
မိန္းကေလးပရိသတ္ေတာ္ေတာ္မ်ားမ်ားရဲ႕ အားေပးဝန္းရံမႈကို ပိုင္ဆိုင္ရရွိထားသူတစ္ေယာက္ျဖစ္တဲ့ မင္းေသြးခန႔္ကေတာ့ လက္ရွိမွာ Music Video ေလးတစ္ပုဒ္ကို ပါဝင္႐ိုက္ကူးေနတယ္လို႔ သူရဲ႕ လူမႈကြန္ရက္ စာမ်က္နွာမွာေဖာ္ျပထားပါတယ္။ အဲဒီသီခ်င္းေလးကေတာ့ အဆိုေတာ္ ဝတ္ရည္လြင္ ရဲ႕ သီခ်င္းေလးတစ္ပုဒ္ျဖစ္ၿပီး သူမနဲ႔အတူ မင္းေသြးခန႔္က အဆိုပါသီခ်င္းေလးကို မႏၲေလးအထိ သြားေရာက္ကာ ရိုက္ကူးခဲ့တယ္လို႔သိရပါတယ္။ အဲဒီ Music Video ေလးကိုေတာ့ ဒါ႐ိုက္တာ ထက္ေကာင္းကင္က ရိုက္ကူးေပးထားတာျဖစ္ပါတယ္။
မင္းေသြးခန္႕ဟာ တက္သစ္စသရုပ္ေဆာင္တစ္ေယာက္ျဖစ္ျပီး AR-Tရဲ႕”ခ်စ္ေနဖို႔”ဆိုတဲ့ Music Videoေလးကို စတင္ပါ၀င္သရုပ္ေဆာင္ခဲ့ရာမွ ပရိသတ္အားေပးမႈကို စတင္ရရွိခဲ့တာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ပရိသတ္ေတြသတိထားမိေအာင္ ပထမဆံုးသရုပ္ေဆာင္ေလာကထဲကို ဆြဲေခၚခဲ့တဲ့ AR-Tဟာ သူ႕ရဲ႕ ေက်းဇူးရွင္ျဖစ္ေၾကာင္းကိုလည္း “ခ်စ္ေနဖို႔” Music Video နဲ႔ ခ်စ္တဲ့လူေတြ သတိထားမိေအာင္ စစခ်င္း သီခ်င္းေခၚ႐ိုက္ခဲ့တဲ့ ေက်းဇူးရွင္အကိုႀကီး Thi Ha Tun” လို႕ သူ႕ရဲ႕ လူမႈကြန္ရက္ စာမ်က္နွာထက္ကေန ေရးသားေဖာ္ျပလိုက္ပါေသးတယ္။
လက္ရွိမွာေတာ့ မင္းေသြးခန္႕ဟာ ေမာ္ဒယ္၊ သရုပ္ေဆာင္အျဖစ္သာမက ရုပ္ရွင္မင္းသားတစ္ေယာက္အျဖစ္ပါ အနုပညာအလုပ္ေတြကို လုပ္ေဆာင္ေနရတဲ့ အထိေအာင္ျမင္မႈေတြကို ရရွိထားပါတယ္။ မင္းေသြးခန္႕ပါ၀င္သရုပ္ေဆာင္ထားတဲ့” ႀကိမ္နႈန္း”ရုပ္ရွင္ဇာတ္ကားႀကီးဟာဆိုရင္လည္း ပရိသတ္အားေပးမႈေတြကို အခိုင္အမာရရွိခဲ့ပါတယ္။ ဒီဇာတ္ကားမွာေတာ့ တက္သစ္စသရုပ္ေဆာင္တစ္ေယာက္နဲ႕မတူေအာင္ ၀ါရင့္သရုပ္ေဆာင္ေတြနဲ႕အတူ က်ရာဇာတ္ေကာင္ပိုင္းကေန ပီျပင္ေအာင္သရုပ္ေဆာင္နိုင္ခဲ့တာေၾကာင့္ လက္ရွိမွာေအာင္ျမင္မႈေတြကို ဆက္တိုက္ရရွိေနတာျဖစ္ပါတယ္။
Source:Min Thway Khant
ခ်စ္သဲေမ CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္
“မန္တလေးအထိသွားရောက်ကာ ရိုက်ကူးရေးတွေ ပြုလုပ်ခဲ့တဲ့ မင်းသွေးခန့်”
မိန်းကလေးပရိသတ်တော်တော်များများရဲ့ အားပေးဝန်းရံမှုကို ပိုင်ဆိုင်ရရှိထားသူတစ်ယောက်ဖြစ်တဲ့ မင်းသွေးခန့်ကတော့ လက်ရှိမှာ Music Video လေးတစ်ပုဒ်ကို ပါဝင်ရိုက်ကူးနေတယ်လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ အဲဒီသီချင်းလေးကတော့ အဆိုတော် ဝတ်ရည်လွင် ရဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပြီး သူမနဲ့အတူ မင်းသွေးခန့်က အဆိုပါသီချင်းလေးကို မန္တလေးအထိ သွားရောက်ကာ ရိုက်ကူးခဲ့တယ်လို့သိရပါတယ်။ အဲဒီ Music Video လေးကိုတော့ ဒါရိုက်တာ ထက်ကောင်းကင်က ရိုက်ကူးပေးထားတာဖြစ်ပါတယ်။
မင်းသွေးခန့်ဟာ တက်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး AR-Tရဲ့”ချစ်နေဖို့”ဆိုတဲ့ Music Videoလေးကို စတင်ပါဝင်သရုပ်ဆောင်ခဲ့ရာမှ ပရိသတ်အားပေးမှုကို စတင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ပရိသတ်တွေသတိထားမိအောင် ပထမဆုံးသရုပ်ဆောင်လောကထဲကို ဆွဲခေါ်ခဲ့တဲ့ AR-Tဟာ သူ့ရဲ့ ကျေးဇူးရှင်ဖြစ်ကြောင်းကိုလည်း “ချစ်နေဖို့” Music Video နဲ့ ချစ်တဲ့လူတွေ သတိထားမိအောင် စစချင်း သီချင်းခေါ်ရိုက်ခဲ့တဲ့ ကျေးဇူးရှင်အကိုကြီး Thi Ha Tun” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာထက်ကနေ ရေးသားဖော်ပြလိုက်ပါသေးတယ်။
လက်ရှိမှာတော့ မင်းသွေးခန့်ဟာ မော်ဒယ်၊ သရုပ်ဆောင်အဖြစ်သာမက ရုပ်ရှင်မင်းသားတစ်ယောက်အဖြစ်ပါ အနုပညာအလုပ်တွေကို လုပ်ဆောင်နေရတဲ့ အထိအောင်မြင်မှုတွေကို ရရှိထားပါတယ်။ မင်းသွေးခန့်ပါဝင်သရုပ်ဆောင်ထားတဲ့” ကြိမ်နှုန်း”ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင်လည်း ပရိသတ်အားပေးမှုတွေကို အခိုင်အမာရရှိခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ တက်သစ်စသရုပ်ဆောင်တစ်ယောက်နဲ့မတူအောင် ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ကျရာဇာတ်ကောင်ပိုင်းကနေ ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့တာကြောင့် လက်ရှိမှာအောင်မြင်မှုတွေကို ဆက်တိုက်ရရှိနေတာဖြစ်ပါတယ်။
Source:Min Thway Khant
ချစ်သဲမေ CeleGabar