
ဂ်ဴးျမစ္ကို ထမင္းဝိုင္းတြင္ ဟင္းရံအျဖစ္ စားေသာက္ေပးႏိုင္သည္။ သုပ္စားေပးျခင္း ၊ ခ်ဥ္ဟင္းခ်က္စားေပးျခင္း ၊သနပ္ျပဳလုပ္စားေပးျခင္း ၊ အစိမ္းအတိုင္း တို႔စား ေပးျခင္း အစရွိသည့္ ပုံစံမ်ားျဖင့္ စားေသာက္ေပးႏိုင္သည္။ အရသာအားျဖင့္ ခ်ိဳ ၊စပ္ ျဖစ္သည္။ ဂုဏ္သတိၱမွာ ေအးေစပါသည္။
တိုင္းရင္းေဆးဝါး အာနိသင္အက်ဥ္းခ်ဳပ္မွာ ေယာက္်ားတို႔တြင္ မ်ိဳးပြားလမ္းေၾကာင္း၌ ျဖစ္ေပၚခံစားရေသာ အိမ္မက္သုက္လႊတ္ေရာဂါ ၊ သုက္အားဆုတ္ယုတ္ေသာေရာဂါ ၊သုက္လႊတ္ျမန္ေရာဂါတို႔တြင္ ေဆးဝါးအျဖစ္အသုံးဝင္ေစသည္။
အထူးသျဖင့္ ေလအားနည္းျခင္း ၊အေၾကာအားနည္းျခင္း ၊ပန္းေသပန္းညိွဳးေရာ ဂါမ်ားတြင္ ဤေဆးပင္သည္မ်ားစြာအားထားေလာက္ေပသည္။ ျမန္မာႏိုင္ငံ၌ က်ယ္က်ယ္ျပန္႔ျပန္႔ စားသုံးေနၾကၿပီ ျဖစ္ပါသည္။
ဂ်ဴးျမစ္ႏွင့္ က်န္းမာေရး။ ။ ဂ်ဴးျမစ္ကို ရွမ္းျပည္နယ္တြင္ ေတာင္ႀကီးၿမိဳ႕နယ္၊ ဟိုပံုးၿမိဳ႕နယ္၊ပင္ေလာင္းၿမိဳ႕နယ္၊ ပင္းတယၿမိဳ႕နယ္ႏွင့္ ေနာင္တရားၿမိဳ႕နယ္ခဲြတို႔တြင္စိုက္ပ်ိဳးၾကသည္။
ဂ်ဴးျမစ္ကိုေႀကာ္၍လည္းေကာင္း၊ အတို႔အျမွဳပ္အျဖစ္လည္းေကာင္း၊ ခ်ဥ္ဟင္း ခ်က္၍လည္းေကာင္း၊ အသား၊ ပဲပုတ္တို႔ႏွင့္ေရာခ်က္၍လည္းေကာင္း စားသံုးၾကသည္။
ဂ်ဴးျမစ္ကို ေန႔စဥ္ ပံုမွန္စားသံုးျခင္းျဖင့္ ေသြးဖိအား ပံုမွန္ ျဖစ္ေစျခင္း၊ႏွလံုးေသြး လႊတ္ေၾကာဆိုင္ရာ ေရာဂါမ်ား၊ အယ္ဇိုင္းမားျဖစ္ျခင္းႏွင့္အိုမင္းရင့္ေရာ္ျခင္းကို ကာကြယ္ႏိုင္ျခင္း၊
ဘက္တီးရီးယား၊ ဗိုင္းရပ္စ္ႏွင့္မႈိေၾကာင့္ ျဖစ္ေသာ ေရာဂါမ်ား၊ အ႐ိုးပါးေရာဂါ၊ အဆုတ္ႏွင့္အူလမ္းေၾကာင္းကင္ဆာမ်ားကို ကာကြယ္ႏိုင္ျခင္း စသည့္ေကာင္းက်ိဳးမ်ား ရရွိေစပါသည္။
Unicode Version ဖြင့် ဖတ်ပါ
★★★
ဂျူးမြစ်ကို ထမင်းဝိုင်းတွင် ဟင်းရံအဖြစ် စားသောက်ပေးနိုင်သည်။ သုပ်စားပေးခြင်း ၊ ချဉ်ဟင်းချက်စားပေးခြင်း ၊သနပ်ပြုလုပ်စားပေးခြင်း ၊ အစိမ်းအတိုင်း တို့စား ပေးခြင်း အစရှိသည့် ပုံစံများဖြင့် စားသောက်ပေးနိုင်သည်။ အရသာအားဖြင့် ချို ၊စပ် ဖြစ်သည်။ ဂုဏ်သတ္တိမှာ အေးစေပါသည်။
တိုင်းရင်းဆေးဝါး အာနိသင်အကျဉ်းချုပ်မှာ ယောက်ျားတို့တွင် မျိုးပွားလမ်းကြောင်း၌ ဖြစ်ပေါ်ခံစားရသော အိမ်မက်သုက်လွှတ်ရောဂါ ၊ သုက်အားဆုတ်ယုတ်သောရောဂါ ၊သုက်လွှတ်မြန်ရောဂါတို့တွင် ဆေးဝါးအဖြစ်အသုံးဝင်စေသည်။
အထူးသဖြင့် လေအားနည်းခြင်း ၊အကြောအားနည်းခြင်း ၊ပန်းသေပန်းညှိုးရော ဂါများတွင် ဤဆေးပင်သည်များစွာအားထားလောက်ပေသည်။ မြန်မာနိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့် စားသုံးနေကြပြီ ဖြစ်ပါသည်။
ဂျူးမြစ်နှင့် ကျန်းမာရေး။ ။ ဂျူးမြစ်ကို ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ပင်လောင်းမြို့နယ်၊ ပင်းတယမြို့နယ်နှင့် နောင်တရားမြို့နယ်ခွဲတို့တွင်စိုက်ပျိုးကြသည်။
ဂျူးမြစ်ကိုကြော်၍လည်းကောင်း၊ အတို့အမြှုပ်အဖြစ်လည်းကောင်း၊ ချဉ်ဟင်း ချက်၍လည်းကောင်း၊ အသား၊ ပဲပုတ်တို့နှင့်ရောချက်၍လည်းကောင်း စားသုံးကြသည်။
ဂျူးမြစ်ကို နေ့စဉ် ပုံမှန်စားသုံးခြင်းဖြင့် သွေးဖိအား ပုံမှန် ဖြစ်စေခြင်း၊နှလုံးသွေး လွှတ်ကြောဆိုင်ရာ ရောဂါများ၊ အယ်ဇိုင်းမားဖြစ်ခြင်းနှင့်အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ခြင်း၊
ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့်မှိုကြောင့် ဖြစ်သော ရောဂါများ၊ အရိုးပါးရောဂါ၊ အဆုတ်နှင့်အူလမ်းကြောင်းကင်ဆာများကို ကာကွယ်နိုင်ခြင်း စသည့်ကောင်းကျိုးများ ရရှိစေပါသည်။