
ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူ အကယ်ဒမီ ခိုင်သင်းကြည်က အနုပညာလောကရဲ့ ကြယ်ပွင့်တစ်ယောက်ပါပဲ။ ပရိသတ်တွေက ခိုင်သင်းကြည်ကို သရုပ်ဆောင်ကောင်းလို့သာမကပဲ ပွင့်ပွင့်လင်းလင်း ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ အကျင့်စရိုက်ကြောင့် ချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ်။ ခိုင်သင်းကြည်က အသက်အရွယ် တစ်ခုရောက်သည့်တိုင် အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
မနေ့က စက်တင်ဘာလ (၂၇) ရက်နေ့ကတော့ အကယ်ဒမီ ခိုင်သင်းကြည်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်က မွေးနေ့မနက်ပိုင်းမှာတော့ ကောင်းမှုကုသိုလ်တွေ လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။
ညပိုင်းမှာတော့ ခိုင်သင်းကြည်က သူမရဲ့ ချစ်ရတဲ့ ပရိသတ်တွေ၊ မိသားစုဝင်တွေနဲ့အတူတူ ရွှေတိဂုံစေတီမှာ ဆီမီးကပ်လှူပူဇော်ခဲ့တာ ဖြစ်ပါတယ်။ပရိသတ်တွေအတွက် ခိုင်သင်းကြည်ရဲ့ မွေးနေ့အမှတ်တရ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။
ခိုင်သင်းကြည်က အသက်တစ်နှစ်ပြီးတစ်နှစ် အသက်တွေကြီးလာပေမယ့် စိတ်ပျိုတာကြောင့် ဘယ်အချိန်ကြည့်ကြည့် လူငယ်လေးလို နုပျိုလန်းဆန်းနေတာပဲဖြစ်ပါတယ်။
ခိုင်သင်းကြည်ကတော့ သူမရဲ့ မွေးနေ့လေးကို ချစ်ခင်ရသူတွေနဲ့ ကုသိုလ်တွေလုပ်ရင်း ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ပါတယ်။
Rowena
Source: Bella