
အလုပ္ႏွင့္ ပတ္သက္ၿပီး ေဆြးေႏြးပြဲေတြ၊ အင္တာဗ်ဳးေတြ ေတြ႔ရတဲ့အခါမွာ လူတိုင္းလိုလို စိတ္ပူမိၾကတာက ခံတြင္းက အန႔ံဆိုးေတြ ထြက္မွာကိုပါပဲ။
ခံတြင္း အနံ႔ဆိုးေတြ ထြက္ေပၚေနမႈက ျဖစ္ေလ့ျဖစ္ထရွိတဲ့ ခံတြင္း က်န္းမာေရး ျပႆနာပဲျဖစ္တာေၾကာင့္ အၿမဲလိုလို အိမ္သာထဲမွာ ျဖစ္ျဖစ္ ခံတြင္း အနံ႔ေပ်ာက္ေဆးမ်ားကို ပလုတ္က်င္းေလ့ရွိၾကပါတယ္။
ဒါေပမယ့္ ေစ်းကြက္ထဲမွာ ေရာင္းခ်ေနတဲ့ ဒီပစၥည္းမ်ားက အေရာင္ဆိုးေဆးေတြ၊ ဓာတုပစၥည္းမ်ား အသံုးျပဳကာ ထုုတ္လုပ္ထားတာေၾကာင့္ သဘာ၀ နည္းလမ္းေလာက္ေတာ့ ေဘးထြက္ဆိုးက်ိဳး နည္းမွာ မဟုတ္ပါဘူး။
ဒီ ဓာတုပစၥည္းမ်ားႏွင့္ လုပ္ထားတဲ့ ခံတြင္း ပလုပ္က်င္းရသည့္ ပစၥည္းမ်ားကလည္း နာရီေပါင္းမ်ားစြာ ၾကာျမင့္ေအာင္ အနံ႔ေပ်ာက္ကင္းေအာင္ မလုပ္ေဆာင္ႏိုင္ပါဘူး။
တခ်ိဳ႕ပါ၀င္ပစၥည္းမ်ားကလည္း ခံတြင္း ကင္ဆာႏွင့္ ဆက္စပ္ေနတယ္လို႔ သုေတသန ျပဳခ်က္ေတြက ဆိုထားပါတယ္။ သဘာ၀နည္းလမ္းႏွင့္ ခံတြင္း အန႔ံဆိုးေတြ ေပ်ာက္ေစဖို႔ ေအာက္ပါနည္းလမ္း အတိုင္း လုပ္ေဆာင္ႏိုင္ပါတယ္။
ပါ၀င္ပစၥည္းမ်ား
သံပုရာသီး ၂ လံုး သစ္ၾကားပိုးေခါက္အမႈန္႔ စားပြဲတင္ဇြန္း တစ္၀က္ မုန္႔ဖုတ္ ဆိုဒါ လက္ဖက္ရည္ဇြန္း တစ္ဇြန္း
ပ်ားရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းခြဲ ေရေႏြး ေႏြးေႏြးေလး တစ္ခြက္
ျပဳလုပ္ရမည့္ နည္းလမ္း
သစ္ၾကားပိုးေခါက္ အမႈန္႔ကို ခြက္တစ္ခြက္ထဲ ထည့္ၿပီး၊ သံပုရာသီး ၂လံုးကို ညွစ္ထည့္လိုက္ပါ။ ပ်ားရည္ထည့္ၿပီး ေမႊလိုက္ပါ။ ေရေႏြး ေႏြးေႏြးေလး တစ္ခြက္ကို ခြက္ထဲထည့္ၿပီး သမေအာင္ ေမႊလိုက္ပါ။
အဲ့ဒီေနာက္ တစ္ခါ ပလုတ္က်င္းရင္ စားပြဲတင္ဇြန္း ၂ ဇြန္းစာ ေဖ်ာ္ရည္ကို ပါးစပ္ထဲ တစ္မိနစ္ေလာက္ ငံုၿပီး ပလုတ္က်င္းပါ။ အဲ့ဒါဆိုရင္ေတာ့ ခံတြင္းအနံ႔ဆိုးေတြ ေပ်ာက္ၿပီး စိတ္လန္းဆန္းတက္ၾကြလာမွာ ျဖစ္ပါတယ္။
Unicode
အလုပ်နှင့် ပတ်သက်ပြီး ဆွေးနွေးပွဲတွေ၊ အင်တာဗျုးတွေ တွေ့ရတဲ့အခါမှာ လူတိုင်းလိုလို စိတ်ပူမိကြတာက ခံတွင်းက အနံ့ဆိုးတွေ ထွက်မှာကိုပါပဲ။
ခံတွင်း အနံ့ဆိုးတွေ ထွက်ပေါ်နေမှုက ဖြစ်လေ့ဖြစ်ထရှိတဲ့ ခံတွင်း ကျန်းမာရေး ပြဿနာပဲဖြစ်တာကြောင့် အမြဲလိုလို အိမ်သာထဲမှာ ဖြစ်ဖြစ် ခံတွင်း အနံ့ပျောက်ဆေးများကို ပလုတ်ကျင်းလေ့ရှိကြပါတယ်။
ဒါပေမယ့် ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ဒီပစ္စည်းများက အရောင်ဆိုးဆေးတွေ၊ ဓာတုပစ္စည်းများအသုံးပြုကာ ထုတ်လုပ်ထားတာကြောင့် သဘာဝနည်းလမ်းလောက်တော့ ဘေးထွက်ဆိုးကျိုး နည်းမှာ မဟုတ်ပါဘူး။
ဒီ ဓာတုပစ္စည်းများနှင့် လုပ်ထားတဲ့ ခံတွင်း ပလုပ်ကျင်းရသည့် ပစ္စည်းများကလည်း နာရီပေါင်းများစွာကြာမြင့်အောင် အနံ့ပျောက်ကင်းအောင် မလုပ်ဆောင်နိုင်ပါဘူး။
တချို့ပါဝင်ပစ္စည်းများကလည်း ခံတွင်း ကင်ဆာနှင့် ဆက်စပ်နေတယ်လို့ သုတေသန ပြုချက်တွေက ဆိုထားပါတယ်။ သဘာဝနည်းလမ်းနှင့် ခံတွင်း အနံ့ဆိုးတွေ ပျောက်စေဖို့ အောက်ပါနည်းလမ်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
သံပုရာသီး ၂ လုံး သစ်ကြားပိုးခေါက်အမှုန့် စားပွဲတင်ဇွန်း တစ်ဝက် မုန့်ဖုတ် ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ ရေနွေး နွေးနွေးလေး တစ်ခွက်
ပြုလုပ်ရမည့် နည်းလမ်း
သစ်ကြားပိုးခေါက် အမှုန့်ကို ခွက်တစ်ခွက်ထဲထည့်ပြီး၊ သံပုရာသီး ၂လုံးကို ညှစ်ထည့်လိုက်ပါ။ ပျားရည်ထည့်ပြီး မွှေလိုက်ပါ။ ရေနွေး နွေးနွေးလေး တစ်ခွက်ကို ခွက်ထဲထည့်ပြီး သမအောင် မွှေလိုက်ပါ။
အဲ့ဒီနောက် တစ်ခါ ပလုတ်ကျင်းရင် စားပွဲတင်ဇွန်း ၂ ဇွန်းစာ ဖျော်ရည်ကို ပါးစပ်ထဲ တစ်မိနစ်လောက် ငုံပြီး ပလုတ်ကျင်းပါ။ အဲ့ဒါဆိုရင်တော့ ခံတွင်းအနံ့ဆိုးတွေ ပျောက်ပြီး စိတ်လန်းဆန်းတက်ကြွလာမှာ ဖြစ်ပါတယ်။