
Source-Akone Thi
UNICODE
ပရိသတ်တွေက မခိုင်လေးလို့ ချစ်စနိုးခေါ်ဝေါ်ရတဲ့ ထပ်ဆင့်အကယ်ဒမီခိုင်သင်းကြည်ဟာဆိုရင် ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်စွာအိုင်တင်ထုတ်နိုင်တဲ့ သရုပ်ဆောင်တစ်ယောက်လို့ ပရိသတ်တွေကအသိအမှတ်ပြုထားကြပါတယ်။
မခိုင်လေးရဲ့အလှအပတွေကလည်း နှစ်တွေဘယ်လောက်ကြာကြာ အရင်တုန်းကလိုပဲ နုပျိုလန်းဆန်းတက်ကြွနေဆဲဖြစ်ပါတယ်။ပွင့်လင်းစွာပြောဆိုတတ်ပြီး သဘောကောင်းဖော်ရွေလွန်းတဲ့ မခိုင်လေးရဲ့ သွက်သွက်လက်လက်ပုံစံလေးတွေကို ပရိသတ်တွေက ချစ်နေရတာဖြစ်ပါတယ်။မခိုင်လေးက နွေးထွေးသာယာတဲ့မိသားစုဘဝလေးမှာ သမီးလေးရယ် ချစ်ခင်ပွန်းရယ်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာပါနော်။
မခိုင်လေးကတော့ အသက်တစ်နှစ်ထက်တစ်နှစ် ပိုပိုကြီးလာပေမယ့်လည်း နုငယ်ပျိုမျစ်တာတွေက ဘယ်တော့မှမကုန်ခမ်းသွားပါဘူးနော်။အခုဆိုရင်လည်းမခိုင်လေးရဲ့ ပျော်ရွှင်ဖွယ်မွေးနေ့အလှူအခမ်းအနားကို ယနေ့ ၂၇.၉.၂၀၁၉ ရက် တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ၊ ဓမ္မဝိဟာရပထမကျော်စာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မွေးနေ့အလှူအဖြစ် အလှူငွေသိန်း ၂၀ ကျပ် တိတိအား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့ပါသည်။