You are here
Home > အနုပညာ > ပရိသတ်တွေ မုန်းရင်တောင် ဇာတ်ကောင်အပေါ် သစ္စာရှိမှာပါဆိုတဲ့ လင်းနေ


For Zawgyi






Source – momolay tv

For Unicode

ပရိသတ်တွေ မုန်းရင်တောင် ဇာတ်ကောင်အပေါ် သစ္စာရှိမှာပါဆိုတဲ့ လင်းနေ

သရုပ်ဆောင် ဝါသနာပါတဲ့ သူတစ်ယောက်ဖြစ်ပြီး အနုပညာကျောင်းဆင်း တစ်ယောက်လဲ ဖြစ်တဲ့ လင်းနေဟာ မကြာခင်မှာ ရိုက်ကူးတော့မယ့် မြမြ ရုပ်ရှင်ဇာတ်ကားကြီးမှာ မုဒိမ်းကျင့်တဲ့ ဇာတ်ရုပ်နဲ့ ပါဝင် သရုပ်ဆောင်မှာ ဖြစ်ပါတယ် ။ အဲ့လို သရုပ်ဆောင်တဲ့ နေရာမှာ ပရိသတ်တွေ မုန်းမယ်ဆိုရင်တောင် ဇာတ်ကောင်အပေါ် သစ္စာရှိရှိနဲ့ အကောင်းဆုံး သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သူကပြောခဲ့ပါတယ် ။

ရခိုင်သားလေး လင်းနေဟာ ” စိတ်ခံစားချက်က ဘာလဲဆိုတော့ ဒီမြမြမှာ သူများမလုပ်ရဲတဲ့ နေရာကို ကျွန်တော်တို့ ဝင်လုပ်ရဲတယ်ဆိုထဲက ကျွန်တော်တို့မှာ တာဝန် ပိုကြီးတယ် ။ အဲ့အတွက် ဇာတ်ကောင်အပေါ်မှာဘဲ သစ္စာရှိရှိနဲ့ ကိုယ်ရတဲ့ နေရာတွေပေါ်မှာဘဲ ဒီဇာတ်ကားကောင်းဖို့အတွက် တစ်ဖက်တစ်လမ်း တစ်ထောင့်တစ်နေရာကနေ ပါဝင်သွားမယ် ဆိုတာ ပြောချင်ပါတယ် ။ ကျွန်တော်က အမှန်တိုင်း ပြောလို့ရှိရင် အနုပညာကို တော်တော်ရူးသွပ်တယ်ပေါ့ ”

”သရုပ်ဆောင် အထူးပြုနဲ့ အနုပညာ ကျောင်းဆင်းတစ်ယောက်ပါ ။ ကျွန်တော့ကို လူမသိဘူးဗျ ၊ ဒီပညာပေးဇာတ်မှာ ကျွန်တော့ဇာတ်ကောင် မုန်းပါစေဗျာ အပြင်မှာ ကျွန်တော့ကို ကျွန်တော် ရိုးသားတယ်လို့ ခံစားရတယ်ဗျာ မုန်းသွားရင်တောင် ဇာတ်ကောင်မှာ အပေါ်သစ္စာရှိတာဖြစ်လို့ အနုပညာ ဖန်တီးမှု တစ်ခုအဖြစ်နဲ့သာ ကြည့်ပြီး အားပေးပါလို့ ပြောချင်ပါတယ် ”

”မိသားစုကတော့ ကျွန်တော့ဝါသနာကို သိတဲ့အတွက် ကြောင့် သူတို့ဘာမှ ပြောလို့လဲမရတာကြောင့် ပြောလဲမပြောဘူးပေါ့ ။ ကျွန်တော်ပေးဆပ် ကြိုးစားတဲ့အတိုင်း ပရိသတ်က နေရာတစ်ခု ပေးမယ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ် ။ မုဒိမ်းမှုဆိုတာက လူ့ဘောင်အဖွဲ့အစည်းမှာ လုံး၀ မဖြစ်သင့်တဲ့ အရာတစ်ခုပါ” လို့ ဆိုပြီးပြောပြခဲ့ပါတယ် ။ ဖတ်ရှု့ပေးတဲ့ ပရိသတ်အပေါင်းကို ကျေးဇူးအထူး တင်ရှိပါတယ် ။

Source – momolay tv

Top
//thefacux.com/4/3018672