
ကင္ပံုသီး
ဆီးခ်ိဳ၊ ေရယုန္၊ ပန္းနာေခ်ာင္းဆိုးေရာဂါ၊ ေလေရာဂါ၊ မိခင္မ်ား ႏို႔ထြက္ေစရန္ႏွင့္ အျခားမ်ားစြာ ေဆးဖက္ဝင္ေသာ ၿခံစည္း႐ိုးေပၚက ကင္းပုံပင္၊
ျမန္မာႏိုင္ငံ အႏွံ႔အျပားတြင္ ေပါက္ေရာက္သည္။ ျမန္မာႏိုင္ငံတြင္ အေလ့က်ေပါက္သည္။ သစ္ပင္ ၿခံစည္း႐ိုးတို႔တြင္လည္း ေပါက္ေလ့ရွိသည္။
၂ လက္မေက်ာ္ခန႔္ ရွည္သည္။ အခြံ ေျပာင္ေခ်ာၿပီး အစိမ္းေပၚတြင္ အျဖဴစင္းမ်ားရွိ၏။မွည့္ေသာအခါ လိေမၼာ္နီေရာင္ ရွိသည္။ အေစ့လြန္းပုံရွိသည္။ ေႏြေရာ မိုးပါ သီးေသာ္လည္း မိုးရာသီတြင္ ပိုသီးသည္။
အသုံးဝင္ပုံ-
ပၪၥငါးပါး ၊ အ႐ြက္ ၊ အသီး ၊ အျမစ္။
ပၪၥငါးပါးအသုံးျပဳပုံ-
၁။ ပင္စည္ျပဳတ္ရည္ကို သလိပ္႐ႊင္ေဆးအျဖစ္ အသုံးျပဳရာ၌ အထူးထင္ရွား၏။
အ႐ြက္အသုံးျပဳပုံ-
၁။ အ႐ြက္စိမ္းကို ဆီးခ်ိဳေရာဂါရွိသူမ်ား ေၾကာ္ခ်က္စားသုံးရ၏။
၂။ ကင္းပုံ႐ြက္ ႏွင့္ နံနံေစ့ ဆတူကို ျပဳတ္၍ အဖ်ားက်ေဆး၊ ဝမ္းေပ်ာ့ေဆးအျဖစ္ အသုံးျပဳသည္။
၃။ ကင္းပုံ႐ြက္ကို သန္က်ေဆး ေဖာ္စပ္ရာ၌ သုံး၏။
၄။ ကင္းပုံ႐ြက္ အရည္ကို ေရယုန္နာေပၚသို႔ မၾကာခဏတို႔ေပးလွ်င္ ေရယုန္နာ ေပ်ာက္ကင္းသည္။
၅ ။ ကင္းပုံ႐ြက္ကို သည္းေျခပ်က္ျခင္း ႏွင့္ အဆုတ္ႁပြန္ေရာင္ ေရာဂါတို႔အတြက္ ေဖာ္စပ္ေသာေဆးမ်ားတြင္ ထည့္သြင္း အသုံးျပဳသည္။
အသီးအသုံးျပဳပုံ-
၁။ ကင္းပုံသီးကို သားသည္ မိခင္မ်ား ႏို႔ထြက္ေစရန္ ႏွင့္ ေလေရာဂါ၊ ေသြးေဖာက္ျပန္ေသာေရာဂါ၊ ပန္းနာ ေခ်ာင္းဆိုး ေရာဂါမ်ား၌ အသုံးျပဳသည္။
အျမစ္အသုံးျပဳပုံ-
၁။ အျမစ္ကို အဖ်ားက်ေဆး၊ ဝမ္းသက္ေဆး အျဖစ္သုံးသည္။ (ကင္းပုံတြင္ အခါး၊ အခ်ိဳ ႏွစ္မ်ိဳးရွိသည့္အနက္ ေဆးဖက္တြင္ အခါးကို အသုံးမ်ားသည္။)
ျမန္မာ့ေဆးဖက္ဝင္အပင္မ်ား
ကင္းပုံပင္သည္ ပၪၥငါးပါး အသုံးဝင္ေသာ အပင္ျဖစ္ပါသည္။ သလိပ္႐ႊင္ျခင္း၊ ေခ်ာင္းဆိုးေပ်ာက္ျခင္း၊ သန္ေကာင္၊တုတ္ေကာင္မ်ား က်ေစျခင္း၊ နားကိုက္ေရာဂါ၊ အေရျပားေပၚတြင္ ျဖစ္ေသာ ေရယုန္ကဲ့သို႔ေသာ အနာႏွင့္ အပူနာမ်ားကို ေပ်ာက္ကင္းေစပါသည္။
ကင္းပုံ႐ြက္ သတၱဳရည္ကို ဆီးခ်ိဳေဝဒနာရွင္မ်ားအား ကုသႏိုင္ေၾကာင္း သိရပါသည္။အထူးသျဖင့္ ႏို႔မထြက္ေသာ မိခင္မ်ား ကင္းပုံသီးကို ခ်က္စားပါက ႏို႔ထြက္ ေစပါသည္။
ကင္းပုံ အေၾကာင္းသိမွတ္စရာ အျဖာျဖာ
ကင္းပုံပင္သည္ အလြန္စိုက္ပ်ိဳးရ လြယ္ကူေသာ အပင္တစ္မ်ိဳး ျဖစ္ပါသည္။ အေစ့မွေသာ္လည္းေကာင္း၊ ပင္စည္အကိုင္းအခက္မွ ေသာ္လည္းေကာင္း စိုက္ပ်ိဳးႏိုင္ပါသည္။ အခ်ိဳမ်ိဳးႏွင့္ အခါးမ်ိဳးဟူ၍ ရွိၿပီး အခါးမ်ိဳးက ပို၍ ေဆးဖက္ဝင္ေၾကာင္း သိရပါသည္။
စိုက္ပ်ိဳးစ ကာလတြင္ ေရပုံမွန္ ေလာင္းေပး႐ုံမွလြဲ၍ အပင္ႀကီးထြားလာသည့္အခါ ေရေလာင္းရန္ သိပ္မလိုေသာ အပင္ျဖစ္ပါသည္။ အနီးအနားရွိ အပင္မ်ား၊ ခ်ဳံမ်ားေပၚသို႔ တြယ္တက္ၿပီး
အသီးသီးေသာ အပင္ျဖစ္သျဖင့္ အခ်ိဳ႕ေဒသမ်ား၌ ၿခံစည္း႐ိုးတြင္ ေလကာပင္ အေနျဖင့္ စိုက္ပ်ိဳးၾကပါသည္။ အညာေဒသကဲ့သို႔ ေရရွားပါးေသာ ေဒသမ်ားတြင္လည္း ျဖစ္ထြန္းေၾကာင္း ေတြ႕ရပါသည္။
ၿခံေဘးေတြမွာ ေတြ႕ရေလ့ရွိၿပီး ေဆးဖက္ဝင္လွေသာ ႏြယ္ပင္တစ္ခုအျဖစ္လည္းေကာင္း…ထမင္းၿမိန္စရာဟင္းတစ္ခုအျဖစ္လည္းေကာင္း…တန္ဖိုးရွိလွေသာေၾကာင့္ မွ်ေဝေပးလိုက္ပါတယ္။
Source…ကင္းပုံအေၾကာင္း
Unicode ဖြင့်ဖတ်ပါ
ကင်ပုံသီး
ဆီးချို၊ ရေယုန်၊ ပန်းနာချောင်းဆိုးရောဂါ၊ လေရောဂါ၊ မိခင်များ နို့ထွက်စေရန်နှင့် အခြားများစွာ ဆေးဖက်ဝင်သော ခြံစည်းရိုးပေါ်က ကင်းပုံပင်၊
မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ မြန်မာနိုင်ငံတွင် အလေ့ကျပေါက်သည်။ သစ်ပင် ခြံစည်းရိုးတို့တွင်လည်း ပေါက်လေ့ရှိသည်။
၂ လက်မကျော်ခန့် ရှည်သည်။ အခွံ ပြောင်ချောပြီး အစိမ်းပေါ်တွင် အဖြူစင်းများရှိ၏။မှည့်သောအခါ လိမ္မော်နီရောင် ရှိသည်။ အစေ့လွန်းပုံရှိသည်။ နွေရော မိုးပါ သီးသော်လည်း မိုးရာသီတွင် ပိုသီးသည်။
အသုံးဝင်ပုံ-
ပဉ္စငါးပါး ၊ အရွက် ၊ အသီး ၊ အမြစ်။
ပဉ္စငါးပါးအသုံးပြုပုံ-
၁။ ပင်စည်ပြုတ်ရည်ကို သလိပ်ရွှင်ဆေးအဖြစ် အသုံးပြုရာ၌ အထူးထင်ရှား၏။
အရွက်အသုံးပြုပုံ-
၁။ အရွက်စိမ်းကို ဆီးချိုရောဂါရှိသူများ ကြော်ချက်စားသုံးရ၏။
၂။ ကင်းပုံရွက် နှင့် နံနံစေ့ ဆတူကို ပြုတ်၍ အဖျားကျဆေး၊ ဝမ်းပျော့ဆေးအဖြစ် အသုံးပြုသည်။
၃။ ကင်းပုံရွက်ကို သန်ကျဆေး ဖော်စပ်ရာ၌ သုံး၏။
၄။ ကင်းပုံရွက် အရည်ကို ရေယုန်နာပေါ်သို့ မကြာခဏတို့ပေးလျှင် ရေယုန်နာ ပျောက်ကင်းသည်။
၅ ။ ကင်းပုံရွက်ကို သည်းခြေပျက်ခြင်း နှင့် အဆုတ်ပြွန်ရောင် ရောဂါတို့အတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်း အသုံးပြုသည်။
အသီးအသုံးပြုပုံ-
၁။ ကင်းပုံသီးကို သားသည် မိခင်များ နို့ထွက်စေရန် နှင့် လေရောဂါ၊ သွေးဖောက်ပြန်သောရောဂါ၊ ပန်းနာ ချောင်းဆိုး ရောဂါများ၌ အသုံးပြုသည်။
အမြစ်အသုံးပြုပုံ-
၁။ အမြစ်ကို အဖျားကျဆေး၊ ဝမ်းသက်ဆေး အဖြစ်သုံးသည်။ (ကင်းပုံတွင် အခါး၊ အချို နှစ်မျိုးရှိသည့်အနက် ဆေးဖက်တွင် အခါးကို အသုံးများသည်။)
မြန်မာ့ဆေးဖက်ဝင်အပင်များ
ကင်းပုံပင်သည် ပဉ္စငါးပါး အသုံးဝင်သော အပင်ဖြစ်ပါသည်။ သလိပ်ရွှင်ခြင်း၊ ချောင်းဆိုးပျောက်ခြင်း၊ သန်ကောင်၊တုတ်ကောင်များ ကျစေခြင်း၊ နားကိုက်ရောဂါ၊ အရေပြားပေါ်တွင် ဖြစ်သော ရေယုန်ကဲ့သို့သော အနာနှင့် အပူနာများကို ပျောက်ကင်းစေပါသည်။
ကင်းပုံရွက် သတ္တုရည်ကို ဆီးချိုဝေဒနာရှင်များအား ကုသနိုင်ကြောင်း သိရပါသည်။အထူးသဖြင့် နို့မထွက်သော မိခင်များ ကင်းပုံသီးကို ချက်စားပါက နို့ထွက် စေပါသည်။
ကင်းပုံ အကြောင်းသိမှတ်စရာ အဖြာဖြာ
ကင်းပုံပင်သည် အလွန်စိုက်ပျိုးရ လွယ်ကူသော အပင်တစ်မျိုး ဖြစ်ပါသည်။ အစေ့မှသော်လည်းကောင်း၊ ပင်စည်အကိုင်းအခက်မှ သော်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ အချိုမျိုးနှင့် အခါးမျိုးဟူ၍ ရှိပြီး အခါးမျိုးက ပို၍ ဆေးဖက်ဝင်ကြောင်း သိရပါသည်။
စိုက်ပျိုးစ ကာလတွင် ရေပုံမှန် လောင်းပေးရုံမှလွဲ၍ အပင်ကြီးထွားလာသည့်အခါ ရေလောင်းရန် သိပ်မလိုသော အပင်ဖြစ်ပါသည်။ အနီးအနားရှိ အပင်များ၊ ချုံများပေါ်သို့ တွယ်တက်ပြီး
အသီးသီးသော အပင်ဖြစ်သဖြင့် အချို့ဒေသများ၌ ခြံစည်းရိုးတွင် လေကာပင် အနေဖြင့် စိုက်ပျိုးကြပါသည်။ အညာဒေသကဲ့သို့ ရေရှားပါးသော ဒေသများတွင်လည်း ဖြစ်ထွန်းကြောင်း တွေ့ရပါသည်။
ခြံဘေးတွေမှာ တွေ့ရလေ့ရှိပြီး ဆေးဖက်ဝင်လှသော နွယ်ပင်တစ်ခုအဖြစ်လည်းကောင်း…ထမင်းမြိန်စရာဟင်းတစ်ခုအဖြစ်လည်းကောင်း…တန်ဖိုးရှိလှသောကြောင့် မျှဝေပေးလိုက်ပါတယ်။
Source…ကင်းပုံအကြောင်း