
ဂရင္ဂ်ီနာ ဆိုတာက စအိုအနာလို႔ ေခၚတယ္။ ဘာ့ေၾကာင့္ စအိုအနာ၊ ဂရင္ဂ်ီနာ ျဖစ္ေပၚလာရသလဲဆိုရင္ အစာေခ်ဖ်က္မႈ၊ အစာစြန႔္ပစ္မႈစနစ္ မမွန္ကန္မႈေၾကာင့္ စအိုလမ္းေၾကာင္းမွတဆင့္ စအိုျပင္ပသို႔ ေရာက္ရွိလာသည့္ အပူနာ၊ ျပည္အဖု ျဖစ္ပါတယ္။
ထို႔ေၾကာင့္ စအိုတဝိုက္ ျပည္တည္နာ အဖုေလးကေနတဆင့္ ေညႇာ္ဝင္လို႔ပဲျဖစ္ျဖစ္၊ ကုတ္ဖဲ့မိလို႔ပဲျဖစ္ျဖစ္၊ ပြတ္တိုက္မိလို႔ပဲျဖစ္ျဖစ္ ႀကီးထြားဖြံၿဖိဳးလာၿပီးေတာ့ အျမစ္ပြားနာ ဂရင္ဂ်ီအဆင့္သို႔ ျဖစ္တည္လာပါလိမ့္မယ္။
သူက သိသာတယ္။ ဂရင္ဂ်ီနာမွန္ရင္ စအိုဝ ပတ္ပတ္လည္မွာ နာေနမယ္၊ ေရာင္ေနမယ္။ ၿပီးေတာ့ ေသြးစို႔ေနမယ္၊ ေသြးထြက္ေနမယ္။ ၿပီးေတာ့ ထြက္ရွိလာတဲ့ေသြး၊ ျပည္ပုပ္မ်ားဟာ အနံ႔မခံႏိုင္ေအာင္ အပုပ္နံ႔ ထြက္ေနမယ္။
ဝမ္းအၿမဲ ခ်ဳပ္ေနတတ္သူေတြ သတိထားပါ။ ဒီအနာက ေနာက္က်မွသိရင္ ကင္ဆာကဲ့သို႔ အျမစ္တြယ္ လႈိက္စားတတ္ၿပီး ကုသရန္ ခက္ခဲသလို ခြဲစိတ္ကုသၿပီးပါကလည္း ျပန္လည္ ျဖစ္တည္လာတတ္ပါတယ္။
ဒီအနာရဲ႕သက္တမ္းဟာ အနည္းဆုံး (၂)ႏွစ္ကေန (၃)ႏွစ္အတြင္းထိ ေရရွည္ကုသမႈ ခံယူရတယ္လို႔ ဆိုပါတယ္။ သူ႔ကို သိသိျခင္းမွာ အျမန္ဆုံးနည္းနဲ႔ ေပ်ာက္ကင္းေအာင္ ကုသလို႔ရသလို အသိေနာက္က်ပါကလည္း သက္သာ ေပ်ာက္ကင္းႏိုင္ေသာ ေဆးနည္းကို ေဖာ္ျပေပးပါ့မယ္။
အရင္အဦးဆုံး လက္ပံပင္ရွိရာကိုသြားၿပီး ပင္စည္မွ အဆူးကို ဓားျဖင့္ ခုတ္ယူၿပီး ၎လက္ပံဆူးကို ေက်ာက္ျပင္ျဖင့္ေသြး၍ ရရွိလာေသာ အႏွစ္ကို အနာဝေပၚသို႔ ခပ္ထူထူေလး အုံေပးထားျခင္းျဖင့္လည္း အျမန္ ေပ်ာက္ကင္းသက္သာပါတယ္။
ေနာက္တနည္းက ဆားခါး(Epsom salt)ကို အရည္ေဖ်ာ္ၿပီး ဝါဂြမ္းစျဖင့္ဆုပ္နစ္၍ အနားတဝိုက္ကို ေဆးေၾကာသန႔္စင္ေပးပါ။ လဘၻက္အစိုအထဲကို ဆားခါး အနည္းငယ္ထည့္၍ အနာအေပါက္ထဲသို႔ မၾကာခဏ ထည့္ေပးထားျခင္းျဖင့္လည္း ဂရင္ဂ်ီနာ ေရာဂါကို သက္သာ ေပ်ာက္ကင္းေစပါတယ္။
ဆားခါး(Epsom slat)ရဲ႕ ဓာတုေဗဒအမည္မွာ ”မဂၢနီဆီယမ္ ဆာလ္ဖိတ္” ျဖစ္ပါတယ္။ သူ႔ကို အပင္အဟာရ ဓာတ္ေျမၾသဇာအျဖစ္လည္း အသုံးျပဳၾကပါတယ္။ ဆားခါးဟာ လိပ္ေခါင္းေရာဂါအတြက္လည္း ဒီနည္းအတိုင္း အသုံးျပဳေပးပါက ေပ်ာက္ကင္း သက္သာေစပါတယ္။
Unicode
ဂရင်ဂျီနာ ဆိုတာက စအိုအနာလို့ ခေါ်တယ်။ ဘာ့ကြောင့် စအိုအနာ၊ ဂရင်ဂျီနာ ဖြစ်ပေါ်လာရသလဲဆိုရင် အစာချေဖျက်မှု၊ အစာစွန့်ပစ်မှုစနစ် မမှန်ကန်မှုကြောင့် စအိုလမ်းကြောင်းမှတဆင့် စအိုပြင်ပသို့ ရောက်ရှိလာသည့် အပူနာ၊ ပြည်အဖု ဖြစ်ပါတယ်။
ထို့ကြောင့် စအိုတဝိုက် ပြည်တည်နာ အဖုလေးကနေတဆင့် ညှော်ဝင်လို့ပဲဖြစ်ဖြစ်၊ ကုတ်ဖဲ့မိလို့ပဲဖြစ်ဖြစ်၊ ပွတ်တိုက်မိလို့ပဲဖြစ်ဖြစ် ကြီးထွားဖွံဖြိုးလာပြီးတော့ အမြစ်ပွားနာ ဂရင်ဂျီအဆင့်သို့ ဖြစ်တည်လာပါလိမ့်မယ်။
သူက သိသာတယ်။ ဂရင်ဂျီနာမှန်ရင် စအိုဝ ပတ်ပတ်လည်မှာ နာနေမယ်၊ ရောင်နေမယ်။ ပြီးတော့ သွေးစို့နေမယ်၊ သွေးထွက်နေမယ်။ ပြီးတော့ ထွက်ရှိလာတဲ့သွေး၊ ပြည်ပုပ်များဟာ အနံ့မခံနိုင်အောင် အပုပ်နံ့ ထွက်နေမယ်။
ဝမ်းအမြဲ ချုပ်နေတတ်သူတွေ သတိထားပါ။ ဒီအနာက နောက်ကျမှသိရင် ကင်ဆာကဲ့သို့ အမြစ်တွယ် လှိုက်စားတတ်ပြီး ကုသရန် ခက်ခဲသလို ခွဲစိတ်ကုသပြီးပါကလည်း ပြန်လည် ဖြစ်တည်လာတတ်ပါတယ်။
ဒီအနာရဲ့သက်တမ်းဟာ အနည်းဆုံး (၂)နှစ်ကနေ (၃)နှစ်အတွင်းထိ ရေရှည်ကုသမှု ခံယူရတယ်လို့ ဆိုပါတယ်။ သူ့ကို သိသိခြင်းမှာ အမြန်ဆုံးနည်းနဲ့ ပျောက်ကင်းအောင် ကုသလို့ရသလို အသိနောက်ကျပါကလည်း သက်သာ ပျောက်ကင်းနိုင်သော ဆေးနည်းကို ဖော်ပြပေးပါ့မယ်။
အရင်အဦးဆုံး လက်ပံပင်ရှိရာကိုသွားပြီး ပင်စည်မှ အဆူးကို ဓားဖြင့် ခုတ်ယူပြီး ၎င်းလက်ပံဆူးကို ကျောက်ပြင်ဖြင့်သွေး၍ ရရှိလာသော အနှစ်ကို အနာဝပေါ်သို့ ခပ်ထူထူလေး အုံပေးထားခြင်းဖြင့်လည်း အမြန် ပျောက်ကင်းသက်သာပါတယ်။
နောက်တနည်းက ဆားခါး(Epsom salt)ကို အရည်ဖျော်ပြီး ဝါဂွမ်းစဖြင့်ဆုပ်နစ်၍ အနားတဝိုက်ကို ဆေးကြောသန့်စင်ပေးပါ။ လဘ္ဘက်အစိုအထဲကို ဆားခါး အနည်းငယ်ထည့်၍ အနာအပေါက်ထဲသို့ မကြာခဏ ထည့်ပေးထားခြင်းဖြင့်လည်း ဂရင်ဂျီနာ ရောဂါကို သက်သာ ပျောက်ကင်းစေပါတယ်။
ဆားခါး(Epsom slat)ရဲ့ ဓာတုဗေဒအမည်မှာ ”မဂ္ဂနီဆီယမ် ဆာလ်ဖိတ်” ဖြစ်ပါတယ်။ သူ့ကို အပင်အဟာရ ဓာတ်မြေသြဇာအဖြစ်လည်း အသုံးပြုကြပါတယ်။ ဆားခါးဟာ လိပ်ခေါင်းရောဂါအတွက်လည်း ဒီနည်းအတိုင်း အသုံးပြုပေးပါက ပျောက်ကင်း သက်သာစေပါတယ်။