
ပွင့်လင်းရိုးရှင်းလွန်းတဲ့ သူမရဲ့အပြုအမူလေးတွေကြောင့် ပရိသတ်တွေကြားမှာ တရှိန်ထိုး နာမည်ကြီးလာတဲ့ Beauty Bloggerမလေး နေခြည်ဦးကတော့ အနုပညာပါရမီပါသူတစ်ဦးမို့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နေခြည်ဦးက သူမရဲ့ အိမ်မက်ဖြစ်တဲ့ Paris Fashion Week ကို တက်ရောက်ခဲ့တဲ့ သူမရဲ့အလန်းစားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အမိုက်စားဖက်ရှင်နဲ့ အရမ်းဂေါ်နေတဲ့ ချီချီကတော့ အရမ်းကို လန်းလွန်းနေတာပါနော်။
ချစ်ပရိသတ်တွေအတွက် ကမ္ဘာကျော်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ရတဲ့ ပဲရစ်ရောက် ရန်ကုန်သူလေး နေခြည်ဦးရဲ့အမိုက်စားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
နေခြည်ဦးကတော့ “မနေ့ကတော့ နေခြည် Paris Fashion Week ရဲ့ နေခြည့် schdule ထဲကတစ်ခုအနေနဲ့ ပြင်သစ် luxury brand တစ်ခုဖြစ်တဲ့ Roger Vivier ရဲ့ SS20 show ကိုသွားဖြစ်ခဲ့တယ် ။ နေခြည့် Fan တွေကတော့ နေခြည် ဒီ brand ကို ဘယ်လောက် ရူးသွပ်မှန်း သိကြမှာပါ ။
ကိုယ့် idol တွေကို အပြင်မှာတွေ့ပြီး စကားတွေပြော၊ ဓါတ်ပုံရိုက်ကြတဲ့ ခံစားချက်ကိုတော့ သိကြတယ်ဟုတ် ?? အချိန်လေးအားလိုက်တာနဲ့ကို စာတွေစီပြီး update တွေ၊ experience တွေshare ပေးနေတာပါနော် ။ ကဲပြော… တစ်ဘဝလုံးစာသာ နေခြည်ကိုသာ အချစ်တွေပေးလိုက်ပါတော့။ အားလုံးကျန်းမာပျော်ရွှင်ကြပါစေရှင့် ချစ်တဲ့ ပဲရစ်ရောက် ရန်ကုန်သူလေးနေခြည်
” ဆိုပြီး ပဲရစ်အမှတ်တရပုံတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
ကမ္ဘာကျော် ဆယ်လီတွေကလည်း ချီချီ့ကို ချစ်ကြတယ်နော်…။
ဘယ်နေရာရောက်ရောက် ရုပ်ပြောင်လေး ချီချီ…။
နေခြည်ဦးကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာဖြစ်ပြီး စီးပွားရေးပိုင်းမှာလည်း အောင်မြင်အောင် အကောင်းဆုံးကြိုးစားဖြစ်နေတာပါ။ချစ်ပရိသတ်တွေလည်း ဘယ်လိုပုံစံလေးနဲ့ဖြစ်ဖြစ် ယုံကြည်မှုအပြည့်ရှိနေတတ်တဲ့ နေခြည်ဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit မိုမိုလေး
Source;Nay Chi Oo’s Facebook