
ကျနော်တို့ မြန်မာလူမျိုးတွေဟာ ကူညီတတ်သနားကြင်နာတတ်ပြီး ပင်ကိုစိတ်ရင်းကောင်းတဲ့ သူတွေပါ သူတစ်ပါးအပေါ် ရက်စက်ယုတ်မာဖို့လည်း အတော်ဝန်လေးကြတာပါ ဒါပေမဲ့ ခေတ်ရေစီးကြောင်း အပြောင်းအလဲနဲ့ အတူ တချို့လူတွေရဲ့ စိတ်ဓာတ်တွေဟာ ရုတ်ရင်းကြမ်းတမ်းရက်စက်တဲ့ ဘက်ကို ပြောင်းလဲလာကြပါတယ် ခုဖြစ်ရပ်လေးကတော့ အဲလို လူမဆန်တဲ့သူတချို့ရဲ့ ရက်ရက်စက်စက် ကိုယ်ဝန်သည် မိန်းကလေးတစ်ဦးကို စွန့်ပစ်ခဲ့တဲ့ ဖြစ်ရပ်လေးပါပဲ…
လမ်းဘေးစွန့်ပစ်ခံရတဲ့ မိန်းကလေးက စကားမပြောတတ်ပါဘူး ဘယ်မှာ နေလဲ မေးတော့လည်း မဖြေနိုင်ပါဘူး ကိုယ်ဝန်ရနေတာ ၃ လရှိပြီလို့ သိရပါတယ် ဒီလို လမ်းဘေးလာပစ်သွားတာ တစ်လကျော်ပါပြီတဲ့ ပတ်ဝန်းကျင်က ပြောတာတော့ ညနေဆို သုံးဘီးတစ်စီးနဲ့ အစားအစာ လူကျွေးတယ်လို့ ပြောပါတယ် မိန်းကလေးမှာ ထမီတောင်မပါပါဘူး စာနာကူညီတတ်တဲ့ မိန်းကလေးတစ်ဦးက ဒီဖြစ်ရပ်လေးကိုတွေ့ပြီး ထမီတွေ ဝတ်ပေး ဗိုက်ဆာတယ်ပြောလို့ ထမင်းကြော်တောင် ဝယ်ကျွေးခဲ့တာတွေ့ရပါတယ်
အရမ်းစိတ်မကောင်းဖြစ်လွန်းလို့ ထမင်းနေ့တိုင်းလာကျွေးပါ့မယ်လို့ ဆိုပါတယ် သူလည်း ကယ်ချင်ပေမဲ့ ဘယ်လိုလုပ်ရမှန်းမသိလို့ ကူညီနိုင်သူတွေရှိအောင် အကူအညီတောင်းထားတာကိုလည်းတွေ့ရပါတယ် တကယ့်ကို သနားစဖွယ်ပါ ဘယ်လိုစိတ်ဓာတ်နဲ့ ကိုယ်ဝန်သည်ကို မှ ပစ်ထားရက်နိုင်ကြတာလည်း မသိပါဘူး အဲဒီအကြောင်းကို အောက်က ဗီဒီယိုလေးမှာ ကြည့်နိုင်ပါတယ် ဒီလို စွန့်ပစ်ခံ ကိုယ်ဝန်နဲ့ မိန်းကလေးတွေကို မခိုင်နှင်းဝေတို့လို ပရဟိတ အဖွဲ့တွေက ကူညီတတ်တာတွေ့ရလို့ ဒီဗီဒီယိုလေးတွေ့သွားရင် သိပ်ကောင်းမယ်ထင်ပါတယ်….
စွန့်ပစ်ရက်တဲ့ လူမဆန်တဲ့သူတွေ လောကကြီးမှာ ရှိသလို ကိုယ့်အပူမဟုတ်ပေမဲ့ ဝိုင်းဝန်းစာနာကူညီပေးတဲ့ လူမှုအသိုင်းအဝန်းလည်း ကျနော်တို့ မြန်မာပြည်မှာ ရှိသေးလို့ တော်ပါသေးတယ်လို့ ဆိုရမှာပါ အားလုံးပဲ တက်ညီလက်ညီ တတ်နိုင်သလောက်လေးကူညီကြရအောင်ဗျာ လူမဆန်တဲ့လူတွေ ဒီကမ္ဘာမြေကနေ ပပျောက်ပါစေဗျာ အောက်မှာ ဗီဒီယိုလေးကြည့်ပြီး ဘယ်လိုလုပ်ရမလဲ အကြံဉာဏ်ပေးခဲ့ကြပါအုံးနော်
ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ
Writer – HW (Shwe Yaung Lan)
Video Source :Noe Noe-Knowledge, Funny And Feelings