You are here
Home > Health > အသည္္းေရာင္အသား၀ါ ဘီပိုးရွိိသူမ်ား အတြက္္ ျမန္မာ႔ေဆးနည္းမ်ား

အသည္္းေရာင္အသား၀ါ ဘီပိုးရွိိသူမ်ား အတြက္္ ျမန္မာ႔ေဆးနည္းမ်ား

အသည္္းေရာင္အသား၀ါ ဘီပိုးအတြက္ သဘာ၀ေဆးနည္္းမ်ား

အသည္္းေရာင္အသား၀ါ ဘီပိုးအတြက္ သဘာ၀ေဆးနည္းမ်ားကိုိ စုစည္း၍ က်န္းမာေရးသတင္းမ်ားမွ ျပန္လည္မွ်ေ၀ေပးလိုက္ပါတယ္။

ေဆးနည္္း(၁)

ျမန္မာ့ရိုိးရာသဘာ၀ေဆးနည္းမ်ားမွာေတာ့ ဘီပိုးအတြြက္ သခြတ္ပြင့္ဟာ ထင္ရွားပါတယ္။ သခြတ္ပင္၏ အပြင့္၊ အရြက္၊ အေခါက္တို့ကို ေဆးအျဖစ္ အသံုးျပဳႏိုင္ပါတယ္။

သခြတ္္၏ အေခါက္ႏွင့္ အရြက္တို့ကို အေျခာက္ခံထားျပီး ေျမအိုးႏွင့္ ေရ သံုးခြက္တစ္ခြက္ က်ိဳျပီး တစ္ေန့ကို လက္ဖက္ရည္ပန္းကန္ ၂ လံုးခန့္ ေသာက္ေပးနိုင္ပါတယ္္။ အရြြက္ႏွင့္အပြင့္တို့ကိုလည္း လက္ဖက္ေျခာက္ကဲ့သို့ ျပဳလုပ္၍ ေရေႏြးထဲ ထည့္ေသာက္ႏိုင္ပါတယ္။

အပြင့္ကို ျပဳတ္၍ တို့စရာအျဖစ္ စားသံုးႏိုင္ပါတယ္။ ကန္ဇြန္းရြက္တို့လို အသီးအရြတ္တို့နွင့္လည္း ေရာ၍ ေၾကာ္စားႏိုင္ပါတယ္။ သခြတ္ပင္္ဟာ ဘီပိုးေရာဂါတင္မကပဲ အသည္းေရာဂါမ်ားကိုပါ သက္သာေပ်ာက္ကင္းေစပါတယ္။

ေဆးနည္း(၂)

၁။ ဟင္းႏုုနယ္ ဆူးေပါက္ ပဥၥငါးပါးကို လက္တစ္ဆုပ္ခန့္္

၂။ ထန္းလ်က္္ ၁ က်ပ္သား

၃။ သၾကား ၁ က်ပ္သား

၄။ ေရသန့္ ၁ ႏို့ဆီဗူး ၃ခြက္

၄င္းတို့ကို သံုးခြက္တစ္ခြက္တင္ က်ိဳ၍ မနက္တစ္ခြက္ ညတစ္ခြက္ျ္ဖင့္ တစ္ပတ္ခန့္ ေသာက္ေပးပါက သက္သာေပ်ာက္ကင္းေစပါတယ္။

ေဆးနည္း(၃)

စပလင္ ၃ ပင္ခန့္ကို ေရစင္ေအာင္ ေဆးေက်ာျပီး ေရ ၃ ခြက္ ၁ ခြက္တင္ေအာင္ က်ိဳ၍ လက္ဖက္ရည္ပန္းကန္ျဖင့္ မနက္၊ ေန့၊ ည တစ္ေန့ကို ၃ ၾကိမ္၊ ၁ ပတ္ခန့္ ေသာက္ေပးႏိုင္ပါတယ္။

သူ့ရဲ့အရသာက ခါးလိမ့္မည္။ ပူလိမ့္မည္။ သို့ေသာ္ ေငြေၾကးလည္း အကုန္အက်နည္းသည့္အျပင္ ေဆးစြမ္းလည္း အလြန္ထက္တာမို့ တေျဖးေျဖးေသာက္ေပးပါက ဘီပိုးေရာဂါသက္္သာေပ်ာက္ကင္းေစပါတယ္။

ေဆးနည္း(၄)

ရိုိးရာေဆးနည္းေတြထဲက ဘီပိုးအတြက္ ထင္ရွားျပီး လူသိမ်ားတဲ့ ေဆးနည္းတစ္မ်ိဳးကေတာ့ ဣႆရမူလီ အရြက္ ျဖစ္ပါတယ္။

အဂၤလိပ္လို The Indian Brithwort (Atistolochia indica) လို့ေခၚျပီး ရွမ္းဘာသာကေတာ့ ၀မ္လီႏုတ္ယး(၀၊ခေ္လီခေူဂ့္ယု္း*) လုိ႔ေခၚပါတယ္။ တရုတ္အေခၚကေတာ့ ခံု႔ေရွာ့တန္း လုိ႔ေခၚတယ္။

အပင္ကေတာ့ အႏြယ္ပင္မ်ိဳး၊ ပန္းအိုး ျခံစည္းရိုးတို့မွာလည္း အလြယ္တကူ စိုက္ႏိုင္ပါတယ္။ ရန္ကုန္ႏွင့္ လားရွိဳးျမိဳ့တို့မွာ ရႏိုင္တယ္လို့ သိရပါတယ္။ ေရာင္က အစိမ္းေရာင္ကို အျဖဴအနည္းငယ္သန္းပါတယ္။၊ အရသာကေတာ့ ကြမ္းရြက္ကဲ့သို့ ဖန္သလိုလို၊ ရွိန္းသလိုလို ရွိပါတယ္။

၁။ ဣႆရမူလီ အရြက္ကို အစိမ္းလုိက္ ၀ါးစားျပီးလွ်င္ ေရေသာက္လိုက္ပါ။

၂။ အရြက္ကိုိ ေရသံုးခြက္ တစ္ခြက္တင္ က်ိဳ၍ ေသာက္ႏိုင္ပါတယ္။

၃။ အရြက္ကို လက္ဖက္ေျခာက္ကဲ့သို့ အေျခာက္လန္း၍ ေရေႏြးလုပ္ျပီး ေသာက္ေပးႏိုင္ပါတယ္။

ဣႆရမူလီ အရြက္ကို ၃ လခန့္ ေသာက္သံုးေပးပါက ဘီပိုးေရာဂါ သက္သာေပ်ာက္ကင္းသြားပါလိမ့္မည္။

(B ပိုး) ရွိသူမ်ား ေရွာင္သင့္ေသာ အစားအစာမ်ား

၁။ အရက္ ေရွာင္ပါ။

၂။ ငရုတ္သီးႏွင့္ ငရုတ္ေကာင္းကို ေရွာင္ပါ။

၃။ ဆီေၾကာ္မုန့္မ်ားကို ေရွာင္ပါ။

၄။ ကဖင္းဓါတ္မ်ားကို ေရွာင္ပါ။

၅။ ဒိန္ခဲကို ေရွာင္ပါ။

၄င္း အစားအစာ (၅)မ်ိဳးဟာ ေရာဂါကို ပိုမိုဆိုး၀ါးေစႏိုင္သည့္အတြက္ ေရွာင္ၾကဥ္သင့္ပါတယ္။

(သင့္မိတ္ေဆြမ်ားကို Share လုပ္ေပးျခင္းျဖင့္ ေဘသဇၨဒါန (ေဆးအလွဴ) အျဖစ္ ကုသုိလ္ယူႏိုင္ၾကပါတယ္)

ေစာႏြဲဲ႔ ေနဆိုင္(ပူတာအို) စုစည္း၍ မွ်ေ၀ပါသည္။ကိုးကား ။ ။ ျမန္္မာ့ေဆးနည္းမ်ား

Unicode Version ဖြင့် ဖတ်ပါ
★★★

အသည်းရောင်အသားဝါ ဘီပိုးအတွက် သဘာဝဆေးနည်းများ

အသည်းရောင်အသားဝါ ဘီပိုးအတွက် သဘာဝဆေးနည်းများကို စုစည်း၍ ကျန်းမာရေးသတင်းများမှ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဆေးနည်း(၁)

မြန်မာ့ရိုးရာသဘာဝဆေးနည်းများမှာတော့ ဘီပိုးအတွက် သခွတ်ပွင့်ဟာ ထင်ရှားပါတယ်။ သခွတ်ပင်၏ အပွင့်၊ အရွက်၊ အခေါက်တို့ကို ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

သခွတ်၏ အခေါက်နှင့် အရွက်တို့ကို အခြောက်ခံထားပြီး မြေအိုးနှင့် ရေ သုံးခွက်တစ်ခွက် ကျိုပြီး တစ်နေ့ကို လက်ဖက်ရည်ပန်းကန် ၂ လုံးခန့် သောက်ပေးနိုင်ပါတယ်။ အရွက်နှင့်အပွင့်တို့ကိုလည်း လက်ဖက်ခြောက်ကဲ့သို့ ပြုလုပ်၍ ရေနွေးထဲ ထည့်သောက်နိုင်ပါတယ်။

အပွင့်ကို ပြုတ်၍ တို့စရာအဖြစ် စားသုံးနိုင်ပါတယ်။ ကန်ဇွန်းရွက်တို့လို အသီးအရွတ်တို့နှင့်လည်း ရော၍ ကြော်စားနိုင်ပါတယ်။ သခွတ်ပင်ဟာ ဘီပိုးရောဂါတင်မကပဲ အသည်းရောဂါများကိုပါ သက်သာပျောက်ကင်းစေပါတယ်။

ဆေးနည်း(၂)

၁။ ဟင်းနုနယ် ဆူးပေါက် ပဉ္စငါးပါးကို လက်တစ်ဆုပ်ခန့်

၂။ ထန်းလျက် ၁ ကျပ်သား

၃။ သကြား ၁ ကျပ်သား

၄။ ရေသန့် ၁ နို့ဆီဗူး ၃ခွက်

၎င်းတို့ကို သုံးခွက်တစ်ခွက်တင် ကျို၍ မနက်တစ်ခွက် ညတစ်ခွက်ြ်ဖင့် တစ်ပတ်ခန့် သောက်ပေးပါက သက်သာပျောက်ကင်းစေပါတယ်။

ဆေးနည်း(၃)

စပလင် ၃ ပင်ခန့်ကို ရေစင်အောင် ဆေးကျောပြီး ရေ ၃ ခွက် ၁ ခွက်တင်အောင် ကျို၍ လက်ဖက်ရည်ပန်းကန်ဖြင့် မနက်၊ နေ့၊ ည တစ်နေ့ကို ၃ ကြိမ်၊ ၁ ပတ်ခန့် သောက်ပေးနိုင်ပါတယ်။

သူ့ရဲ့အရသာက ခါးလိမ့်မည်။ ပူလိမ့်မည်။ သို့သော် ငွေကြေးလည်း အကုန်အကျနည်းသည့်အပြင် ဆေးစွမ်းလည်း အလွန်ထက်တာမို့ တဖြေးဖြေးသောက်ပေးပါက ဘီပိုးရောဂါသက်သာပျောက်ကင်းစေပါတယ်။

ဆေးနည်း(၄)

ရိုးရာဆေးနည်းတွေထဲက ဘီပိုးအတွက် ထင်ရှားပြီး လူသိများတဲ့ ဆေးနည်းတစ်မျိုးကတော့ ဣဿရမူလီ အရွက် ဖြစ်ပါတယ်။

အင်္ဂလိပ်လို The Indian Brithwort (Atistolochia indica) လို့ခေါ်ပြီး ရှမ်းဘာသာကတော့ ဝမ်လီနုတ်ယး(ဝ၊ခေ်လီခေူဂ့်ယု်း*) လို့ခေါ်ပါတယ်။ တရုတ်အခေါ်ကတော့ ခုံ့ရှော့တန်း လို့ခေါ်တယ်။

အပင်ကတော့ အနွယ်ပင်မျိုး၊ ပန်းအိုး ခြံစည်းရိုးတို့မှာလည်း အလွယ်တကူ စိုက်နိုင်ပါတယ်။ ရန်ကုန်နှင့် လားရှိုးမြို့တို့မှာ ရနိုင်တယ်လို့ သိရပါတယ်။ ရောင်က အစိမ်းရောင်ကို အဖြူအနည်းငယ်သန်းပါတယ်။၊ အရသာကတော့ ကွမ်းရွက်ကဲ့သို့ ဖန်သလိုလို၊ ရှိန်းသလိုလို ရှိပါတယ်။

၁။ ဣဿရမူလီ အရွက်ကို အစိမ်းလိုက် ဝါးစားပြီးလျှင် ရေသောက်လိုက်ပါ။

၂။ အရွက်ကို ရေသုံးခွက် တစ်ခွက်တင် ကျို၍ သောက်နိုင်ပါတယ်။

၃။ အရွက်ကို လက်ဖက်ခြောက်ကဲ့သို့ အခြောက်လန်း၍ ရေနွေးလုပ်ပြီး သောက်ပေးနိုင်ပါတယ်။

ဣဿရမူလီ အရွက်ကို ၃ လခန့် သောက်သုံးပေးပါက ဘီပိုးရောဂါ သက်သာပျောက်ကင်းသွားပါလိမ့်မည်။

(B ပိုး) ရှိသူများ ရှောင်သင့်သော အစားအစာများ

၁။ အရက် ရှောင်ပါ။

၂။ ငရုတ်သီးနှင့် ငရုတ်ကောင်းကို ရှောင်ပါ။

၃။ ဆီကြော်မုန့်များကို ရှောင်ပါ။

၄။ ကဖင်းဓါတ်များကို ရှောင်ပါ။

၅။ ဒိန်ခဲကို ရှောင်ပါ။

၎င်း အစားအစာ (၅)မျိုးဟာ ရောဂါကို ပိုမိုဆိုးဝါးစေနိုင်သည့်အတွက် ရှောင်ကြဉ်သင့်ပါတယ်။

(သင့်မိတ်ဆွေများကို Share လုပ်ပေးခြင်းဖြင့် ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူနိုင်ကြပါတယ်)

စောနွဲ့ နေဆိုင်(ပူတာအို) စုစည်း၍ မျှဝေပါသည်။ကိုးကား ။ ။ မြန်မာ့ဆေးနည်းများ

Top
//grunoaph.net/4/3018672