်မသိသေးတဲ့ အရာတွေ အများကြီး ဆန်းကြယ်နေတဲ့ အရာတွေလဲ အများကြီး ရှိအုံးမယ်ပေါ့ ”

”အဲ့ဒါကြောင့် ၀ိညာဉ်လောကကို ယုံကြည်ပါတယ်။ သရဲကားတွေ ဆိုရင် သရဲခြောက်တဲ့ အိမ်တွေဘာတွေကိုမှ ရွေးပြီးရိုက်တက်ကြတယ် အဲ့လိုမျိုးဆိုတော့ ကြောက်တာတော့လဲကြောက်တာပေါ့ ဘုရားတရားလုပ်ထားတယ်ဆိုရင်တော့ ဘာမှကြောက်စရာမလိုပါဘူး ။ ဒီဇာတ်ကားလေးက ဇာတ်လမ်း အရမ်းကောင်းပါတယ် ။ ကြည့်ရှု့ အားပေးကြပါအုံးလို့ ” ဆိုပြီး ပြောပြခဲ့ပါတယ်။

မြမြရုပ်ရှင်ဇာတ်ကား ရဲ့ ကန်တော့ပေးပွဲအခမ်းအနားကို ယနေ့ မနက်မှာ ရွှေတိဂုံဘုရားရဲ့ ရင်ပြင်တော်ပေါ်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။

crd : momolay

Top
//grunoaph.net/4/3018672