
ပရိသတ်တွေကြားမှာ အရမ်းကိုအောင်မြင်ပြီး အနုပညာရှင်တွေ ဖွဲ့စည်းထားတဲ့ နှင်းဆီအငြိမ့်အဖွဲ့ဟာ ဆိုရင် ရံပုံငွေပွဲတွေသီဆိုဖျော်ဖြေလေ့ရှိပြီး သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသတွေ၊ စစ်ဘေးသင့်ပြည်သူတွေအတွက်ကို ကပြဖျော်ဖြေလေ့ရှိပါတယ်။ အဆိုပါအဖွဲ့မှာ မင်းသမီး ၄ယောက်ပါဝင်ပြီး သူတို့ ပြတ်လုံးပြတ်တဲ့အခါ တစ်ယောက်ချင်းစီရဲ့ ချစ်စရာကောင်းတဲ့ အရာလေးတွေကို စနောက်ကျီဆယ်လေ့ရှိပါတယ်။ အဲ့ဒီလိုစနောက်ကြတဲ့အထဲမှာ အသားညိုညိုလေးတဲ့ ညိုချောလေး မေကဗျာကတော့ အသားအရည်နဲ့ပတ်သက်ပြီး အမြဲလိုလိုစနောက်ခံရပါတယ် အဲ့လိုစနောက်ခံရတာနဲ့ ပတ်သက်ပြီး ခုလိုဘဲ ပြောပြလာပါပြီး။
သူမပြောပြခဲ့တာကတော့ “ တစ်ခါလာလဲ အသားမဲတာ တစ်ခါလာလဲအသားမဲတာခုတောင်မှ ရအောင်ပြောသေးတာ၊ အပြင်မှာတွေ့ရင်လဲပြောတာဘဲ သူတို့ရှုတင်ရောက်ရင်လဲပြောတာဘဲ မေကဗျာ အသံကြားတယ် လူဘယ်မှာလဲ မသိဘူး အသံကြားတယ် အဲ့လိုမျိုးစုံ ကိုနေတိုးဆို အဆိုးဆုံး ၊ တချို့တွေကတော့ နင်ဂျပန်သွားရင် နင့်ကိုဂျပန်က လူတွေကြိုက်ကြမှာ နင့်လိုအသားအရည်ကို ငါတို့နိုင်ငံမှာ သိပ်သဘောကြကြတာ အာ့ဆိုရင်ကိုယ်ကအားရှိတာပေါ့နော် ၊ ကိုယ့်လိုအသားအရည်မျိုးကို လက်ခံတဲ့သူ၊ကြိုက်ကြတဲ့သူ အဲ့ဒါတော့ရှိပါတယ်။ တစ်ခြားနိုင်ငံတွေမှာလဲ ဒီလိုအသားညိုတဲ့ သူကိုဘဲ ကြိုက်တာလေ မညိုညိုအောင်တောင် လုပ်နေကြတာလေ အဲ့လိုမျိုးဆိုတော့နည်းနည်းပျော်သွားတာပေါ့”
“ ကိုယ်က စိတ်မဆိုးပါဘူး ။ သမီးက ကိုယ့်ကိုအဲ့လိုပြောရင် အရင်ကစိတ်ဆိုးတာလေ စင်ကာပူပွဲတုန်းက ဘဲဥနဲ့ပေါက်မယ် ကြက်ဥနဲ့ပေါက်မယ်တွေ လုပ်ပြီး ပြဿနာတက်ကြတာ အဲ့တော့မှ သူတို့က မုန်တွေနဲ့ ကိုယ့်သမီးကို လို်က်ချော့ရတာ လုံးဝမရဘူး မေမေ့ကိုအဲ့လိုမပြောနဲ့နော်ဆိုပြီး ဖြစ်တာ စင်အောက်မှာ သူရှိနေတော့ ပိုပြော အဲ့တော့ အောက်ကနေ ဟိုဟာနဲ့ပေါက်မယ် ဒီဟာနဲ့ ပေါက်မယ်တွေ လုပ်လို့ ကိုယ်ကတော့ဘာမှမဖြစ်ပါဘူး ဒါပေမယ့် အစပိုင်းတုန်းကတော့ ဆက်တိုက်ပြောနေကြတော့ စိတ်ထဲတစ်မျိုးကြီးဘဲ နောက်ပိုင်း တော့လဲ ပြောချင်တာပြောကြပါစေတော့ပေါ့ဟာ ဆိုပြီး ထားလိုက်တယ် ခုနောက်ပိုင်းတော့ ဂရုကိုမစိုက်တော့ဘူး”
“မွေးထဲကအညိုဘဲကြိုက်တယ်သိလား ၊ အသားဖြူတဲ့သူတွေကို ချစ်စရာလေးဆိုပြီး လိုက်ကြည့်တာဘဲရှိတယ်။ သူများကိုဘဲ မေးမေး၊ ကိုယ့်ကိုကိုယ်ဘဲမေးမေး ကြိုက်လားဆိုရင်တော့ အသားညိုတာဘဲ ကြိုက်တာ ခုချိန်မှာ အသားဖြူအောင်လုပ်လို့ရတဲ့နည်းတွေအများကြီးရှိပါတယ်။ ဆေးထိုးဆေးသောက် ပေါ့ ဒါပေမယ့်မလုပ်ဘူး ကိုယ့်ဘာသာကိုယ် အသားညိုတာဘဲကြိုက်တာ ကိုယ့်မျက်နှာကလဲ ညိုတာနဲ့ လိုက်တဲ့ မြန်မာမျက်နှာမျိုးဆိုတော့ ညိုတာဘဲကြိုက်တယ်။ောကာက်တာလဲပါတယ်။ ဆေးထိုးဆေးသောက် ဆေးသွင်း ခွဲစိတ်ပြုပြင် ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ဆေးတောင် ကိုယ်မထိုးတဲ့သူဆိုတော့ ဆေးထိုးအပ်ကြောက်တာလဲ ပါတယ်၊ ဆေးသောက်ရမှာ လဲကြောက်တော့လေ တစ်ခါတလေတော့လဲ ဖြူချင်ပါတယ်။ ဒါပေမယ့်ကြောက်တော့ မလုပ်ဖြစ်ဘူး” လို့ ဆိုကာ သူမ ညိုချောဘ၀လေးကိုဘဲ နှစ်သက်ခုံမင်တဲ့ အကြောင်းလေးကို ပြောခဲ့ပါတယ်။
ချစ်တဲ့ ပရိသတ်တွေထဲမှာရော ညိုချောလေးတွေရှိကြလား။ ညိုချောလေးတွေကို အားပေးချင်ပါတယ် ပင်ကိုယ်အ လှတရားကို ပိုက်ဆံတွေအကုန်ခံပြီး အသားတွေအနာခံကာ ဆေးတွေနဲ့ ဖုံးတဲ့ အလုပ်တွေ မလုပ်ကြပါနဲ့ လို့။ မြန်မာမှန်ရင်ညိုချောလေတွေ ကြီးပါဘဲနော်။
May Phyo(mml)