
ပရိသတ်ကြီးရေ အကယ်ဒမီအိန္ဒြာကျော်ဇင်ကတော့ မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီး ပြည်သူ့မေတ္တာကိုခံယူထားတဲ့အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ရဲ့ချစ်ခင်ပွန်း ပြေတီဦးကလည်း အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ဇနီးမောင်နှံနှစ်ယောက်ကတော့ နေနဲ့လရွှေနဲ့မြလို့ ရှေ့သွားနောက်လိုက်ညီပါတယ်နော်။
Photo Credit:Eaindra Kyaw Zin’s Page
Photo Credit:Eaindra Kyaw Zin’s Page
Photo Credit:Eaindra Kyaw Zin’s Page
အိန္ဒြာကျော်ဇင်နဲ့ပြေတီဦးတို့က သမီးတစ်ယောက် သားတစ်ယောက်ကို မွေးဖွားထားကြပြီး ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားကြတာဖြစ်ပါတယ်။ယနေ့အချိန်ထိလည်း ဇနီးမောင်နှံနှစ်ယောက်လုံးက အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်တွေကလည်း အားပေးချစ်ခင်နေဆဲဖြစ်ပါတယ်
Photo Credit:Eaindra Kyaw Zin’s Page
Photo Credit:Eaindra Kyaw Zin’s Page
Photo Credit:Eaindra Kyaw Zin’s Page
အိန္ဒြာကျော်ဇင်ကတော့ အနုပညာအလုပ်လည်းလုပ်ကိုင်တဲ့အပြင် ကိုယ်ပိုင်စီးပွားရေးလေးဖြစ်တဲ့”The Bridge”ကိုလည်း ကြိုးစားလုပ်ကိုင်နေတာပါ။ကလေးနှစ်ယောက်မွေးဖွားထားပေမယ့်လည်း အိန္ဒြာကျော်ဇင်ရဲ့လှပမှုတွေကတော့ နည်းနည်းလေးမှမလျော့သွားဘဲ အမြဲတမ်းစတိုင်ကျလှပနေတာကြောင့် သူမရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။
Photo Credit:Eaindra Kyaw Zin’s Page
Photo Credit:Eaindra Kyaw Zin’s Page
Photo Credit:Eaindra Kyaw Zin’s Page