You are here
Home > Facebook သတင်းစုံ > အမှုဖွင့် ခံရမှုနဲ့ ပတ်သက်ပြီး အလွတ်ကြီးပါ ရင်ခုန်ဖွယ်မကောင်း ဟု သက္ကမိုးညို ဆို

အမှုဖွင့် ခံရမှုနဲ့ ပတ်သက်ပြီး အလွတ်ကြီးပါ ရင်ခုန်ဖွယ်မကောင်း ဟု သက္ကမိုးညို ဆို

သမီးလေးဖခင်၊ သမီးလေး ဦးလေး၊ အဒေါ် တို့ကနေ လက်ကိုင်ဖုန်းနဲ့ ရိုက်ကူးပြီး တရားရုံးမှာ တင်သွင်းခဲ့တာ (တရားဥပဒေနှင့်မညီ သည့် သက်သေခံချက်များကို တင်သွင်းပြုလုပ်ခဲ့သဖြင့် ဆိုပြီးတော့) ၊ သတင်းမီဒီယာများအား တရားလိုရှေ့နေနှင့် တရားခံရှေ့နေတို့မှ ဖြေကြားခဲ့တာ၊ ဒေါက်တာ ဝင်းကိုကိုသိန်း မှလည်း ၁၄.၉.၂၀၁၉ ရက်နေ့ ၁၉၃၀ ချိန် စတုတ္ထရုံးချိန်းဆိုသော ခေါင်းစဉ်ဖြင့် အဆိုပါ ဗီဒီယိုဖိုင် အကြောင်းအား ၎င်း၏လူမှုကွန်ရက် စာမျက်နှာ တွင် ရေးသားဖော်ပြခဲ့တာကြောင့် သား(၂)ဦး၏ ဂုဏ်သိက္ခာကို ကျဆင်းစေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားစေခြင်း၊ လူ့ပတ်ဝန်းကျင်၌ အရှက် ရစေခြင်းများ ဖြစ်ပေါ်စေသဖြင့်ဆိုပြီး

ကျောင်းအုပ်ချုပ်ရေးမှူးကနေ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က)(၂) ဖြင့် ပတ္တာနယ်မြေ ရဲစခန်းတွင် (၂၆.၉.၂၀၁၉) နေ့တွင် ပထမသတင်းပေး တိုင်ကြားချက် အမှတ် (ပ) ၁၀၅/၂၀၁၉ ဖြင့် အမှုဖွင့် ထားကြောင်း..

ထို ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁(က)(၂) ဟာ ထိုဥပဒေပုဒ်မ ၉၆ ပုဒ်မခွဲ (ဃ) ပါ ပြဌာန်းချက်များကို ဖောက်ဖျက်ခြင်းကြောင့် ကျခံရမည့် ပြစ်ဒဏ်များကို ဖေါ်ပြထားတာ ဖြစ်ပြီး ထို ပုဒ်မ ၉၆(ဃ) တွင် ဖေါ်ပြထားတာက

“မည်သူမျှ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသောကလေးသူငယ် သို့မဟုတ် မှုခင်းတွင် သက်သေ အဖြစ်ပါဝင်နေသော ကလေးသူငယ်သည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် မှုခင်းသတင်းအချက်အလက်များ ရယူခြင်း၊ ထည့်သွင်းခြင်းနှင့် ကြော်ငြာခြင်း၊ ကလေးသူငယ်ကို ဓာတ်ပုံရိုက်ခြင်း၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နှင့် စာအုပ်စာတမ်းများတွင် ထည့်သွင်းခြင်း၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နှင့် စာအုပ်စာတမ်း များတွင်ထည့်သွင်းခြင်း၊ ဖြန့်ချိခြင်း၊ အသုံးပြုခြင်းမပြုရ သို့မဟုတ် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် လူမှု ဆက်သွယ်ရေးနည်းလမ်းများတွင် ထုတ်လွှင့်ခြင်းမပြုရ။” လို့ ပါရှိကြောင်း

ဒီနေရာမှာ ခွဲပြောရပါမယ်။ သမီးလေး ဖခင်၊ ဦးလေး နဲ့ အဒေါ်ဟာ ဘယ်မီဒီယာ၊ ဘယ် ရုပ်သံမှာမှ ဖေါ်ပြခဲ့တာ မဟုတ်ပဲ အမှုမှန်ပေါ်ပေါက်ရေးအတွက် တရားရုံးမှာ တရားဝင် တင်သွင်းခဲ့တာ ဖြစ်ပြီး တရားရုံးကလည်း သက်သေခံ (ဂ) အနေနဲ့ တရားဝင် လက်ခံခဲ့တာ ဖြစ်ပါတယ်။ ဥပဒေနဲ့ မလျော်ညီပဲ တင်သွင်းတာ ဆိုရင် တရားရုံးက လက်ခံမှာ မဟုတ်ပါဘူး။ ဥပဒေအရ လျော်ညီလို့ တရားရုံးက လက်ခံတဲ့အပြင် သမီးငယ်က တရားဝင် သက်သေထွက်ရာမှာလည်း ထည့်သွင်း မေးမြန်းပြီး ဖြစ်ပါတယ်။ ဒါကြောင့် တရားဥပဒေနဲ့ အညီ တင်သွင်းခဲ့တယ် ဆိုတာ သိသာကြောင်း

တရားခံရှေ့နေ၊ တရားလို ရှေ့နေတွေကလည်း ကလေးသူငယ်တွေ မည်သူမည်ဝါ ဖြစ်ကြောင်း အမည်တပ် ဖေါ်ပြတာ မဟုတ်ပဲ အများဆိုင်နာမ်တွေပဲ သုံးပြီး ဖြေကြားခဲ့တာပါ။ အုပ်ချုပ်ရေးမှူးရဲ့ သားနှစ်ယောက် အိမ်နာမည်ရော၊ ကျောင်းနာမည်ရော ရှေ့နေတွေက သုံးစွဲခဲ့ခြင်း မရှိသလို ဘယ်သူဘယ်ဝါ သားတွေပါ ဆိုပြီးလည်း ဖေါ်ပြခဲ့ခြင်း မရှိပါဘူး။ အမှုစတင်ကတည်းက အမှုတွဲဖိုင်မှာ သက်သေအဖြစ် ပါဝင်သူ ကလေးနှစ်ယောက် အမည်တွေကို သိရှိပြီး ဖြစ်ပေမယ့် အခုအထိ ဘယ်သူမှ ဒီနာမည်တွေကို ထုတ်ပြောခဲ့တာ မရှိခဲ့ကြောင်း

ဒီဖြစ်စဉ်ဟာ ဒီလောက်ကြီး စိတ်ဝင်စားစရာ မရှိလှပါဘူး။ အလွတ်ကြီးပါ။ ရင်ခုန်ဖွယ်လည်း မကောင်းလှကြောင်း တင်ပြထားခဲ့ပါတယ်။

ထို့နောက်မှာ “စိတ်ဝင်စားတာ နှစ်ခုတော့ ရှိနေကြာင်း

၁- ရှေ့နေတွေကို တရားစွဲတဲ့နေရာမှာ ဇာတ်တူသား စားပြီး အုပ်ချုပ်ရေးမှူးအတွက် ရှေ့နေလိုက်ပေးမယ့် ရှေ့နေတွေက ဘယ်သူတွေ ဆိုတာရယ်

၂- နည်းဥပဒေတောင် မထွက်သေးတဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေမှာ မငြိတဲ့ အချက်တွေကို အသုံးချပြီးတော့ ဥပဒေအကြံပေးက တရားစွဲဆိုခွင့် ပြုမလားဆိုတာရယ်ပါပဲ ဆိုပြီး သက္ကမိုးညို ဆိုတဲ့ လူမှုကွန်ယက် စာမျက်နှာမှ တင်ပြထားခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ ကိစ္စများ ရေးသားတင်ပြထားပြီး နောက်တွင် သူရဲ့အကောင့်မှာ ကြော်ငြာများ ထည့်လို့ရကြောင်းအဖြစ် ဖြည့်စွပ်တင်ပြထားခဲ့ပါသေးတယ်။

အော်… ပြောစရာ ရှိတာက…. ကျွန်တော့် အကောင့်မှာ ကြော်ငြာတွေ ထည့်လို့ ရနေပြီနော်။ အခုအချိန်က လူစိတ်ဝင်စားနေတာ။ အချိန်ကောင်းရယ် ဆိုပြီး လွန်ခဲ့တဲ့ (၄)နာရီ က တင်ပြထားတာကို တွေ့ရပါတယ်။

Credit – ApannPyay

Top
//woafoame.net/4/3018672